ဇွန်လ ၁၃ရက်မှ ၁၉ရက်နေ့ထိ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းများထုတ်ပြန်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ န၏ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ဇွန် ၁၃ ရက်မှ ၁၉ ရက်အထိစားအုန်းဆီအခြေခံလက်ကားရည် ညွှန်းဈေးနှုန်းမှာယခင်ရက်သတ္တပတ်အတိုင်းတစ်ပိဿာလျှင် ၅၆၄၅ ကျပ်ဖြစ်ဟုထုတ်ပြန်ကြေညာခဲ့သည်။




ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ဈေးနှုန်းတည်ငြိမ်နေသဖြင့်ရန်ကုန်အထိုင် ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းပြောင်းလဲမှုမရှိခြင်းဖြစ်ကြောင်းသိရသည်။ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း၌စားအုန်းဆီများအားဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊




ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်းနှင့်မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါကအရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူသွားမည်ဟုထုတ်ပြန်ထားသည်။ထိုသို့ထုတ်ပြန်မှုများရှိသော်လည်း ပြင်ပ၌စားအုန်းဆီဝယ်ယူအသုံးပြုနေရသူများသည်တစ်ပိဿာလျင် ၈၀၀၀ ဝန်းကျင်ဝယ်ယူသုံးစွဲနေရကြောင်းစားအုန်းဆီဝယ်ယူအသုံးပြုနေရသူများထံမှသိရသည်။




စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှ စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရန် ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့်မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများအရသယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍




ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုလည်း ထုတ်ပြန်ပေးလျက်ရှိသည်။