စီးပွားကူးသန်းမှသတ်မှတ်ထားပေးတဲ့ ရည်ညွှန်းစျေးထက်၄၀၀၀နီးပါး စံချိန်တင်မြင့်တက်လာတဲ့ ပြည်တွင်း စားအုန်းဆီစျေး

စီးပွားကူးသန်းမှသတ်မှတ်ထားပေးတဲ့ ရည်ညွှန်းစျေးထက်၄၀၀၀နီးပါး စံချိန်တင်မြင့်တက်လာတဲ့ ပြည်တွင်း စားအုန်းဆီစျေး

ပြည်တွင်းစားသုံးဆီစျေးလက်လီတပိသာကို ၉၀၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်သွားတာကြောင့် စားသုံးသူတွေ အခက်တွေ့နေရတယ်လို့စားသုံးသူတွေဆီကသိရပါတယ်။” ပြီးခဲ့တဲ့ရက်က တစ်ဆယ်သားကို ၈၀၀ လောက်ကနေခုဒီနေ့ ၉၀၀ ဖြစ်သွားပြီ။

ထပ်တက်အုံးမယ်လို့လည်းစျေးဆိုင်ကတော့ပြောတာပဲ။ မတတ်နိုင်ဘူး တက်တော့လည်း ဒီဆီပဲ ရှိတယ်။ဘယ်လိုလုပ်မလဲဆီမပါဘဲ ဟင်းချက်လို့မှမတတ်တာ”လို့ စားသုံးသူပြည်သူတဦးကပြောပါတယ်။

အင်ဒိုနီးရှားနိင်ငံက သူတို့ ပြည်တွင်းမှာ ဆီစျေးကျဆင်းဖို့နဲ့လိုအပ်ချက်မြင့်မားလာခြင်းအပါအဝင်ဆီစားသုံးမှုဖူလုံဖို့အတွက်ပြည်ပနိုင်ငံကိုဟင်းချက်ဆီနဲ့ ကုန်ကြမ်းတွေကိုရောင်းချမှုရပ်ဆိုင်းပြီးနောက်မြန်မာနိုင်ငံမှာစားသုံးဆီစျေးတရိပ်ရိပ်တက်လာရာကနေအခုလို ၉၀၀၀ ကျပ်အထိစံချိန်တင်မြင့်တက်ခဲ့တာဖြစ်ပါတယ်။

နောက်ပြီး စားသုံးဆီ ဝယ်လိုအားနဲ့ရောင်းလိုအား မမျှတတာကြောင့်လည်း ဆီရောင်းချသူတွေက စျေးမြင့်တက်ရောင်းချနေကြတာဖြစ်တယ်လို့ သိရပါတယ်။ ” အင်ဒိုက ပါမစ် ၁လပိတ်လိုက်တာ အခုပြန်ဖွင့်ပေးလိုက်ပြီ၊ဖွင့်လိုက်တော့ဝယ်ဖို့တန်းစီနေတယ်။ကိုယ်လိုချင်တာချက်ခြင်းတန်းသွင်းမရဘူးတန်းစီနေရတယ်။

မလေးကနေ လှည့်သွင်းပေမယ့်လည်းအင်ဒိုလိုမမြန်ဘူး။ကြာတယ်။သင်္ဘောတစီးလာဖို့ကို ၁လ ၊၁လခွဲလောက်ကြာတယ်။ဆီကဝယ်လိုအားနဲ့ရောင်းလိုအားမမျှရင်စျေးကွက်တင်ရောင်းတာအောက်ကကုန်သည်တွေရဲ့သဘာဝလို့၊ပစ္စည်းလက်ကျန်မရှိတဲ့ပေါ်မှာမူတည်ပြီးတော့စျေးကတက်သွားတာ၊တကယ့်ရောင်းပေးတဲ့ရည်ညွန်းစျေးက ၅၆၇၀ ၅၇၀၀ ၅၈၀၀ ထက်မပိုဘူး။

အလုံး၁၀၀ လိုချင်တဲ့သူက ၁၀ လုံးပဲရတာမျိုး၊အဆင့်ဆင့်ခွဲပေးတော့အောက်ခြေမှာအဆင့်ဆင့်ပြီးတော့ စျေးကမြောက်သွားတာပေါ့။ “လို့ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင်တဦးကပြောပါတယ်။လက်ရှိမှာတော့အင်ဒိုနီးရှားဘက်ကပါမစ်ပြန်ဖွင့်လိုက်လို့ မြန်မာနိုင်ငံအနေနဲ့လည်း စားအုန်းဆီဝယ်ယူဖို့စောင့်ဆိုင်းနေတယ်လို့ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းကသိရပါတယ်။

စားသုံးဆီဟာဆိုရင် အရင်က တပိသာကို ၁၈၀၀ ကျပ်သာရှိပြီး အခုဆ်ိုရင် ၉၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်နေတာဖြစ်ပါတယ်။စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကတော့ဇွန်လ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့ အထိစားအုန်းဆီရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးကတော့တပိဿာကို ၅၆၄၅ကျပ်ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်းဆီဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားဖို့ရည်ရွယ်ချက်နဲ့သိုလှောင်ခြင်းအပါအဝင်မသမာတဲ့နည်းနဲ့လုပ်ဆောင်မှုတွေပြုလုပ်ရင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူမယ်လို့ပြောဆိုထားပေမယ့်စျေးကစားဖို့အတွက် ဆီကိုမရှိဘူးလို့သိရပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *