အဆမတန်မြင့်တက်လာပြီး ဝယ်ယူလို့မရတဲ့ စက်သုံးဆီစျေးနှုန်းကြောင့် မွန်ပြည်နယ်အတွင်းက အဝေးပြေးယာဥ်လိုင်းများရပ်နားရဖွယ်ရှိ

အဆမတန်မြင့်တက်လာပြီး ဝယ်ယူလို့မရတဲ့ စက်သုံးဆီစျေးနှုန်းကြောင့် မွန်ပြည်နယ်အတွင်းက အဝေးပြေးယာဥ်လိုင်းများရပ်နားရဖွယ်ရှိ

မွန်ပြည်နယ်အတွင်းက အဝေးပြေးယာဉ်လိုင်းတွေဟာစက်သုံးဈေးနှုန်းအဆမတန်မြင့်တက်လာပြီး ဆီဝယ်ယူဖို့ အခက်အခဲရှိနေတာကြောင့်ယာဉ်လိုင်းပြေးဆွဲမှုအပြီးရပ်နားရမယ့်အခြေအနေနဲ့ထပ်မံကြုံတွေ့လာရပါတယ်လို့သိရပါတယ်။

မွန်ပြည်နယ်မှာတော့မော်လမြိုင်ကနေတခြားတိုင်းနဲ့ပြည်နယ်တွေကို ပြေးဆွဲနေတဲ့အဝေးပြေးယာဉ်လိုင်းပေါင်း၇၃လိုင်းရှိနေတာပါ။ ဒါပေမဲ့ အဝေးပြေးယာဉ်လိုင်းတွေဟာ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာ၊ဆီဝယ်ယူဖို့ အခက်အခဲရှိနေတာကြောင့် ရပ်နားရမယ့် အခြေအနေနဲ့ ကြုံနေရတာပါ။

အဝေးပြေးယာဉ်လိုင်းတွေဟာခရီးသည်ရရှိမှုနည်းပါးလာတာ၊ကုန်ပစ္စည်းရရှိမှုသိသိသာသာကျဆင်းလာတာ၊စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေး အဆမတန်တောင်းယူခံနေရတဲ့အတွက်အရှုံးနဲ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် အဝေးပြေးယာဉ်လိုင်းတွေရင်ဆိုင်နေရတဲ့ အခက်အခဲကို န.စ.က အနေနဲ့ လာမယ့် တစ်လအတွင်း ဖြေရှင်းဆောင်ရွက်ပေးနိုင်တာမရှိရင်ယာဉ်လိုင်းအများစုအပြီးပိုင်ရပ်နားလာနိုင်တယ်လို့ ယာဉ်လိုင်းလုပ်ငန်းရှင်တဦးကပြောပါတယ်။

အဝေးပြေးယာဉ်လိုင်းတွေမှာ အဓိကအသုံးပြုနေတဲ့ ဒီဇယ်ဆီဈေးနှုန်းဟာအခုဇွန်လပထမအပတ်အတွင်းတလီတာကို ကျပ် ၂၆၀၀ နီးပါးထိဈေးနှုန်း မြင့်တက်လာတာဖြစ်ပါတယ်။လတ်တလောမှာတော့စက်သုံးဆီဆိုင်တချို့မှာဆီအမျိုးအစားပေါ်မူတည်ပြီး ပြတ်တောက်မှု ဖြစ်ပေါ်နေသလို

တချို့ စက်သုံးဆီဆိုင်တွေမှာရောင်းချဖို့ ဆီလက်ကျန်မရှိတော့တဲ့အတွက်အရောင်းပိတ်ထားကြတာပါ။အဝေးပြေးယာဉ်လိုင်း တာဝန်ခံတဦးကတော့ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊န.စ.က ရဲ့ ကန့်သတ်ချက်တွေကြောင့် ဆက်လက်တောင့်ခံနိုင်ခြင်း မရှိရင်ယာဉ်လိုင်းပြေးဆွဲမှုရပ်နားတော့မယ်လို့ ပြောပါတယ်။

အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတဲ့ အဝေးပြေးယာဉ်လိုင်းဟာအခုအခါမှာတော့ကားအစီးအရေ အကန့်အသတ်နဲ့ပြေးဆွဲလာကြတာသလိုတချို့ယာဉ်လိုင်းတွေကတော့ပိတ်သိမ်းဖို့ထိစဉ်းစားလာကြတာပါ။အဝေးပြေးယာဉ်လိုင်းတွေကားအစီးရေအကန့်အသတ်နဲ့ ပြေးဆွဲလာတာကြောင့်

ယာဉ်လိုင်းလုပ်ငန်းအပေါ်မှီခိုလုပ်ကိုင်နေတဲ့အလုပ်သမားထောင်နဲ့ချီပြီးမိသားစုစားဝတ်နေရေး အခက်အခဲကိုအကြီးအကျယ်ရင်ဆိုင်လာရပါတယ်လို့သိရပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *