အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ သတင်းမှားတွေမယုံကြဖို့ မိသားစုဝင်မှထုဖော်ပြောကြား

အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ သတင်းမှားတွေမယုံကြဖို့ မိသားစုဝင်မှထုဖော်ပြောကြား

ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီအိန္ဒြာကျော်ဇင်ဆေးကုသမှုခံယူနေပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း အနားယူနေတယ်လို့ မိသားစုဝင်တစ်ဦးကထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ မိသားစုဝင်တစ်ဦးက “မောင်လေးပြေတီဦးနဲ့ညီမလေးအိန္ဒြာကျော်ဇင်တို့ရဲ့ သတင်းအမှားတွေအခုတလောခဏခဏတက်နေတာနဲ့ ပတ်သက်လို့သူတို့ရဲ့အနုပညာကိုတန်ဖိုးထားပြီးချစ်ပေးတဲ့ပရိသတ်တွေအနေနဲ့

မိသားစုကတင်တဲ့သတင်းကလွဲလို့ဘယ်သတင်းမှမယုံကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ညီမလေး အိန္ဒြာကျော်ဇင်ဟာ အခုအချိန်မှာတစ်ချို့သောကျန်းမာရေးပြဿနာတွေရှိလို့ဆေးကုသမှုခံယူပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်းအနားယူနေရတဲ့အခြေအနေမှာပဲရှိနေပါသေးတယ်။

ကိုယ်တိုင်ပရိသတ်ရှေ့ကို မထွက်နိုင်ခင်မှာသူချစ်တဲ့ပရိသတ်နဲ့ထိတွေ့နိုင်မယ့်နည်းလမ်းလေးတွေ စဉ်းစားနေတယ်လို့လဲညီမလေးကပြောပါတယ်။ဒါကြောင့်မိသားစုကအတည်ပြုထားခြင်းမရှိတဲ့ သတင်းအမှားတွေအတွက်မစိုးရိမ်ကြပါနဲ့လို့မေတ္တာရပ်ခံအပ်ပါတယ်ရှင့်” လို့ လူမှုကွန်ယက်မှတဆင့် ပြောကြားထားပါတယ်။

ယခုရက်ပိုင်းအတွင်း အကယ်ဒမီ အိန္ဒြာကျော်ဇင် သရုပ်ဆောင်အလုပ်တွေကနေအနားယူလိုက်ပြီဆိုတဲ့သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

unicode







Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *