ကော်ဖီမှုန့်အသုံးပြုပြီး ကိုယ်တိုင် Scrub လုပ်နည်း
Stay at home အချိန်မှာ အပြင်သွားပြီး scrub လုပ်ဖို့ခက်ခဲနေတယ်ဟုတ်။အခုလို Homemade scrub လေးတွေလဲကိုယ့်ဟာကိုယ်လုပ်ပြီး သုံးလဲရတယ်နော်။

လုပ်နည်းလေးကလွယ်ပါတယ်ရှင့်
ပါဝင်ပစ္စည်းတွေကတော့
(၁) ကော်ဖီမှုန့် (သဘာဝကော်ဖီစစ်စစ်ရယ်ဒီမိတ်ကော်ဖီမှုန့်မဟုတ်ပါ )

(၂)သကြား သို့မဟုတ် ဆား (မျက်နှာအတွက်ဆို ဆားမထည့်ရပါ)

(၃)ပျားရည်

(၄)သံလွင်ဆီ သို့မဟုတ် အုန်းဆီ

ပြုလုပ်နည်း
ကော်ဖီမှုန့် ၅ဇွန်းသကြားဆို ၆ဇွန်း၊ဆားဆို၄ဇွန်းထည့်ပါ၊ပျားရည် ၂ဇွန်းထည့်ပါ။ ပြီးရင် သံလွင်ဆီ သို့ အုန်းဆီကို အသားအရည်ခြောက်သူများအတွက်ဆိုလျှင်စတီးဇွန်း ၄ဇွန်းထည့်ပါ။

ပုံမှန်အသားအရည်သမားများအတွက်က၂ဇွန်းဆိုရပါပြီရောသမအောင်မွှေပါရှင့်အရမ်းစေးကပ်ကပ်ဖြစ်နေလို့မသုံးတတ်ပါကသံပုရိုသီးရည်သို့သံပုရာသီးတလုံး၂လုံးညှစ်ထည့်ပြီးအရည်ပျစ်ပျစ်ဖြစ်လာတဲ့အထိမွှေပေးပြီးပါကအသုံးပြုနိုင်ပါပြီရှင့်။

Homemade scrubဖြစ်လို့၂ရက်ထပ်ပိုမခံပါဘူးနော်။သုံးလို့မကုန်သေးရင် ရေခဲသေတ္တာထဲထည့်ထားပြီးမှနောက်နေ့အတွက်သုံးပါရှင့်။
အသုံးပြုပုံ
အသုံးပြုမည့်နေရာကို ရေအရင်လောင်းပါ ပြီးရင်ရောသမအောင်မွှေထားသော Scrub ဖြင့် ဖြေးညင်းစွာပွတ်တိုက်ပေးပြီး နှိပ်ပေးရင်ပိုကောင်းပါတယ်။

၁မိနစ်လောက်ပွတ်တိုက်ပေးပြီးပါက ရေလောင်းချပြီး ရေချိုးဆပ်ပြာရည်ပြန်သုံးပေးလို့ရပါတယ်။အားလုံးအဆင့်ဆင့်ပြီးပါက Lotion လိမ်းဖို့ လုံးဝမမေ့ပါနဲ့နော်.။

အလွယ်ဆုံးနည်းလေးနဲ့ အသားအရည်ကိုအထိရောက်ဆုံး ထိန်းသိမ်းလို့ရတဲ့နည်းလေးပါရှင့်