စိန်ဝယ်မယ်ဆို မဖြစ်မနေသိထားရမည့်အချက်များ

စိန်ဝယ်မယ်ဆို မဖြစ်မနေသိထားရမည့်အချက်များ စိန် နဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေကြိုက်နှစ်သက်လို့ ဝယ်သည့်အခါ စိတ်အရည်အသွေးဘယ်လောက်ရှိသလဲ၊ဘယ်အရည်အသွေးဆို ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာသိရှိထားသင့်ပါတယ်။ မိမိက စိန်အကြောင်းနားမလည်တဲ့အခါ အရည်သွေးနိမ့်စိန်များကို မတန်တဆစျေးကြီးများနဲ့ ပေးလိုက်ရတဲ့ အဖြစ်မျိုးမကြုံရလေအောင် စိန်နဲ့ပတ်သတ်ပြီး သိသင့်သိထိုက်တာလေးများကို ဖော်ပြပေးလိုက်ပါတယ်။စိန်ဆိုတာနဲ့စိန်အရည်အသွေးသတ်မှတ်စျေးဖြတ်ဖို့ စံနှုန်းဖြစ်တဲ့ 4C ဆိုတာကြားဖူးကြမှာပါ (1) C – Carat ကာရက် ကလပ်(2)C – Color အရောင်(3)C …

စိန်ဝယ်မယ်ဆို မဖြစ်မနေသိထားရမည့်အချက်များ Read More

စတင်ဘာ (၁၂) ရက်နေ့ ယနေ့တိုင်းဒေသကြီးအသီးသီးရှိစက်သုံးဆီစျေးနှုန်းများ

စတင်ဘာ (၁၂) ရက်နေ့ ယနေ့တိုင်းဒေသကြီးအသီးသီးရှိစက်သုံးဆီစျေးနှုန်းများ စတင်ဘာလ (၁၂)ရက်နေ့ ယနေ့ စျေးကွက်အတွင်းမှာဖြစ်ပေါ်နေတဲ့တိုင်းဒေသကြီးအသီးသီးရှိစက်သုံးဆီစျေးနှုန်းများကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။ ရန်ကုန် 92 Ron 2365ကျပ် / 95 Ron 2470ကျပ်၊ဒီဇယ် 2990 ကျပ် / ပရီမီယမ် ဒီဇယ်3075ကျပ် နေပြည်တော်92 Ron 2405 ကျပ် / 95 Ron 2515 ကျပ်၊ဒီဇယ်3030ကျပ် …

စတင်ဘာ (၁၂) ရက်နေ့ ယနေ့တိုင်းဒေသကြီးအသီးသီးရှိစက်သုံးဆီစျေးနှုန်းများ Read More

ဆန်စျေးနှုန်းမြင့်တက်ရုံမက ဆန်ကွဲစျေးနှုန်းများလည်း မြင့်တက်လာပြီး အဝယ်များနေ

ဆန်စျေးနှုန်းမြင့်တက်ရုံမက ဆန်ကွဲစျေးနှုန်းများလည်း မြင့်တက်လာပြီး အဝယ်များနေ ပြည်တွင်း ဆန်စျေးနှုန်းများ မြင့်တက်လျှက်ရှိပြီး ဆန်ကွဲစျေးမှာလည်း အများကြီးတက်လာတယ်လို့သိရပါတယ်။ ရန်ကုန်မှာဇူလိုင်လနောက်ဆုံးအပတ်ကစတင်ပြီးဆန်ကွဲဝယ်လိုအားတွေကောင်းနေတဲ့အတွက်ဧရာဝတီတိုင်းဒေသကြီးကနေနေ့စဉ်ဆန်ကွဲတစ်တင်းခွဲအိတ်ရေ၁၀၀၀၀ ကျော်တင်ပို့နေရတယ်လို့ ပုသိမ်မြို့ရှိ ဆန်၊ စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်များအဖွဲ့ကနေသိရပါတယ်။ မြန်မာ့ဆန်ကွဲတွေကို ပြည်ပဝယ်လိုအားကောင်းနေတဲ့အတွက်ရန်ကုန်စျေးကွက်က၀ယ်ယူလာခြင်းဖြစ်ပြီးအရင်ကဆန်ကွဲတစ်တင်းခွဲတစ်အိတ်ကိုငွေကျပ် ၁၉၅၀၀သာစျေးရှိခဲ့ပေမယ့်ဇူလိုင်လတတိယအပတ်ကစတင်ကာ ဆန်ကွဲတစ်တင်းခွဲတစ်အိတ်ကိုငွေကျပ် ၂၅၅၀၀အထိစျေးကောင်းလာခဲ့တယ်လို့သိရပါတယ်။ အရင်က ဧရာဝတီတိုင်းဒေသကြီးကနေ ရန်ကုန်စျေးကွက်သို့ နေ့စဉ်ဆန်ကွဲတစ်ခွဲအိတ်ရေ ၁၅၀၀ အထိ သာတင်ပို့ရောင်းချနိုင်ခဲ့တာဖြစ်ပြီး လက်ရှိပြည်ပဝယ်လက်တွေကြောင့်ရန်ကုန်စျေးကွက်ကိုများစွာတင်ပို့လာနိုင်တယ်လို့ဆန်စပါးရောင်းဝယ်သူတွေကပြောပါတယ်။ ပြည်တွင်းမှာ ဆန်ကွဲကို ဘဲစာ၊ …

ဆန်စျေးနှုန်းမြင့်တက်ရုံမက ဆန်ကွဲစျေးနှုန်းများလည်း မြင့်တက်လာပြီး အဝယ်များနေ Read More

အချိန်မရွေးစားလို့ရတဲ့ မန်ကျည်းရွက်ချဥ်သိပ်နည်း

အချိန်မရွေးစားလို့ရတဲ့ မန်ကျည်းရွက်ချဥ်သိပ်နည်း မန်ကျည်းရွက်နုနုပေါတဲ့ ရာသီလေးမို့ ခုတလောခေတ်စားနေတာမို့မန်ကျည်းချဉ်သိပ်နည်းလေးပြောပြပေးလိုက်ပါတယ်။ခုကျမပြတဲ့နည်းကရေမပါဘဲဆားတစ်မျိုးတည်းနဲ့မန်ကျည်းရွက်ကိုနယ်ပြီးသိပ်တဲ့မန်ကျည်းချဉ်သိပ်နည်းပါ။ ပုလင်းနဲ့သိပ်သိပ်,စဉ့်အိုးနဲ့သိပ်သိပ်ရပါတယ်မန်ကျည်းရွက်ကိုဆားနဲ့နယ်ပြီးသိပ်ပြီးရင်ပုလင်း(သို့)စဉ့်အိုးကိုနေရောင် ခြည်တိုက်ရိုက်မကျတဲ့နေပူရှိန်ရတဲ့နေရာလေးမှာထားပေးပါ။သိပ်ပြီးတစ်ပတ်နေရင်မန်ကျည်းချဉ်စားလို့ရပါပြီ။ လိုသလောက်ကိုခြောက်သွေ့တဲ့ဇွန်းသန့်သန့်နဲ့ခပ်ယူပြီးအဖုံးပြန်အုပ်ထားပါ။မန်ကျည်းချဉ်ကိုကြက်သွန်နီပါးပါးလှီးထည့်ပြီးမြေပဲဆီစစ်စစ်များများထည့်ကာဟင်းချိုမှုန့်နဲ့သုပ်ပြီးထမင်းစားရင်ခံတွင်းမြိန်စေပါတယ်။ ငရုတ်သီးစိမ်းငရုတ်သီးအကြတ်မှုန့်မြေပဲဆန်ထောင်းပဲကျက်မှုန့်ပုစွန်ခြောက်မှုန့်စသဖြင့်မိမိနှစ်သက်ရာထည့်သုပ်လို့လည်ရပါတယ်။ပုစွန်ခြောက်မှုန့်ပုစွန်စိမ်းတို့နဲ့ရောကြော်စားလို့လဲရပါတယ်။မန်ကျည်းချဉ်ငါးပိကြော်လဲကြော်စားလို့ရပါတယ်။ ကြက်,ဝက်ဆိတ်ပုစွန်,ငါးအစရှိသဖြင့်မှာလည်းထည့်ချက်လို့ရပါတယ်။မှတ်ချက်ခုပြထားတာကလူကြီးတွေပါစားလို့ရအောင်မန်ကျည်းရွက်၁၅ကျပ်သားကိုဆား၁ကျပ်သားနှုန်းနဲ့ပါမန်ကျည်းရွက်၁၀သားကိုဆား၁ကျပ်သားနှုန်းနဲ့နယ်လည်းရပါတယ် မန်ကျည်းချဉ်ဖြစ်သွားပြီးရင်တော့ရေခဲသေတ္တာထဲတွင်သိမ်းဆည်းပြီး မိမိလိုသလို ကြော်ချက်ပြုတ် သုပ်စားနိုင်ပါသည်။ Source Bago Daw Htwe Yee

အချိန်မရွေးစားလို့ရတဲ့ မန်ကျည်းရွက်ချဥ်သိပ်နည်း Read More

ပြင်ဦးလွင်မြို့မှမြေလွတ်တွေကိုအကွက်ရိုက်ပြီး လိုင်းပေါ်ကနေ ကြေညာရောင်းချနေတာတွေကို အရေးယူသွားမယ်လို့ကြေညာ

ပြင်ဦးလွင်မြို့မှမြေလွတ်တွေကိုအကွက်ရိုက်ပြီး လိုင်းပေါ်ကနေ ကြေညာရောင်းချနေတာတွေကို အရေးယူသွားမယ်လို့ကြေညာ ပြင်ဦးလွင်မြို့နယ်နိမိတ်အတွင်းရှိမြေကွက်များနှင့်ပတ်သက်၍ယခုနောက်ပိုင်းကာလတွင်မြေယာလုပ်ပိုင်ခွင့်ရရှိသူများအနေဖြင့် ကွက်စိပ်ရိုက်ခြင်းကွန်ကရစ်တိုင်စိုက်ထူ၍ ခြံစည်းရိုးကာရံခြင်း၊အုတ်တံတိုင်းအခိုင်အမာပြုလုပ်ခြင်းများဆောင်ရွက်နေမှုများအပေါ် မြေအမျိုးအစားအလိုက်နိုင်ငံတော်မှခွင့်ပြုပေးထားသည့်စည်းကမ်းများအတိုင်းလိုက်နာဆောင်ရွက်ကြရန်နှင့်လိုက်နာခြင်းမရှိပါကသက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်းနှင့်ပြင်ဦးလွင်မြို့မှာရှိတဲ့မြေလွတ်၊မြေလပ်၊မြေရိုင်းတွေကိုကွက်စိတ်ရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေကနေတဆင့်ရောင်းချနေတာတွေကိုအရေးယူဆောင်ရွက်သွားမယ်လို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီက မေလ၄ရက်နေ့ယနေ့မှာနိုင်ငံပိုင်သတင်းစာမှ အသိပေးကြေညာထားသည်ကိုတွေ့ရသည်။ အိမ်ခြံမြေအကျိုးတော်ဆောင်တွေ၊ပွဲစားတွေကအဲ့ဒီမြေလွတ်မြေရိုင်းတွေကိုအစိုးရက ခွင့်ပြုပေးထားတဲ့အတိုင်း မဆောင်ရွက်ဘဲ အကွက်စိတ်တွေရိုက်ကာဈေးနှုန်းသက်သာစွာနဲ့ လူမှုကွန်ရက်တွေကနေတဆင့် ရောင်းချနေတာတွေက တရားမဝင်ဘူးလို့လည်း အဲ့ဒီကြေညာချက်မှာပြောထားပါတယ်။ ပုံစံ (၇) ရရှိထားပေမယ့် ပုံစံ (၇) ပါ စည်းကမ်းချက်တွေနဲ့မလုပ်ဘဲကျော်လွန်လုပ်ဆောင်နေတာ၊ …

ပြင်ဦးလွင်မြို့မှမြေလွတ်တွေကိုအကွက်ရိုက်ပြီး လိုင်းပေါ်ကနေ ကြေညာရောင်းချနေတာတွေကို အရေးယူသွားမယ်လို့ကြေညာ Read More

သရက်သီးတွေလှိုင်လှိုင်ပေါနေပြီဆိုတော့ သရက်သီးစိမ်းသနပ်လုပ်စားကြမယ်

သရက်သီးတွေလှိုင်လှိုင်ပေါနေပြီဆိုတော့ သရက်သီးစိမ်းသနပ်လုပ်စားကြမယ် ဒီနေ့တော့သူငယ်ချင်းတို့ကိုကျွန်မအဘွားဖြစ်သူရဲ့သရက်သီးသနပ်လုပ်နည်းလေးမျှဝေပါရစေ။အဘွားဆီကတဆင့်အမေကသင်ယူခဲ့ပြီးခုကျွန်မကအမေ့ဆီကနေပြန်လည်သင်ယူခဲ့တာပါ။ သရက်သီးသနပ် ပါဝင်ပစ္စည်း ၁။သရက်သီးစိမ်း-၄လုံး (အစေ့ယှက်ပြီးအရှည်လက်တဝါးစာအရွယ် စိုင်သီး (သို့)ရင်ကွဲသီး) ၂။ဆီ-၄၀ ကျပ်သား ၃။ဂျင်း-လက်တဆစ် ၄။ပဲနံ့သာစေ့-၁၂ (ထမင်းစားဇွန်း)ပဲနံ့သာစေ့အရသာမနှစ်သက်သူများ အခွံချွတ်ထားတဲ့မုန်ညင်းစေ့ကို အစားထိုးပြုလုပ်နိုင်ပါတယ်နော်။ ၅။ငရုတ်သီးအရောင်တင်မှုန့်-၁ ၁/၂ (ထမင်းစားဇွန်း) ၆။ဇီယာ-၁ ၁/၂ (ထမင်းစားဇွန်း) ၇။ဆား-၃(ထမင်းစားဇွန်း) ၈။ကြက်သွန်ဖြူ – ၅ကျပ်သား ပြုလုပ်နည်း ၁။သရက်သီးကိုအလုံးလိုက်ရေဆေးပြီးခြောက်အောင်အဝတ်နဲ့သုတ်ပါ။ပြီးရင်ထက်ခြမ်းခြမ်းပြီးတခြမ်းကို၈စိတ်စိတ်ပါ။ ၂။စိတ်ပြီးသားသရက်သီးကိုဇကာထဲထည့်ပြီးတနာရီလောက်လေသလပ်ခံထားပါ။ ၃။ပဲနံ့သာစေ့ကိုခဲသဲ့ရေဆေးသန့်စင်ပြီးနေပူထဲခြောက်သွေ့ပြီးကျွတ်အောင်လှန်းပါ။ဇီယာကိုလည်းသန့်စင်ပြီးနေလှန်းပါ။ …

သရက်သီးတွေလှိုင်လှိုင်ပေါနေပြီဆိုတော့ သရက်သီးစိမ်းသနပ်လုပ်စားကြမယ် Read More

ဆောင်းအေးအေးမှာ ပွင့်ထွက်သွားအောင် စားကြမယ် “ရေဘဝဲထောင်းနည်းနှင့် ပုဇွန်အစိမ်းထောင်းနည်း”

ဆောင်းအေးအေးမှာ ပွင့်ထွက်သွားအောင် စားကြမယ် “ရေဘဝဲထောင်းနည်းနှင့် ပုဇွန်အစိမ်းထောင်းနည်း” ဆောင်းအေးအေးလေးမှာ ပွင့်ထွက်သွားအောင် ချဥ်ချဥ်စပ်စပ်လေးထောင်းစားကြမယ်။မိမိအိမ်မှာ သန့်ရှင်းလတ်ဆတ်စွားထောင်းစားလို့ရအောင် ထောင်းနည်းလေးတွေ တင်ပေးလိုက်ပါသည်။ ရေဘဝဲထောင်းနည်းအတွက် ပါဝင်ပစ္စည်းများ ၁။ရေဘဝဲ ၂။ငရုတ်သီးအနီတောင့်(အနီတောင့်သုံးပေးမှ အရောင်လှတာပါ) ၃။ကြက်သွန်ဖြူအနည်း ၄။ထန်လျက်၁ခဲ ၅။ခရမ်းချဉ်သီး ၆။ဂျင်းအနည်းငယ် ၇။ထိုင်းငပိရည် ၈။ ငံပြာရည်အနည်းငယ် ၉။ပုဇွန်ခြောက်မှုန့်အနည်းငယ် (ဟင်းချိုမှုန့်သုံးက ထည့်နိုင်သည်) ၁၀။သံပုရာသီး ၁၁။မြေပဲလှော်အနည်းငယ်(ကြိုက်နှစ်သက်ကထည့်နိုင်သည်) ၁၂။ရှမ်းနံနံ(သို့) တရုတ်နံနံ …

ဆောင်းအေးအေးမှာ ပွင့်ထွက်သွားအောင် စားကြမယ် “ရေဘဝဲထောင်းနည်းနှင့် ပုဇွန်အစိမ်းထောင်းနည်း” Read More

