လမ်းလျှောက်နေရင်းနဲ့ ခြေဖနောင့်နာခဲ့ရင် အလွယ်ကူဆုံးဖြစ်တဲ့အိမ်းတွင်းနည်း (၅)နည်း

လမ်းလျှောက်နေရင်းနဲ့ခြေဖနောင့်နာလာတာမျိုးဖြစ်လာရင်ဘာလုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။ ခြေဖနောင့်နာခြင်းကခြေထောက်နဲ့ခြေချင်းဝတ်ကိုထိခိုက်စေတာအဖြစ်များတဲ့ ပြဿနာ တစ်ခုဖြစ်ပါတယ်။
ခြေဖနောင့်မှာ ခန္ဓာကိုယ်အလေးချိန်ဖိအား (သို့) ခန္ဓာကိုယ်လှုပ်ရှားမှု မည်မျှပင်ရှိစေသော်လည်း ဒီဖိအားကိုထိန်းထားနိုင်ရန်ကူညီပေးသည့်အဆီတစ်ရှုးအခင်းများပါရှိပါတယ်။နာကျင်ခြင်းတွေကဘယ်နေရာမှာမဆိုခံစားရနိုင်သော်လည်းခြေဖနောင့်မှာပဲခံစားရပြီဆိုရင်ခြေဖနောင့်နာကျင်မှုသက်သာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကိုပြောပြပေးချင်ပါတယ်။




(၁) ရှားစောင်းလက်ပတ်
ရှာစောင်းလက်ပတ်က ဇီဝဗေဒဆိုင်ရာအစိတ်အပိုင်းများရဲ့ရောင်ရမ်းမှုကိုဆန့်ကျင့်သည့်ဂုဏ်သတ္တိများ ပါဝင်ပြီးရောင်ရမ်းမှုကိုလျော့ကျစေသည့်အစွမ်းသတ္တိများလည်းပါဝင်နေပါတယ်။ရောင်ရမ်းမှုကို ထိန်းညှိရန် ရှားစောင်းလက်ပတ်ဂျယ်လ်ကို ခြေဖဝါးပေါ်တင်ပြီးနှိပ်နယ်ပေးပါ။ဒီလိုနှိပ်နယ်ပေးခြင်းက ခြေဖနောင့်နာတာကို သက်သာစေနိုင်ပါတယ်။




(၂) ဗီတာမင် ဒီ
ဗီတာမင်ဒီချို့တဲ့ခြင်းကို plantar fasciitis လူနာတွေမှာအဖြစ်များပါတယ်။ ဗီတာမင် ဒီလုံလောက်စွာ ဖြည့်စွက်ပေးခြင်းကရောဂါလက္ခဏာတွေကိုသက်သာစေနိုင်ပါတယ်။ဗီတာမင် ဒီပါဝင်တဲ့အစားအစာ တွေကနွားနို့၊ မှို၊ ကြက်ဥအနှစ်တွေမှာကြွယ်ဝစွာပါဝင်နေပါတယ်။ဗီတာမင် ဒီချို့တဲ့နေတဲ့အခါမှာဒီလို အစားအစာတွေနဲ့ ဖြည့်စွက်ပြီး ဗီတာမင်ဒီကို ဖြည့်တင်းပေးနိုင်ပါတယ်။




(၃) Lavender Essential Oil
Lavender Essential Oil က နာကျင်မှုကို ကုသရာမှာ အသုံးဝင်ပါတယ်။ အုန်းဆီ (သို့) သံလွင်ဆီတွင် Lavender Essential Oilကိုတစ်စက်နှစ်စက်ရောစပ်ပြီးခြေဖဝါးအောက်ကိုနှိပ်နယ်ပေးပါ။ရေနွေးနွေး ထဲကိုLavender Essential Oilအနည်းငယ်ထည့်ကာခြေထောက်စိမ်ပေးမယ်ဆိုရင်နာကျင်မှုကို သက်သာစေနိုင်ပါတယ်။




(၄) မိုးမခအခေါက်
plantar fasciitis ကြောင့်ဖြစ်ရတဲ့ နာကျင်မှုတွေကိုကုသရာမှာအသုံးပြုပါတယ်။မိုးမခအခေါက်ကိုရေထဲထည့်ပြီးငါးမိနစ်ကနေဆယ်မိနစ်အထိပြုတ်ပါ။မိနစ် ၂၀ မှ ၃၀ လောက် အအေးခံပြီး သောက်ပေးမယ်ဆိုရင်နာကျင်မှုကိုသက်သာစေနိုင်ပါတယ်။




(၅) ဂျင်း
နာကျင်မှုတွေကို ဂျင်းက သက်သာစေနိုင်ပါတယ်။ ခြေထောက်ကိုလတ်ဆတ်တဲ့ဂျင်းနဲ့ရောထားတဲ့ ရေနွေးထဲမှာ၁၀ မိနစ်လောက်စိမ်ထားပါ။ဒါဆိုရင်ခြေဖနောင့်နာခြင်းကိုထိထိရောက်ရောက်ကုသပေးနိုင်ပါတယ်။ဂျင်းဆိုတာကလည်းမီးဖိုချောင်မှာအလွယ်တကူရနိုင်ပါတယ်။ဒါကအလွယ်ကူဆုံးတွေထဲက နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ref: Home Remedies For Heel Pain