လက်ရှိလက်ခံထားတဲ့ဖျော်ဖြေပွဲ ၃ပွဲကိုဖျက်သိမ်းပြီး ဖျော်ဖြေရေးတွေကနေ ခေတ္တအနားယူလိုက်တဲ့ ကမ္ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာ

အဆိုတော်ဂျက်စတင်ဘီဘာကသူ့ရဲ့မျက်နှစ်တစ်ခြမ်း အကြောသေသွားလို့ သူ့ရဲ့ဖျော်ဖြေရေးတွေ ကနေခေတ္တအနားယူလိုက်ကြောင်းသောကြာနေ့မှာကြေညာပေးခဲ့တယ်လို့ CNN သတင်းကရေးသားဖော်ပြခဲ့ပါတယ်။
အင်စတာဂရမ်အကောင့်မှာတင်ထားတဲ့ ဗွီဒီယိုဖိုင်တစ်ခုထဲကနေဒီယံအဆိုတော်က သူ့မှာ Ramsay Hunt ရောဂါလက္ခဏာတစ်ခုရှိကြောင်း ပြောပြခဲ့ပြီး အဲ့ဒါကသူ့ရဲ့ မျက်နှာတစ်ခြမ်းလှုပ်မရဖြစ်လို့ စင်ပေါ်မတက်နိုင်ကြောင်းရှင်းပြခဲ့ပါတယ်။သူပြန်ကောင်းလာဖို့ကဘယ်လောက်ကြာမလဲဆိုတာမသိရသေးပေမယ့်




အခုသီတင်းပတ်အစောပိုင်းမှာပြုလုပ်ဖို့ရှိတဲ့ဖျော်ဖြေပွဲသုံးပွဲကိုရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။“ ကျွန်တော့ နားနဲ့ မျက်နှာအာရုံကြောတွေကိုတိုက်ခိုက်တဲ့ ဒီဗိုင်းရပ်စ်ကကျွန်တော့ မျက်နှာ တစ်ခြမ်းကိုသွက်ချာပါဒဖြစ်အောင်လုပ်လိုက်တာပါ။ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲဒီမျက်လုံးက မမှိတ်နိုင်ဘူး။




မျက်နှာ ဒီဘက်ခြမ်းမှာငါမပြုံးနိုင်ဘူး။နှာခေါင်းလည်းမလှုပ်ရှားနိုင်ဘူး။ကျွန်တော့ မျက်နှာရဲ့ ဒီဘက်ခြမ်းမှာအကြောတွေသေနေတယ်” လို့ ပြောပြခဲ့ပါတယ်။Mayo Clinic ရဲ့ အဆိုအရ Ramsay Hunt Syndrome ဟာမျက်နှာအာရုံကြောကိုထိခိုက်စေနိုင်ပြီး နှာစေးခြင်းနဲ့ အကြားအာရုံဆုံးရှုံးခြင်းတွေကို ဖြစ်စေပါတယ်လို့သိရပါတယ်။




မကြာသေးမီက ဖျော်ဖြေပွဲတွေ ဖျက်သိမ်းလိုက်ခြင်းကြောင့်စိတ်ပျက်ခဲ့တဲ့သူတွေကို ဘီဘာက “ ကျွန်တော့ရဲ့ ရုပ်ပိုင်းဆိုင်ရာကသိသိသာသာပြောင်းလဲခြင်းမရှိသေးပါဘူး။ ဒါကမြင်တဲ့အတိုင်းပဲ တော်တော်ဆိုးတယ်။ဒီလိုမဖြစ်စေချင်ဘူး။ ကျွန်တော့ကို နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အချိန်လေးယူပြီးအနားယူမယ်။ ရာနှုန်းပြည့် ပြန်ကောင်းအောင် လုပ်မှာပါ။ စိတ်ရှည်သည်းခံပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် အဆင်ပြေမှာပါ။ ကျွန်တော့မှာ မျှော်လင့်ချက်ရှိတယ်။ ဘုရားသခင်ကိုကျွန်တော်ယုံကြည်ပါတယ်” လို့ ပြောကြားလိုက်ပါတယ်။