Tiktok ဆယ်လီ ဇော်ဝင်းမောင် ဖမ်းဆီးခံလိုက်ရ

Tiktok ဆယ်လီ ဇော်ဝင်းမောင် ဖမ်းဆီးခံလိုက်ရ

ဇူလိုင်လ ၂၆ ရက်နေ့ ညနေပိုင်းမှာ Tiktok ဆယ်လီ ဇော်ဝင်းမောင်ကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မန္တလေးမြို့ခံတွေကပြောဆိုနေကြပါတယ်။ဖမ်းဆီးခံရတဲ့ အကြောင်းရင်းကတော့ tiktok ဟာသ video တစ်ခုကြောင့်လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ tiktok ဟာသ video ထဲမှာမှာ လူငယ်တစ်ဦးကို လူ ၂ ယောက်ကဝိုင်းရိုက်နေစဥ် ကိုဇော်ဝင်းမောင်က သွားရောက် ကူညီပေးခဲ့ပြီး ရိုက်ခံရတဲ့ လူငယ်တစ်ဦးရဲ့ နာမည်ကိုမေးတဲ့အခါ “မင်းအောင်လှိုင်” လို့ ဖြေလိုက်တဲ့အတွက် သူပါဝင်ရိုက်လိုက်တဲ့ Tiktok ဟာသvideoကြောင့် ဖမ်းဆီးခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ tiktokဟာသ videoဟာ အာဏာသိမ်းကာစမှာ ရိုက်ကူးထားတဲ့ video တစ်ခုဖြစ်ပြီး နှစ်တွေအတော်ကြာနေခဲ့ပြီဖြစ်တဲ့ဟာသ video အဟောင်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဇူလိုင်လ ၂၆ ရက်နေ့ ညနေပိုင်းက မ‌န္တလေးမြို့ လမ်း ၄၀ ၊ ၈၂ လမ်းထောင့်ရှိ တက်တူးဆိုင်တွင် အင်အားအများအပြားဖြင့်ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

စကစတယ်လီဂရမ်ချန်နယ်တွေမှာ အဆိုပါ Tiktok ရုပ်သံနှင့်အတူ ကိုဇော်ဝင်းမောင်ကို ဖမ်းဆီးရန် လှုံဆော်ပြီး နာရီပိုင်းအကြာမှာ ယခုကဲ့သို့ ဝင်ရောက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။