တရိပ်ရိပ်တက်လာနေတဲ့ စက်သုံးဆီစျေး၊၁၈ သိန်းတန်းမှာတဝဲလည်နေတဲ့ ရွှေစျေးနှင့် ဒီဇင်ဘာ ၁၄ ရက်နေ့ရွှေစျေး စက်သုံးဆီစျေး၊ ငွေလဲနှုန်း၊ ကမ္ဘာ့ရွှေစျေး

တရိပ်ရိပ်တက်လာနေတဲ့ စက်သုံးဆီစျေး၊၁၈ သိန်းတန်းမှာတဝဲလည်နေတဲ့ ရွှေစျေးနှင့် ဒီဇင်ဘာ ၁၄ ရက်နေ့ရွှေစျေး စက်သုံးဆီစျေး၊ ငွေလဲနှုန်း၊ ကမ္ဘာ့ရွှေစျေး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့ အတွက် ပြည်တွင်း ရွှေစျေး၊ကမ္ဘာ့ရွှေစျေး၊ စက်သုံးဆီစျေးနှုန်းတို့ကိုဖော်ပြပေးလိုက်ပါတယ်။ ရန်ကုန်စျေးကွက်အတွင်း ၁၆ ပဲရည်အခေါက်ရွှေ တကျပ်သား အတွက် 1789000 ကျပ် အဖွင့်စျေးရှိပြီး ၁၅ ပဲရည်ပြည့်စပ်ရွှေ တကျပ်သား …

တရိပ်ရိပ်တက်လာနေတဲ့ စက်သုံးဆီစျေး၊၁၈ သိန်းတန်းမှာတဝဲလည်နေတဲ့ ရွှေစျေးနှင့် ဒီဇင်ဘာ ၁၄ ရက်နေ့ရွှေစျေး စက်သုံးဆီစျေး၊ ငွေလဲနှုန်း၊ ကမ္ဘာ့ရွှေစျေး Read More

ဖုန်းအော်ပရေတာအားလုံးရဲ့ အင်တာနက်နူန်းထားတွေ ဒီနေ့ကစပြီးစျေးတက်

ဖုန်းအော်ပရေတာအားလုံးရဲ့ အင်တာနက်နူန်းထားတွေ ဒီနေ့ကစပြီးစျေးတက် တယ်လီနော၊အော်ရီဒူး ၊MPT ၊မိုင်တယ်အပါအဝင် ဖုန်းအော်ပရေတာတွေအားလုံးကအင်တာနက်သုံးစွဲခနူန်းတွေကိုဒီနေ့ဒီဇင်ဘာ ၈ရက်ကစပြီးတိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ တယ်လီနောနဲ့ အော်ရီဒူးကအင်တာနက်ပက်ကေ့1 GB ကို 1990 ကျပ်အထိ စျေးနူန်းမြင့်တက်သွားတာဖြစ်ပြီး၊ MPTကလည်း 935 mb ကို 1799 ကျပ်အထိစျေးနူန်းမြင့်တက်သွားသလို မိုင်တဲက 512 mb ကို 968 ကျပ်အထိစျေးနူန်းမြင့်တက်သွားပြီဖြစ်ပါတယ်။ ” အရင်လို ၁၀၀၀ …

ဖုန်းအော်ပရေတာအားလုံးရဲ့ အင်တာနက်နူန်းထားတွေ ဒီနေ့ကစပြီးစျေးတက် Read More

မုန့်ခေါပြင်စိမ့်စိမ့်မွှေးမွှေးလေးလုပ်နည်း

မုန့်ခေါပြင်စိမ့်စိမ့်မွှေးမွှေးလေးလုပ်နည်း မြန်မာမုန့်ထဲမှာ အရသာစိမ့်စိမ့်အိအိမွှေးမွှေးလေးနဲ့အရမ်းစားကောင်းတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။လုပ်ရလွယ်ကူလို့လုပ်စားကြည့်ရလို့ရအောင် မျှဝေပေးလိုက်ပါတယ်။ ပါ၀င်ပစ္စည်းများ ၁။ကောက်ညှင်းမုန့် – ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး ၂။ဆား – လက်ဖက်ရည်ဇွန်း လေးပုံတပုံ ၃။ဆီ – အနည်းငယ် ၄။ရေ – ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးခွဲ မရှိတရှိ ၅။နှမ်းလှော် – နှစ်သက်သလောက် ၆။မြေပဲလှော်ထောင်း – နှစ်သက်သလောက် …

မုန့်ခေါပြင်စိမ့်စိမ့်မွှေးမွှေးလေးလုပ်နည်း Read More