၂၀၂၃ အာရှဖလားတတိယအဆင့်ခြေစစ်ပွဲမှာရှုံးနိမ့်ပြီး အုပ်စုမှထွက်ခဲ့ရတဲ့ မြန်မာဘောလုံးအသင်း

ယနေ့ကစားတဲ့ ၂၀၂၃ အာရှဖလားတတိယအဆင့်ခြေစစ်ပွဲ မြန်မာနဲ့ စင်ကာပူအသင်းတို့ ပွဲစဉ်မှာမြန်မာ ၂-၆ စင်ကာပူဖြင့်ရှုံးနိမ့်ခဲ့တာပါ။
၂၀၂၃ အာရှဖလား အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ ခြေစစ်ပွဲ တတိယအဆင့်ပွဲစဉ်တွေမှာ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းဟာအုပ်စုပွဲစဉ်သုံးပွဲစလုံးရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်။




မြန်မာအသင်းသည်ခြေစစ်ပွဲ(၃)ပွဲကစားခဲ့ရာတွင်(၃)ပွဲစလုံးရှုံးနိမ့်ခဲ့ပြီးအုပ်စုနောက်ဆုံးနေရာတွင်သာရပ်တည်နိုင်ခဲ့ပါတယ်။မြန်မာအသင်းဟာခြေစစ်ပွဲတတိယအဆင့်ပွဲစဉ်ရဲ့ အုပ်စု(စ)မှာ တာဂျစ်ကစ္စတန်၊ ကာဂျစ်စတန်၊ စင်ကာပူအသင်းတို့နဲ့ကျရောက်ခဲ့တာပါ။




ဇွန် ၈ ရက်မှာ မြန်မာအသင်းအနေနဲ့ တာဂျစ်ကစ္စတန်အသင်းကို ၄ ဂိုး- ဂိုးမရှိ၊ ဇွန် ၁၁ ရက်မှာ ကာဂျစ္စ တန်အသင်းကို ၂ ဂိုး ဂိုးမရှိ၊ ဇွန် ၁၄ ရက်မှာ စင်ကာပူအသင်းကို ၆ ဂိုး ၂ ဂိုးတို့နဲ့ ပွဲတိုင်းရှုံးနိမ့်ပြီး ထွက်ခဲ့ရတာ ဖြစ်ပါတယ်။




လက်ရှိမှာတော့မြန်မာအသင်းအနေနဲ့အခုခြေစစ်ပွဲစဉ်တွေမှာပုံစံကောင်းပျောက်ဆုံးခဲ့ပြီး သွင်းဂိုး နှစ်ဂိုးသာရရှိခဲ့သလို ပေးဂိုး၁၂ ဂိုးအထိခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။


