အဝေးသင်တက္ကသိုလ်ကျောင်းများ ကျောင်းအပ်လက်ခံနေပြီဖြစ်ပြီး ကျောင်းစဖွင့်မည့်နေ့အားကြေညာ

၂၀၂၂ ပညာသင်နှစ်အဝေးသင်တက္ကသိုလ်ပထမနှစ်၊ဒုတိယနှစ်၊တတိယနှစ်အဝေးသင်သင်တန်းများ ကျောင်းအပ်နှံနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာထားပါတယ်။ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနရှိတက္ကသိုလ်၊




ဒီဂရီကောလိပ်နှင့်ကောလိပ်အသီးသီးတွင် ၂၀၂၂ ပညာသင်နှစ်၊ အဝေးသင်သင်တန်းအတွက် ပထမနှစ်(၂၀၁၉ အောင်)၊ ဒုတိယနှစ်၊တတိယနှစ် ကျောင်းအပ်ရန်ကျန်ရှိသူများနှင့် ပထမနှစ်(၂၀၂၀ အောင်) သင်တန်းများအတွက်ဇွန်လ၁၃ရက်နေ့မှ စတင်ကာကျောင်းအပ်နှံနိုင်ကြောင်းသိရပါတယ်။




အဝေးသင် တက္ကသိုလ်သင်တန်းသားများအနေနဲ့ကျောင်းအပ်နှံခြင်းကို လက်ရှိဇွန်လအတွင်းမှာအပ်နှံရမှာဖြစ်ပြီး အဝေးသင်သင်တန်းများကိုတော့ပထမအသုတ်ကနေတတိယအသုတ်အထိခွဲကာ ဇူလိုင်လမှအောက်တိုဘာလအထိ သတ်မှတ်ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။




အဆင့်မြင့်ပညာရေးဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်နေ့သင်တန်းများကိုတော့၂၀၂၂ခုနှစ် မေလ၁၂ရက်မှစတင်ဖွင့်လှစ်သင်ကြားပေးလျှက်ရှိနေကြောင်းသိရပါတယ်။
Unicode

Zawgyi