မီတာခစျေးနှုန်းနဲ့ပတ်သတ်ပြီးအွန်လိုင်းမှာပျံ့နှံနေတဲ့ သတင်းတွေဟာသတင်းမှာသာဖြစ်လို့ YESC ထုတ်ပြန်

မီတာခစျေးနှုန်းနဲ့ပတ်သတ်ပြီးအွန်လိုင်းမှာပျံ့နှံနေတဲ့ သတင်းတွေဟာသတင်းမှာသာဖြစ်လို့ YESC ထုတ်ပြန်

လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားဖော်ပြနေတဲ့မီတာခနှုန်းထားတွေတက်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်လို့ မဟုတ်မှန်ကြောင်းရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (YESC) က ဒီကနေ့မှာပဲထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာအဲ့ဒီ မီတာခတက်မယ့်သတင်းတွေလူမှုကွန်ရက်စာမျက်နှာတွေမှာပျံ့နှံ့လာပြီးတဲ့နောက်မှာပဲချက်ချင်းဆိုသလို YESC အနေနဲ့ ပြန်လည်ဖြေရှင်းချက်ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

လူမှုကွန်ရက်မှာ ဖြန့်ဝေနေတဲ့ဓာတ်အားခနှုန်းထားတိုးမြှင့်မယ်ဆိုတဲ့သတင်းတွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ ဇူလိုင်လကဓာတ်အားခနှုန်းထားတွေပြင်ဆင်သတ်မှတ်ခဲ့တဲ့သတင်းတွေကို ပြန်လည်ဖော်ပြထားကြတာသာဖြစ်တယ်လို့ YESC ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိကောက်ယူလျက်ရှိတဲ့ ဓာတ်အားခနှုန်းထားတွေကိုလည်း အရင်အတိုင်းပုံမှန်သာဖြစ်ပြီး YESC ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဓာတ်အားခနှုန်းထားတွေ ဖော်ပြအသိပေးကြေညာခဲ့ပါတယ်။

မီတာခဈေးနှုန်းနဲ့ပတ်သတ်ပြီးအွန်လိုင်းမှာပျံ့နှံနေတဲ့ သတင်းတွေဟာသတင်းမှာသာဖြစ်လို့ YESC ထုတ်ပြန်





Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *