ရန်ကုန်အပါ မြို့ကြီး(၄)မြို့ရှိATM စက်တွင်ငွေသားထုတ်နိုင်ပြီလို့ KBZ ဘဏ်မှအသိပေးထားပေမယ့် တချို့ ATM စက်တွေမှာထုတ်မရဖြစ်နေ

ဇွန်လ ၉ ရက်နေ့က နေပြည်တော်အပါအဝင် ရန်ကုန် မန္တလေး၊တောင်ကြီးမြို့တွေက ATM စက်တချို့မှာ ငွေသားပြန်လည် ထုတ်ယူနိုင်ပြီလို့ KBZ ဘဏ်က အသိပေးကြေညာလိုက်ပါတယ်။ဒါပေမယ့်ကြေငြာထားတဲ့ ATM စက်တွေထဲမှာမှ




လိုင်းကျတာတွေရှိနေသေးတာကြောင့်ငွေထုတ်ရခက်တဲ့စက်တချို့နဲ့ငွေထုတ်မရတာတွေ ကြုံနေရတယ်လို့ KBZဘဏ်သုံးစွဲသူတွေကပြောပါတယ်။” ထုတ်ရပြီဆိုလို့ မနက်ကရန်ကင်းဘက်ရောက်တာနဲ့ရန်ကင်းစင်တာမှာထုတ်တာမရဘူး၊
Unable to dispense တဲ့ ၊ ထုတ်မရဘူး၊ စိတ်မရှည်လို့ စောင့်မထုတ်ခဲ့ဘူး”လို့ KBZ bank သုံးစွဲသူတဦးကပြောပါတယ်။KBZ ဘဏ်ကတော့ ဇွန်လ ၉ ရက်နေ့က စပြီး ရန်ကုန်မြို့က ကမာရွတ်
ဘဏ်(၁)၊ ဆူးလေဘုရားလမ်း ဘဏ်ခွဲ၊ကျောက်မြောင်းဈေးဘဏ်ခွဲ၊




ကိုးမိုင် ဘဏ်ခွဲ၊ Junction square ဘဏ်ခွဲ၊ ဦးဝိဇာရဘဏ်ခွဲ၊ MICT Park၊ ရန်ကင်းစင်တာ၊ ကျိုက္ကစံ စူပါဝမ်း၊ လှည်းတန်းစင်တာ၊Junction City က ATM စက်တွေအပါအဝင်နေရာ ၁၅ နေရာခုကATM စက်တွေကနေငွေသား ထုတ်ယူနိုင်မှာဖြစ်တယ်လို့ကြေညာထားပါတယ်။




မန္တလေးမြို့မှာဆိုရင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊တံတားဦးလေဆိပ်၊ ဒိုင်းမွန်းပလာဇာ ၊ Capital Mandalay အပါအဝင်နေရာ၁၀ခုက ATM တွေမှာငွေသားထုတ်ယူနိုင်မယ်လို့သိရပါတယ်။ နေပြည်တော်မှာဆိုရင်လည်းKBZ bank ခွဲ၁ အပါအဝင် ၁၃ နေရာ ၊




တောင်ကြီးမှာ ၉ နေရာ KBZ ATM စက်ကနေငွေထုတ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။” သတ်မှတ် ATM စက်တွေမှာ ငွေထုတ်နိုင်ပါပြီ၊ တပတ်ကို ၃သိန်းပါ၊ ATM ကနေငွေထုတ်ထားလည်း ဘဏ်စာအုပ်ထဲကနေ ငွေထပ်ထုတ်လို့ရပါတယ်၊သတ်မှတ်၁၄ ရက်ပြည့်ရင်ရပါတယ်။
တချို့ ATM တွေ ငွေထုတ်မရတာကဝန်ထမ်းတွေငွေမဖြည့်ရသေးတာတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ “လို့ KBZ bank ဝန်ထမ်းတဦးကပြောပါတယ်။ကမ္ဘောဇဘဏ်ATM စက်တွေကနေတပတ်ကို ၃ သိန်း ကျပ်ထုတ်ယူနိုင်ပြီး MPU Debit (ATM ကတ်)မှဖြစ်စေ၊




M Banking Cardless Withdrawal ကတ်မဲ့ငွေထုတ်ခြင်းနည်းနဲ့လည်းရတယ်လို့သိရပါတယ်။ဘဏ်တွေအားလုံးဟာ ATM စက်ကနေငွေထုတ်မပေးဘဲဘဏ်မှာသာစာအုပ်နဲ့ငွေထုတ်ပေးနဲ့စနစ်ကိုကျင့်သုံးနေတဲ့အထဲကနေ KBZ ဘဏ်က ပထမဆုံးအဖြစ်ပြန်လည်ပြီး ATM စက်ကနေ ငွေထုတ်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။