ကော်မတီကထုတ်ပြန်သောရည်ညွန်းစျေးမှာပင် အမြင့်ဆုံးစံချိန်တင်မြင့်တက်လာတဲ့ စက်သုံးဆီစျေးနှုန်း

ယနေ့စက်သုံးဆီတင်သွင်း၊သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်တဲ့ လက်လီ၊လက်ကားရည်ညွှန်းစျေးတွေဟာဒီနှစ်အတွက်အမြင့်ဆုံးစံချိန်တင်စျေးကိုရောက်ရှိလာခဲ့ပြီး ရည်ညွှန်းစျေးမှာတင်တစ်လီတာကို ကျပ် ၂၃၀၀ နီးပါး မြင့်တက်လာပြီဖြစ်ပါတယ်။




အဲ့ဒီရည်ညွှန်းစျေးဟာဒီနှစ်အတွက်ထုတ်ပြန်တဲ့အမြင့်ဆုံးစျေးတန်းတစ်ခုဖြစ်ပြီးပြီးခဲ့တဲ့ဧပြီလကထက် ကျပ် ၄၀၀ နီးပါး မြင့်တက်လာခဲ့တာဖြစ်ပါတယ်။စက်သုံးဆီစျေးဖြစ်ပါ်မှုသတ်မှတ်စျေးတွေဟာစာရွက်ပေါ်မှာပဲရှိတာဖြစ်ပြီးမြေပြင်မှာဆိုရင်ဆီစျေးနှုန်းမြင့်တက်မှုတွေနဲ့




လိုသလောက်ဝယ်ယူလို့မရဘဲအကန့်အသတ်နဲ့သာ၀ယ်ယူရနေရသလိုရည်ညွှန်းစျေးမှာတင် စံချိန်တင်စျေးတန်းတစ်ခုဖြစ်နေရင်ပြင်ပစျေးနှုန်းမြင့်တက်လာမှုတွေကို ထိန်းသိမ်းဖို့လိုအပ်နေပြီလို့ ဆီဝယ်ယူသူတွေက ပြောပါတယ်။
“ကော်မတီကထုတ်ပြန်တဲ့စက်သုံးဆီစျေးဆိုတာလည်းနည်းနည်းအကျပြလိုက်စျေးကအကျနှစ်ဆလောက်တက်လာလိုက်နဲ့အခုဒီစျေးထိကိုရောက်လာတာ။အပြင်မှာကတော့ဒီစျေးနှုန်းဖြစ်နေတာကြာပြီ။ရည်ညွှန်းစျေးတက်တော့ဘာဖြစ်လဲဆိုရင်အပြင်မှာစျေးကတက်ဖို့ပဲရှိနေမှာပဲလေ။




ရန်ကုန်မှာကဆီစျေးတက်တယ်၀ယ်ရခက်တယ်။မဖြစ်မနေလုပ်ရမယ့်အလုပ်တွေရှိတော့မှေးသွားနေပေမယ့်နယ်တွေဘက်မှာကျတော့လမ်းပန်းဆက်သွယ်ရေးအခက်အခဲရောစက်သုံးဆီအသုံးပြုလုပ်နေရတဲ့လုပ်ငန်းတွေအတွက်ကအတော်ဝယ်ရခက်နေကြပြီ။




အခုနှစ်အတွင်းစက်သုံးဆီစျေးနှုန်းအနေနဲ့ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့အတွက်ရန်ကုန်စျေးကွက်မှာ 92 Ron တစ်လီတာကို ၁၈၉၈ ကျပ်၊ 95 Ron ကို ၁၉၄၆ကျပ်နဲ့ ဒီဇယ်တစ်လီတာကို ၂၂၇၇ ကျပ် သတ်မှတ်ကြောင်းထုတ်ပြန်ခဲ့ပြီး
မေလ ၄ ရက်မှစတင်ကာကော်မတီဖွဲ့စည်းပြီး 92 Ron တစ်လီတာကို၁၉၆၅ ကျပ် နဲ့ 95 Ron တစ်လီတာကို ၂၀၂၀ ကျပ် စျေးရှိတယ်လို့ကော်မတီကထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့ ဇွန်လ ၁၀ ရက်နေ့မှာတော့ ကော်မတီကရန်ကုန်မှာလက်လီရည်ညွှန်းစျေးကို 92 Ron တစ်လီတာ ၂၂၆၅ ကျပ်၊




95 Ron တစ်လီတာ ၂၃၂၀ကျပ်နဲ့ ဒီဇယ်တစ်လီတာ ၂၅၄၀ ကျပ်ရှိတယ်လို့ သတ်မှတ်ထားပြီး မန္တလေးမှာဆိုရင် ကျပ် ၂၄၀၀ နီးပါး၊ နေပြည်တော်မှာဆိုရင်ကျပ် ၂၃၀၀ကျော်မှ ၂၄၀၀ ၀န်းကျင်ရှိတယ်လို့ သတ်မှတ်ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က ကော်မတီကထုတ်ပြန်တဲ့ 92 Ron တစ်လီတာ ၂၂၄၀ ကျပ်၊ 95 Ron တစ်လီတာ ၂၃၃၀ကျပ်နဲ့ ဒီဇယ်တစ်လီတာ ၂၄၅၀ ကျပ်တို့ဟာအမြင့်ဆုံးစျေးတန်းတစ်ခုအဖြစ်ရှိခဲ့ပေမယ့်ဒီနေ့မှာတော့အဲ့ဒီရည်ညွှန်းစျေးတွေထက်မြင့်တက်လာတာဖြစ်ပါတယ်။

ဆီစျေးကလည်းမကြုံစဖူးကိုတက်တယ်။ဟိုနေ့ကမြိတ်ဘက်မှာဆိုရင် ၂၉၀၀ ကျော်သွားတယ်။ဒီစျေးဆိုလုပ်ငန်းအားလုံးပျက်ပြီလေ”လို့စက်သုံးဆီဝယ်ယူသူတစ်ဦးကပြောပါတယ်။ ဆီစျေးတက်ပြီး ဆီးများပြတ်လပ်တဲ့အတွက် ဆိုင်အများစုကလည်းပိတ်ထားလိုက်ကြပြီး
တချို့လမ်းဘေးဆိုင်တွေကအစ၀ယ်မရတော့ဆိုင်ကြီးတွေမှာစုပြုံတိုးဝယ်ကြရတာ။ဟိုတနေ့ကလည်း မွန်ပြည်နယ် နှင့် ပုသိမ်မြို့တို့မှာဆီဝယ်မရဘူးလို့သိရပါတယ်။ဒီတစ်ပတ်ထဲတင် ဆီပြတ်လပ်တဲ့မြို့တွေတော်တော်များလာတာပဲဖြစ်ပါတယ်။