သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၄ မျိုးစာရင်းအားအသိပေးထုတ်ပြန် ကြေညာ

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၄ မျိုးစာရင်းအားအသိပေးထုတ်ပြန် ကြေညာ

ကျန်းမာရေးဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှပြည် တွင်း၌ရောင်းချနေသည့်အလှကုန်များအားစစ်ဆေးပြီးနောက်အလှကုန်ပစ္စည်း ၄ မျိုးသည်သုံးစွဲရန်မသင့်ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ အလှကုန်ပစ္စည်း ၄ မျိုးမှာ Hunchibeauty Fashion 2 in 1 Lipstick & Lipgloss , PRIM PERFECT Herbal Toothpaste,Collagen Plus Vit E Day & Night Cream, Princess Whitening Night Creamတို့ဖြစ်သည်။

အဆိုပါ အလှကုန်ပစ္စည်း ၄ မျိုးသည်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင်မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင်ကျန်းမာရေးအတွက်ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်တားမြစ်ဓာတုပစ္စည်းများပါဝင်သည်ဟုအသိပေးထုတ်ပြန်ခဲ့သည်။

တားမြစ်ထားသည့် ဓာတုပစ္စည်းများသည်အရေပြားယားယံခြင်း၊ရောင်ရမ်းခြင်း၊အဖြူအနီကွက်များဖြစ်ခြင်း၊အရေပြားမှတဆင့်ခန္ဓာကိုယ်အတွင်းသို့စုတ်ယူ၍ထုံကျင်ခြင်း၊ကြွက်သားတုန်ခါခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊ခေါင်းကိုက်ခြင်းနှင့်စိတ်ကျရောဂါများအပြင်ရေရှည်သုံးစွဲပါကကျောက်ကပ်ပျက်စီးခြင်းနှင့်အခြားရောဂါများဖြစ်ပွားနိုင်သည်ဟုအသိပေးထုတ်ပြန်ချက်အရသိရသည်။

ထို့ကြောင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှတားမြစ်ထားသည့် အလှကုန်ပစ္စည်းများအား ဖြန့်ဖြူးရောင်းချပါကပြည်သူ့ကျန်းမာ‌ရေးဆိုင်ရာဥပဒေပုဒ်မ-၃၊အပိုဒ်-၃(ဃ)အရအရေးယူဆောင်ရွက်သွားမည်ဟုထုတ်ပြန်အသိပေးခဲ့သည်။

unicode

သုံးစြဲရန္မသင့္သည့္ အလွကုန္ပစၥည္း ၄ မ်ိဳးစာရင္းအားအသိေပးထုတ္ျပန္ ေၾကညာ

နစက ၏က်န္းမာေရးဝန္ႀကီးဌာန၊အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွျပည္ တြင္း၌ေရာင္းခ်ေနသည့္အလွကုန္မ်ားအားစစ္ေဆးၿပီးေနာက္အလွကုန္ပစၥည္း ၄ မ်ိဳးသည္သုံးစြဲရန္မသင့္ေၾကာင္းထုတ္ျပန္ေၾကညာခဲ့သည္။

အဆိုပါ အလွကုန္ပစၥည္း ၄ မ်ိဳးမွာ Hunchibeauty Fashion 2 in 1 Lipstick & Lipgloss , PRIM PERFECT Herbal Toothpaste,Collagen Plus Vit E Day & Night Cream, Princess Whitening Night Creamတို႔ျဖစ္သည္။

အဆိုပါ အလွကုန္ပစၥည္း ၄ မ်ိဳးသည္အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္မွတ္တမ္းတင္ထားျခင္းမရွိသည့္အျပင္က်န္းမာေရးအတြက္ေဘးအႏၲရာယ္ျဖစ္ေစႏိုင္သည့္တားျမစ္ဓာတုပစၥည္းမ်ားပါဝင္သည္ဟုအသိေပးထုတ္ျပန္ခဲ့သည္။

တားျမစ္ထားသည့္ ဓာတုပစၥည္းမ်ားသည္အေရျပားယားယံျခင္း၊ေရာင္ရမ္းျခင္း၊အျဖဴအနီကြက္မ်ားျဖစ္ျခင္း၊အေရျပားမွတဆင့္ခႏၶာကိုယ္အတြင္းသို႔စုတ္ယူ၍ထုံက်င္ျခင္း၊ႂကြက္သားတုန္ခါျခင္း၊ပင္ပန္းႏြမ္းနယ္ျခင္း၊ေခါင္းကိုက္ျခင္းႏွင့္စိတ္က်ေရာဂါမ်ားအျပင္ေရရွည္သုံးစြဲပါကေက်ာက္ကပ္ပ်က္စီးျခင္းႏွင့္အျခားေရာဂါမ်ားျဖစ္ပြားႏိုင္သည္ဟုအသိေပးထုတ္ျပန္ခ်က္အရသိရသည္။

ထို႔ေၾကာင့္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲမႈဦးစီးဌာနမွတားျမစ္ထားသည့္ အလွကုန္ပစၥည္းမ်ားအား ျဖန္႔ျဖဴးေရာင္းခ်ပါကျပည္သူ႔က်န္းမာ‌ေရးဆိုင္ရာဥပေဒပုဒ္မ-၃၊အပိုဒ္-၃(ဃ)အရအေရးယူေဆာင္႐ြက္သြားမည္ဟုထုတ္ျပန္အသိေပးခဲ့သည္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *