ညအချိန်မရှိ အစားစားခြင်းက ရင်သားကင်ဆာ ဖြစ်စေနိုင်သလားဆိုတာ?

ညအချိန်မရှိ အစားစားခြင်းက ရင်သားကင်ဆာ ဖြစ်စေနိုင်သလားဆိုတာ?

အမျိုးသမီးများ ညစာကိုနောက်ကျစားခြင်းနဲ့ ညဉ့်နက်မှာသွားရည်စာစားခြင်းများက ရင်သားကင်ဆာဖြစ်ဖို့အခွင့်အရေးအန္တရာယ်ကို လက်ယပ်ခေါ်နေတာနဲ့တူတယ်လို့အမေရိကန်ရှိ San Diego School of Medicine မှလေ့လာသူCatherine Marinac ကဆိုထားပါတယ်။

၎င်းရဲ့တွေ့ရှိချက်က ညစာစားပြီးချိန်မှ နောက်တနေ့ နံနက်ခင်းစာစားချိန်အထိ အချိန်ကြာကြာ အစာမစားလေ ဂလူးကို့စ်သကြားက ကင်ဆာရောဂါကိုဖြစ်စေတဲ့သွေးထဲရှိဓါတ်ပမာဏလျော့ကျလေဆိုတာပါပဲ။

ဒီလိုပြုမူနေထိုင်ခြင်းက အာဟာရ(သို့)ကယ်လိုရီကို ရှုပ်ထွေးနေအောင်တွက်ချက်စားသောက်နေရတာထက်လူထုကျန်းမာရေးအတွက်ပိုမိုအကျိုးရှိတယ်လို့ဆိုတယ်။အခြားအချိန်တွေမှာဘယ်လောက်စားစား ညစာစားပြီးနောက်အစာမစားချိန် ၃ နာရီတိုးတိုင်း သွေးထဲရှိဂလူးကို့စ်သကြားဓါတ်၄% လျော့ကျတယ်။

ကျွမ်းကျင်သူများရဲ့ယူဆချက်အရ သွေးထဲရှိသကြားဓါတ်တည်ငြိမ်မှုဟာရင်သားကင်ဖြစ်စေတတ်တဲ့ ဟော်မုန်းခွဲထွက်မှုအန္တရာယ်ကိုလျော့ပါးစေတယ်လို့ဆိုတယ်။

“ဂလူးကို့စ်သည် ကင်ဆာဆဲလ်များကို လျင်မြန်စွာ ခွဲဝေပေးရန်အတွက် လောင်စာဆီ ထောက်ပံ့ပေးခြင်းကြောင့် ဖြစ်နိုင်သည်။ ပိုနေတဲ့ ဂလူးကို့စ်တွေကို ဖယ်ရှားဖို့ သွေးထဲကို စုပ်ထုတ်လိုက်တဲ့ အင်ဆူလင်ဟော်မုန်းဟာ ရောဂါကြီးထွားမှုကို လှုံ့ဆော်ပေးတယ်လို့ “ယူဆကြပါတယ်။

အမျိုးသမီး ၂၂၁၂ ယောက်ကိုလေ့လာပြီးရေးသားတဲ့ဒီစာတန်းကို Philadelphia မှာပြုလုပ်တဲ့The American Associstion for Cancer Research’s နှစ်ပါတ်လည်အစည်းအဝေးမှာတင်ပြခဲ့ပြီးThe journal Cancer Epidemiology မှာလည်းဖေါ်ပြခဲ့တယ်။

အမျိုးသမီးတိုင်း အောက်ပါအချက်အလက်များကို ကိုယ်တိုင်စစ်ဆေးသင့်တယ်။

-Monthly self-exams(ရင်သားကို လစဉ်ကိုယ်တိုင်လက်ဖြင့်ပွတ်သပ်စစ်ဆေးပါ)

-Attention to breastchanges(ရင်သားပုံစံပြောင်းလဲမှုကို ဂရုပြုမိပါစေ)

-Medical exam(ဆေးမှန်မှန်စစ်ပါ)

-Annual mammograms at age 40(အသက် ၄၀ ကျော်ရင်နှစ်စဉ် mammogramရိုက်ပါ)

ရင်သားကင်ဆာအကြိတ်ဖုဟာယေဘူယျအားဖြင့်မာကြောခြင်း၊နာကြင်မှုကင်းမဲ့ခြင်း၊ရွေ့လျားမှုမရှိခြင်း စတဲ့သဘာဝရှိပါတယ်။ရင်သားမှာအထက်ပါထူးခြားချက်များတွေ့ရှိလာပါက ဆရာဝန်ပြသစစ်ဆေးပါ။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပေးပါတယ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *