ကမ္ဘာ့ဘဏ် ကတောင် မခန့်မှန်းပေးနိုင်တော့တဲ့ မြန်မာ့စီးပွားရေးလက်ရှိအခြေအနေ

မြန်မာရဲ့အခြေအနေတွေကြောင့်ယခု ၂၀၂၂ ခုနှစ်ကစပြီးစီးပွားရေးအခြေအနေကိုမခန့်မှန်းတော့လို့ ကမ္ဘာ့ဘဏ်ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကမ္ဘာ့ဘဏ်ကနှစ်စဉ်ထုတ်ပြန်နေသည့် ကမ္ဘာ့စီးပွားရေးအလားအလာခန့်မှန်းချက်တွင်




မြန်မာနဲ့ပတ်သက်ပြီး စီးပွားရေး ခန့်မှန်းချက်ထည့်သွင်းဖော်ပြထားခြင်းမရှိတော့တာဖြစ်ပါတယ်။ယင်းဖြစ်ရပ်မျိုးသည်အာရှပစိဖိတ်နိုင်ငံများအတွင်းတစ်ခုတည်းသောနိုင်ငံဖြစ်တယ်လို့လည်းဖော်ပြထားပြီးမြန်မာအတွက်၂၀၂၂ခုနှစ်စတင်ပြီး




စီးပွားရေးအခြေအနေများ ကိုခန့်မှန်းနိုင်စွမ်းမရှိတော့တာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ကဖော်ပြထားပါတယ်။ယခု ၂၀၂၂ ခုနှစ်တွင်ကမ္ဘာ့ဘဏ်ကမြန်မာနဲ့အိမ်နီးချင်းထိုင်းနိုင်ငံကို ၂ ဒသမ ၉ ရာခိုင်နှုန်း၊
ဗီယက်နမ်ကို ၅ ဒသမ ၉ ရာခိုင်နှုန်း နှင့်ကမ္ဘောဒီယားနိုင်ငံကို ၄ ဒသမ ၅ ရာခိုင်နှုန်းစီးပွားရေးတိုးတက်မယ်လို့ခန့်မှန်းထားပါတယ်။




unicode
