စက်သုံးဆီစျေးကြောင့်ရပ်နားထားတဲ့ ရန်ကုန်−ပဲခူးယာဥ်လိုင်းတောင်ဆိုမှုများကြောင့် ပြန်လည်ပြေးဆွဲပေးမည်

စက်သုံးဆီစျေးကြောင့်ရပ်နားထားတဲ့ ရန်ကုန်−ပဲခူးယာဥ်လိုင်းတောင်ဆိုမှုများကြောင့် ပြန်လည်ပြေးဆွဲပေးမည်

ဆီဈေးမြင့်တက်လာတဲ့အခြေအနေကြောင့်ရပ်နားသွားရန်စီစဉ်ခဲ့တဲ့ရန်ကုန်-ပဲခူး ယာဉ်လိုင်း ပြေးဆွဲမှု ကို ယနေ့ဇွန်လ၁၁ရက်ကနေစတင်ကာခရီးသည်တွေရဲ့တောင်းဆိုမှုကြောင့်ပုံမှန်ပြေးဆွဲတော့မယ်လို့

Daewoo Intercity Bus တွေနဲ့ပြေးဆွဲပေးနေတဲ့ Yangon- Bago Smart City Bus Line By Daewoo Bus က သတင်းထုတ်ပြန်ခဲ့ပါတယ်။ရန်ကုန်-ပဲခူး ယာဉ်လိုင်း ပဏာမစတင်ပြေးဆွဲသည့်ငါးလလုံးမှာ ပြည်သူများအဆင်ပြေစေရေးအတွက်အရှုံးခံပြေးဆွဲခဲ့ပေမယ့်

စက်သုံးဆီဈေး မြင့်တက်လာတာကြောင့် ဇွန်လ၁၀ ရက်သောကြာနေ့ကစပြီးယာဉ်လိုင်းပြေးဆွဲမှု ခေတ္တရပ်နားမှာဖြစ်တယ်မူလကထုတ်ပြန်ခဲ့သော်လည်းခရီးသွားပြည်သူတို့ရဲ့လိုအပ်ချက်ကြောင့် ပုံမှန်အတိုင်းဆက်လက်ပြေးဆွဲပေးမှာဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါရန်ကုန်-ပဲခူးယာဉ်လိုင်းတွင်တစ်ရက်ကိုခရီးစဉ်၅ကြောင်းဖြင့်ပြေးဆွဲပေးနေပြီးခရီးသွားတစ်ဦးလျှင်ခရီးစဉ် စ/ဆုံး အတွက် ယာဉ်စီးခအဖြစ်ကျပ် ၂၀၀၀ သတ်မှတ်ထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့၂၀၂၁ခုနှစ်ဒီဇင်ဘာ၁၅ရက်ကနေစတင်ပြေးဆွဲခဲ့တဲ့ ရန်ကုန်-ပဲခူးယာဉ်လိုင်းဟာကိုရီးယားနိုင်ငံထုတ်Daewooတံဆိပ်ကားများနဲ့ပြေးဆွဲဝန်ဆောင်မှုပေးနေခြင်းဖြစ်ပြီးစုစုပေါင်းbusကား၅စီးနဲ့ပြေးဆွဲပေးနေတာလည်းဖြစ်ပါတယ်။

unicode

စက်သုံးဆီဈေးကြောင့်ရပ်နားထားတဲ့ ရန်ကုန်−ပဲခူးယာဉ်လိုင်းတောင်ဆိုမှုများကြောင့် ပြန်လည်ပြေးဆွဲပေးမည်






Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *