ယခုနှစ်အတွင်းပုံစံနှစ်မျိုးနဲ့ရောင်းချတော့မယ့် ထိုင်းထီလက်မှတ်

တရားမဝင်ထီလုပ်ငန်းတွေနဲ့ထီလက်မှတ်တွေဈေးတင်ရောင်းချမှုတွေကိုတိုက်ဖျက်ရေးအစိုးရထုတ် ထီအသစ်နှစ်မျိုးကိုအခုနှစ်အတွင်းစတင်ထုတ်လုပ်ရောင်းချမှာဖြစ်ကြောင်းထိုင်းဝန်ကြီးချုပ်ရုံးရဲ့ လက်ထောက်အရာရှိတစ်ဦးဖြစ်သူချာကရစ်ဒီဗီတက်က ဇွန်လ ၇ရက်ကပြောကြားပါတယ်။




ပထမထီလက်မှတ်ဟာလက်ရှိထီကိုပြန်လည်ပြုပြင်ထုတ်လုပ်ထားတဲ့ဂဏန်းခြောက်လုံးပါ အစိုးရထီဖြစ်ပြီး ဒုတိယအမျိုးအစားဟာတားမြစ်မထားတဲ့ ဂဏန်းနှစ်လုံးနဲ့သုံးလုံးပါထီနဲ့အတူတူပဲဖြစ်ကြောင်း မစ္စတာချာကရစ်ဒီဗီတက်ကပြောကြားပါတယ်။




၎င်းဟာတရားဝင်သတ်မှတ်ထားတဲ့ဈေးနှုန်းထက်ပိုပြီးရောင်းချနေတဲ့ထီလက်မှတ်တွေ ပြဿနာကိုတိုက်ဖျက်ရေးနည်းလမ်းများရှာဖွေဖို့တာဝန်ယူထားရတဲ့ကော်မတီခွဲတစ်ရပ်ရဲ့ ဥ က္ကဋ္ဌဖြစ်ပါတယ်။အခုအခါအစိုးရကဝန်ကြီးတွေအဖွဲ့ကိုတင်ပြနိုင်ရေးလိုအပ်တဲ့အစီအစဉ်တစ်ခုဖြစ်တဲ့အများပြည်သူအားရှင်းလင်းရေးခွန်ကာယန်တက္ကသိုလ်နဲ့ ပူးပေါင်းကာစာချုပ်ချုပ်ဆိုဖို့ ကြိုးပမ်းနေပါတယ်။




ထီလက်မှတ်အသစ်တွေဟာ လက်ရှိဥပဒေတွေနဲ့ အဆင်ပြေမှာ ဖြစ်ကြောင်း မစ္စတာ ချာကရစ်ဗီဒီတက်က ပြောကြားပြီး လူငယ်တွေထီမထိုးဖို့ တင်းကြပ်စွာထိန်းချုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ထီလက်မှတ်ရောင်းချမှုတွေကိုစာသင်ကျောင်းနယ်နိမိတ်တွေအတွင်းတားမြစ်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။




ဝန်ကြီးချုပ်ဟောင်းသက်ဆင်အစိုးရလက်ထက်ကလည်းအလားတူဂဏန်းနှစ်လုံးနဲ့သုံးလုံးထီတွေရောင်းချခဲ့ပေမယ့် ဥပဒေနဲ့ မကိုက်ညီကြောင်းတွေ့ရှိခဲ့ပြီးနောက်နောက်ပိုင်းမှာရောင်းချမှုရပ်တန့်ခဲ့ပါတယ်။
ဇွန်လ ၁၆ရက်နဲ့ ဇူလိုင် ၁ရက်မှာ ထီနှစ်ကြိမ်ဖွင့်ပြီးနောက်မှာ ထီအစောင်ရတိုးမြှင့်ထုတ်လုပ်သွားမှာ ဖြစ်ကြောင်းမစ္စတာချာကရစ်ဒီဗီတက်ကပြောကြားပါတယ်။




ထီလက်မှတ်တွေကိုအွန်လိုင်းကရောင်းချဖို့ စီစဉ်နေမှုနဲ့ပတ်သက်လို့မိုဘိုင်းဖုန်းအက်ပလီကေးရှင်းနဲ့ဒါမှမဟုတ်အွန်လိုင်းနဲ့အကျွမ်းတဝင်မရှိတဲ့ သက်ကြီးပိုင်းထိုင်းနိုင်ငံသားတွေကဝေဖန်နေကြပါတယ်။