ဒလမြို့တွင် ရေလမ်းခရီးဖြင့်သွားရသောသမ္ဗန်ဆိပ် ၅ခုအား ယာယီပိတ်ထားမည်ဟုအသိပေး

ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့နယ်မှာ ဇွန်လ ၉ ရက်ကစပြီးသမ္ဗန်ဆိပ် ၅ ခု ကိုယာယီပိတ်ထားမှာဖြစ်တယ်လို့ အသိပေးကြေညာထားတာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ခရီးသည်တွေဒလသင်္ဘောဆိပ်မှာ သွားရောက်စီးနင်းဖို့လည်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။




သမ္ဗန်ဆိပ်တွေ ပြန်ဖွင့်ရက်ကိုလည်း ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ ဒလမြို့နယ်မှာ လုံခြုံရေးအရ သမ္ဗန်စီးနင်းခွင့်တွေပိတ်ထားတယ်လို့ ဒေသခံတွေဆီကကြားသိရပါတယ်။ရန်ကုန်မြို့ရဲ့ တစ်ဖက်ကမ်း ဒလမြို့နယ်ဟာ ရေလမ်းခရီးနဲ့ သမ္ဗန်တွေ အများအပြားရှိတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။




အခုလိုသမ္ဗန်ဆိပ်တွေပိတ်ထားတာ ဒေသခံအချို့အခက်အခဲတွေရှိတယ်လို့လည်း သိရပါတယ်။မကြာသေးခင်ကလည်း ဒလမြို့တွင် ဆိုင်ကယ်စီးနှင်းခွင့်ပါပိတ်ခံထားရတာပဲဖြစ်ပါတယ်။
Unicode

