ကော့သောင်းမြို့ ရဲ့အလှဂုဏ်ဆောင်တဲ့ လခြမ်းပုံရှိသောကမ်းခြေဖြစ်တဲ့ မြင်းခွါကျွန်းရဲ့အလှ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် /ကော့သောင်းမြို့နယ်မှာရှိတဲ့မြင်းခွါကျွန်းလခြမ်းပုံ ကမ်းခြေနဲ့ သိပ်လှတဲ့ မြင်းခွါကျွန်းတစ်ခုနဲ့ မိတ်ဆက်ပေးမယ်နော်…




မြန်မာနိုင်ငံတောင်ဘက်စွန်းက တနင်္သာရီတိုင်းအတွင်းမှာတော့ ကျွန်းပေါင်း( ၈၀၀ ) ကျော်နဲ့ ဖွဲ့စည်း ထားတဲ့သိပ်ကိုလှပလွန်းတဲ့ကျွန်းများစွာရှိပါတယ်။ ကျွန်းတွေဟာသူ့အလှနဲ့သူ တစ်ခုချင်းစီရှိနေကြပြီး မြိတ်ကျွန်းစုလို့လည်းခေါ်ဆိုကြပါတယ်။
မြိတ်ကျွန်းစုတွေထဲမှာ သိပ်ကို လှပပြီး သွားရောက်လည်ပတ်ရတာ လွယ်ကူတဲ့ ကျွန်းတစ်ကျွန်း နဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ကျွန်းနာမည်လေးကတော့ မြင်းခွာကျွန်း ဝေဟင်ကောင်းကင်ကနေကြည့်မယ်ဆိုရင်မြင်းခွာပုံစံရှိပြီးတော့လခြမ်းပုံကမ်းခြေနဲ့သိပ်ကိုလှပတဲ့ကျွန်းလေးတစ်ကျွန်းဖြစ်ပါတယ်။




မြင်းခွာကျွန်းဟာ ကော့သောင်းမြို့ကနေရေမိုင် (၂၈) မိုင်အကွာမှာတည်ရှိနေတဲ့ကျွန်းလေးတစ်ကျွန်းဖြစ်ပြီး(၂၀၁၅) ခုနှစ်လောက်မှာစတင်နာမည်ကြီးလူသိများလာတဲ့ကျွန်းလေးတစ်ကျွန်းလည်းဖြစ်ပါတယ်။အသည်းပုံကျွန်း( ကြက်မောက်ကျွန်း ) နဲ့ရေမိုင် ( ၄) သာကွာဝေးပြီးတည်ရှိနေပါတယ်။




ကော့သောင်းမြို့ နေ့ချင်းပြန်ခရီးစဉ်မှာတော့လေးကျွန်းခရီးစဉ်ဖြစ်တဲ့ မြင်းခွာကျွန်း ၊ အသည်းပုံကျွန်း ၊ ဇာဒက်ကြီးကျွန်း၊ပါရာဒိုက်အော်ခရီးစဉ်ကတော့နာမည်ကြီးပြီးလူကြိုက်များတဲ့ခရီးစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ညအိပ်ခရီးစဉ်မှာတော့ကော့သောင်းမြို့မှာဆိုရင်ညောင်းဦးဖီးကျွန်းညအိပ်ခရီးစဉ်ဟာဆိုရင်




မြန်မာနိုင်ငံသားများအပြင်တရုတ်နိုင်ငံသား ၊အနောက်တိုင်းနိုင်ငံသားတွေအဓိကလာရောက်လည်ပတ်အိပ်စက်အပန်းဖြေကြတဲ့နေရာကျွန်းလေးတစ်ခုလည်းဖြစ်ပါတယ်။မြင်းခွာကျွန်းမှာဆိုရင် သဘာ၀သန္တာကျောက်ပန်းကျောက်ခက်တွေ၊ရှားပါးငါးမျိုးစိတ်တွေများစွာရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။




လခြမ်းပုံကမ်းခြေးရှိပြီးအော်ထိပ်မှာကျောက်ဆောင်တစ်ခုတည်ရှိနေတဲ့အတွက်လှိုင်းကြီးလေကြီးနေတဲ့အချိန် ၊မုန်တိုင်းများတိုက်ခတ်တဲ့အချိန်များမှာတော့မြင်းခွာအော်အတွင်းမှာ တံငါးလှေငယ်လေးများအမြဲနားခိုးကြတဲ့နေရာလေးတစ်ခုဖြစ်တယ်လို့သိရပါတယ်။

မြင်းခွာကျွန်းမှာတော့ရေချိုထွက်ရှိမှုမရှိတဲ့အတွက်အခြားကျွန်းတွေမှာရေချိုများကိုသွားရောက်ခပ်ယူရတယ်လို့သိရပါတယ်ရှင်။မိုးရာသီများမှာတော့ မိုးရေများကိုခံယူပြီးသောက်သုံးရေ အဖြစ်အသုံးပြုရတယ်လို့ သိရပါတယ်။
မြင်းခွာကျွန်းဟာဇာဒက်ကြီးကျေးရွာအုပ်စုအက်ဒမန်ပင်လယ်အတွင်းမှာပါ၀င်တည်ရှိနေတဲ့ ကျွန်းဖြစ်ပြီး ကော့သောင်းမြို့ကနေ SpeedBoat နဲ့ သွားမယ်ဆိုရင် ( ၄၅ ) မီနစ် ( သို့) ၁ နာရီအတွင်း ရောက်ရှိနိုင်ပါတယ်။

မြင်းခွာကျွန်းမှာတော့တောင်ထိပ်ကနေပင်လယ်ရေပြင်ရဲ့ အလှတရားတွေကြည့်ရှုဖို့ ၊ခရီးသွားချစ်သူတွေအလှဓာတ်ပုံတွေ ရိုက်လို့ရအောင်မျှော်စင်ကြီးတစ်ခုရှိနေပါတယ်။ ဓာတ်ဖမ်းရတာ ဝါသနာပါတဲ့ ခရီးသွား ချစ်သူတွေအတွက်သိပ်ကိုသွားလည်သင့်တဲ့နေရာလေးတစ်ခုဆိုရင်မှားမယ်မထင်ပါဘူး။

မြင်းခွါကျွန်းကို ရောက်ရင်တော့ မြင်းခွါကျွန်းရဲ့Snorkeling Site မှာရေငုတ်ပြီး အလှငါးလေးတွေ ၊သဘာ၀သန္တာကျောက်ပန်းကျောက်ခက်တွေကိုသွားရောက် ကြည့်ရှုဖို့ မမေ့နဲ့နော်… အော်ဒါနဲ့ မြင်းခွာကျွန်းရဲ့တောင်ပေါ်မျှော်စင်လို့ ပြောလို့ရတဲ့ View Point မှာလည်း အလန်းစား ဓာတ်ဖမ်းခဲ့ဖို့ မမေ့နဲ့နော် …

ကြည်လင်ပြီး ပြာလဲလဲရေပြင်မှာတော့ လှေငယ်လေးလှော်ခတ်ပြီး အလှဓာတ်ပုံရိုက်ခဲ့ဖို့ ထပ်သတိထပ်ပေးပါရစေ။