တရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့ အွန်လိုင်းငွေပေးချေမှု (mobile pay) လုပ်ငန်းများကို အရေးယူမည်ဟု ဗဟိုဘဏ်သတိပေး

တရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့ အွန်လိုင်းငွေပေးချေမှု (mobile pay) လုပ်ငန်းများကို အရေးယူမည်ဟု ဗဟိုဘဏ်သတိပေး

တရားဝင်လုပ်ကိုင်ခွင့်ပြုမထားတဲ့ Mobile Pay နဲ့ Mobile ငွေပေးချေဝန်ဆောင်မှုလုပ်ငန်းတွေကို အသုံး​ပြုမယ်ဆိုရင်ပြည်သူတွေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေဖြစ်လာနိုင်တယ်လို့ဗဟိုဘဏ်ကအသိပေးပြောဆိုလိုက်ပါတယ်။

ဗဟိုဘဏ်မှတရားဝင်ခွင့်ပြုထားသည့်ဘဏ်၊ငွေ ရေးကြေးရေးအဖွဲ့အစည်းများနှင့်ကုမ္ပဏီများ စာ ရင်းအား ဗဟိုဘဏ်၏တရားဝင် Websiteတွင်ဖော်ပြထားတယ်လို့လည်းသိရပါတယ်။လက်ရှိအချိန်တွင် တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် Mobile Pay/Mobile Wallet နှင့်ငွေပေးချေမှုဝန်ဆောင်မှုပေးသည့်လုပ်ငန်းများမှတစ်ဆင့် သုံးစွဲသူများအချင်းချင်းငွေလွှဲပြောင်းခြင်း၊

ကုန် စည်ဝယ်ယူခြင်းများဆောင်ရွက်နိုင်ကြောင်း Social Media Platform များတွင်ကြေညာနေသည်အားတွေ့ရှိရသည်ဟုဗဟိုဘဏ်မှဇွန် ၁၀ ရက်တွင်ထုတ်ပြန်ကြေညာခဲ့သည်။အဲ့ဒီလုပ်ငန်းတွေကို ဗဟိုဘဏ်အနေနဲ့တရားဝင်ခွင့်ပြုထားခြင်းမရှိလို့စနစ်တကျကြီးကြပ်ကွပ်ကဲမှုအောက်မှာမရှိတာကြောင့် ပြည်သူတွေအနေနဲ့ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်တယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။

အဆိုပါ Mobile Pay/Mobile Wallet နှင့်ငွေပေးချေမှုဝန်ဆောင်မှုပေးသည့်လုပ်ငန်းများသည်စနစ်တကျကြီးကြပ်ကွပ်ကဲမှုအောက်တွင်မရှိသဖြင့် ပြည်သူများအနေဖြင့်ဆုံးရှံးမှုများဖြစ်ပေါ်နိုင်သဖြင့် ယင်းလုပ်ငန်းလုပ်ကိုင်နေသူများအားဗဟိုဘဏ်မှစစ်ဆေးတွေ့ရှိရပါကငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ -၁၇၂ အရ ထောင်ဒဏ်(သို့)ငွေဒဏ်(သို့)ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခံရမည်ဟုဗဟိုဘဏ်မှထုတ်ပြန်ကြေညာခဲ့သည်။

ဗဟိုဘဏ်မှ ဘဏ်များနှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများအား ဗဟိုဘဏ်ဥပဒေပုဒ်မ-၄၀ နှင့် ၇၉ ၊ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ် မ-၅၊ ၁၂၉ နှင့် ၁၃၀၊မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုဆိုင်ရာစည်းမျဉ်း၊မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာညွှန်ကြားချက်၊အီလက်ထရောနစ်ကတ်ဖြင့်ပေးချေမှုဆိုင်ရာညွှန်ကြားချက်တို့နှင့်အညီလုံခြုမှုနှင့်ထိရောက်သည့်ငွေပေးချေမှုများဆောင်ရွက်နိုင်ရန်ခွင့်ပြုပေးထားသည်။

ထို့သို့ ခွင့်ပြုပေးရာတွင် မိုဘိုင်းဘဏ်လုပ်ငန်းဆောင်ရွက်ရန်ဘဏ် ၁၈ ဘဏ်၊အင်တာနက်ဘဏ်လုပ်ငန်းဆောင်ရွက်ရန်ဘဏ် ၁၀ ဘဏ်၊မိုဘိုင်းငွေပေးချေမှု(Mobile Pay)ဆောင်ရွက်ရန် ဘဏ် ၈ ဘဏ်၊မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန်အဖွဲ့အစည်း ၅ ခု ၊ Transportation Card နှင့် Shopping Card စသည့်ကတ်ပေးချေမှုလုပ်ငန်းများဆောင်ရွက်ရန်အဖွဲ့အစည်း ၇ ခုနှင့်

ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန်ကုမ္ပဏီ ၄ ခုတို့အား ခွင့်ပြု၍ကြီး ကြပ်ထိန်းကျောင်းပေးလျက်ရှိတယ်လို့လည်းသိရပါတယ်။ဗဟိုဘဏ်ရဲ့မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ခွင့်ပြုထားတဲ့လုပ်ငန်းအဖွဲ့အစည်း ၅ ခု ​ အမည်တွေကတော့

Wave Money pay ၊ OK $ ၊ Mytel Pay ၊ M Pitesan နဲ့ MPT pay တို့ဖြစ်တယ်လို့သိရပါတယ်။လက်ရှိပြင်ပမှာတော့ အဲ့ဒီ Mobil pay တွေအပြင် 9one pay ၊Shall pay ၊ Easy pay ၊Sai Sai pay ၊Citizens pay စတဲ့ mobile pay တွေရှိနေတယ်လို့ ​ငွေလွဲငွေထုတ်လုပ်ကိုင်နေသူတွေဆီကသိရပါတယ်။

ငွေလွှဲငွေထုတ်ဝန်ဆောင်မှုလုပ်ကိုင်နေသူတဦးကတော့ ” ကျနော်တို့ကတော့money transfer လုပ်ပေးတယ်။အခုနောက်ပိုင်းဆို ဖုန်းဘေဖြည့်တဲ့ pay တွေရှိလာတယ်။ငွေသွင်းငွေထုတ်ရတာတွေလည်းရှိတယ်၊သူတို့ကလုပ်ရကိုင်ရမြန်ပြီးလွယ်တော့သုံးတဲ့သူရှိနေတဲ့သဘောပေါ့။

စိတ်ချရမှုရှိလား မရှိလားကတော့ အာမခံချက်အပြည့်တော့ ကျနော်တို့လည်းမသိဘူး။ သုံးသူရှိရင် လုပ်ပေးတယ်၊မရှိရင်တော့ တဖြေးဖြေးပျောက်သွားမှာပဲ “လို့ ပြောပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *