ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ တိုက်ရိုက်ငွေလွှဲပြောင်းနိုင်ပြီး အကန့်အသတ်မရှိထုတ်ယူနိုင်ကြောင်း CB Bank ကြေညာ

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ တိုက်ရိုက်ငွေလွှဲပြောင်းနိုင်ပြီး အကန့်အသတ်မရှိထုတ်ယူနိုင်ကြောင်း CB Bank ကြေညာ

CB Bank အကောင့်သို့ဂျပန်နိုင်ငံမှ SBI Remit ငွေလွှဲဝန်ဆောင်မှုဖြင့် တိုက်ရိုက်လွှဲပြောင်းနိုင်ကာ အကန့်အသတ်မရှိထုတ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံ၌ အလုပ်လုပ်ကိုင်နေသူများမြန်မာနိုင်ငံသို့ငွေလွှဲရာ၌အဆင်ပြေစေရန် ရည်ရွယ်၍ CB Bank မှအသိပေးကြေညာခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံသို့ ငွေလွှဲမည့်ဂျပန်နိုင်ငံ၌အလုပ်လုပ်နေသူများသည် SBI Remitငွေလွှဲဝန်ဆောင်မှုအားအသုံးပြု၍

CB Bank ၏ Special Savings Account (သို့) စာရင်းဟောင်း(Old Account) များအတွင်း တိုက်ရိုက်လွှဲပြောင်းနိုင်ကြောင်း CB Bank မှအသိပေးကြေညာခဲ့သည်။

အဆိုပါတိုက်ရိုက်လွှဲပြောင်းမှုအားဇွန် ၁၀ ရက်မှစတင်၍ လွှဲပို့ပါကလွှဲပို့လိုက်သည့်ငွေပမာဏအတိုင်း CB Bank ၌အကန့်အသတ်မရှိ ပြန်လည်ထုတ်ယူနိုင်ကြောင်းသိရသည်။

unicode






Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *