မြေအကျယ်ကြီးမလို အိတ်ဖြင့်အလွယ်တကူ ကောက်ရိုးမှို စိုက်ပျိုးနည်း

မြေအကျယ်ကြီးမလို အိတ်ဖြင့်အလွယ်တကူ ကောက်ရိုးမှို စိုက်ပျိုးနည်း

မြေနေရာ အခက်အခဲရှိတဲ့သူတွေအတွက် မြေနေရာအများကြီးမလိုဘဲ ကောက်ရိုးမှိုစိုက်လို့ရတယ်နော်..ဘယ်လိုစိုက်ကြမလဲ ဆိုတာသိရှိစေဖို့ ဝေမျှပေးလိုက်ပါတယ်။

ကောက်ရိုးမှိုစိုက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့−

(၁)စပါးခွံ 12 တင်း

(၂)နွားချေး 4တင်း

(၃)ပုလဲ 50 သား

(၄)ထုံး 25 ကျပ်သား

(၅)မှိုမျိူး 10 ထုတ်

(၆) ဂျပ်10ပိသာ

(၇)ဖွဲနု နို့ဆီဗူး 3 ဗူး

(၈)ကောက်ညှင်း ဆန်မှုန့် 10 သား

ပြုလုပ်နည်း

၁။ပုလဲ 50သား ထုံး 25 ကျပ်သား အား ရေဖျော်ပါ စပါးခွံ 12တင်း နွားချေး 4တင်း အားရောသမအောင်မွေပါ။ပုလဲထုံးဖျော်ရည်ထဲသို့ စိမ်ပါတညခန့်စိမ်ပြီး နောက်တနေ့တွင် အိတ်ထဲသို့ သွပ်ပြီး စိုက်ပျိုးနိုင်ပါပြီ…။

၂။ဂျပ် 10ပိသာအားရေတစ်နာရီစိမ်ပြီး လက်ဝါး အရွယ်ခန့်စုပ်ဖြဲပါ။မှိုမျိုး 10ထုတ်အား ဖွဲနု 3ဗူး။ကောက်ညှင်းဆန်မှုန့် 10သား ဖြင့် ရောသမမွေပါ…။

စိုက်ပျိုးခြင်း

ပီနံအိတ်ထဲသို့ စပါးခွံနွားချေး အရောသုံးပုံတပုံခန့်ထဲ့ပါ မှိုမျိုးဖြူးပြီး ဂျပ်တင်ပါ 50သား ခန့် ဂျပ်ျပါ်မှ မှိုမျိုး ပြန်ဖြူးပါ။နွားချေး စပါးခွံအရော ပီနံအိတ်ရဲ့ သုံးချိုး 2ချိုးရောက်အောင်ထဲ့ပါ မှိုမျိုးဖြူးပါဂျပ်တင်ပါ မှိုမျိုး ထပ်ဖြူးပါ။

ကျန်သည့်နေရာလွတ်အာ နွားချေး စပါးခွံအရော ထပ်တင်ပါ ပီးနံအိတ်ပြည့်သည့်အထိပါ ထိတ်အား ကြိုးဖြင့် ချီပါ။ထို့အတိုင်း အိတ်10လုံး စပါးခွံအရော မှိုမျိုး ဂျပ် ကို မျှတအောင်ထဲ့ပါ။ အိတ်10လုံးရလျှင် တလုံးနဲ့တလုံးတလက်မခန့် ခွါထားပေးပါ…။

ခေါင်တိုင်တဖတ်တချက်ထူပြီး တန်းတင်၍လေလုံ အလင်းလုံအောင် ဖုံးအုပ်ပါ 5ရက်ခန့် လေအလင်း မဝင်ရန်သေချာလေးလုပ်ထားပါ။

ခရက်ဒစ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *