ပြည်ပကဝယ်လိုမှုများပြားလာ၍ ပြည်တွင်းစျေးကွက်မှာ ဆက်လက်မြင့်တက်လာတဲ့ကြက်သွန်နီစျေး

ပြည်ပကဝယ်လိုမှုများပြားလာ၍ ပြည်တွင်းစျေးကွက်မှာ ဆက်လက်မြင့်တက်လာတဲ့ကြက်သွန်နီစျေး

ပြည်တွင်းမှထွက်ရှိသည့် ကြက်သွန်နီများကိုပြည်ကဝယ်ယူမှုများပြားပြီး ပြည်တွင်းကုန်စည်လက်ကျန်နည်းပါးသည့်အတွက်စျေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာကို ငွေကျပ် ၁၂၀၀ နီးပါးစျေးတက်လာကြောင်းမန္တလေးကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့မှ သိရပါတယ်။

“ပြည်ပကအဝယ်လိုက်လာတော့ကြက်သွန်နီစျေးကဆက်တိုက်မြင့်တက်လာနေတယ်။ စျေးကွက်ထဲမှာက ကြက်သွန်နီဝယ်ပြီးလှောင်တဲ့ကုန်သည်ကများနေတာစျေးအမြင့်ဆုံးထိရောက်အောင်စောင့်နေကြတာပေါ့။

အခု ကြက်သွန်နီလက်ကျန်ကနည်းလာတော့စျေးကလည်းတက်လာတယ်။အရောင်းအဝယ်တွေကသွက်နေတော့စျေးအခုထက်ပိုပြီးတက်ဖို့အလားအလာရှိနေပါတယ်”လို့ မန္တလေးမြို့ရှိ ပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။

လက်ရှိမန္တလေးစျေးကွက်တွင်လည်း မုံရွာဘက်မှထွက်ရှိသောကြက်သွန်နီများအဝယ်လိုက်နေပြီး ပြည်ပကဝယ်ယူမှုများပြားလာသည့်အတွက်စျေးနှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်ကာယခင်ကကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၆၀၀ခန့်ရှိရာမှ

ယခုရက်ပိုင်းတွင်ငွေကျပ် ၁၁၀၀ ကျော်စျေးတက်လာကြောင်း မန္တလေးကုန်စည်ဒိုင်မှသိရပါတယ်။ရန်ကုန်စျေးကွက်တွင်လည်းပြီးခဲ့သည့်ရက်သတ္တပတ်ကကြက်သွန်နီစျေးမှာတစ်ပိဿာကိုငွေကျပ် ၅၀၀ မှ ၉၀၀ ကြားရှိရာမှ ယခုရက်ပိုင်းတွင် ကြက်သွန်နီတစ်ပိဿာကိုငွေကျပ် ၁၂၀၀ နီးပါးအထိ စျေးတက်လာကြောင်းဘုရင့်နောင်ကုန်စည်ဒိုင်မှသိရပါတယ်။

ပြီးခဲ့သည့်မေလအတွင်းက ပြည်တွင်းမှကြက်သွန်နီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀ယ်ယူရန်ကမ်းလှမ်းမှုများရှိထားပြီး တင်ပို့ရန်လုပ်ဆောင်လျက်ရှိကာ ၂၀၂၁ခုနှစ်တွင် ပြည်ပသို့ကြက်သွန်နီတန်ချိန်၂သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြည်ပကဝယ်လိုမှုများပြားလာ၍ ပြည်တွင်းဈေးကွက်မှာ ဆက်လက်ထိုးတက်လာတဲ့ကြက်သွန်နီဈေး

ပြည်တွင်းမှထွက်ရှိသည့် ကြက်သွန်နီများကိုပြည်ကဝယ်ယူမှုများပြားပြီး ပြည်တွင်းကုန်စည်လက်ကျန်နည်းပါးသည့်အတွက်ဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာကို ငွေကျပ် ၁၂၀၀ နီးပါးဈေးတက်လာကြောင်းမန္တလေးကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့မှ သိရပါတယ်။

“ပြည်ပကအဝယ်လိုက်လာတော့ကြက်သွန်နီဈေးကဆက်တိုက်မြင့်တက်လာနေတယ်။ ဈေးကွက်ထဲမှာက ကြက်သွန်နီဝယ်ပြီးလှောင်တဲ့ကုန်သည်ကများနေတာဈေးအမြင့်ဆုံးထိရောက်အောင်စောင့်နေကြတာပေါ့။

အခု ကြက်သွန်နီလက်ကျန်ကနည်းလာတော့ဈေးကလည်းတက်လာတယ်။အရောင်းအဝယ်တွေကသွက်နေတော့ဈေးအခုထက်ပိုပြီးတက်ဖို့အလားအလာရှိနေပါတယ်”လို့ မန္တလေးမြို့ရှိ ပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။

လက်ရှိမန္တလေးဈေးကွက်တွင်လည်း မုံရွာဘက်မှထွက်ရှိသောကြက်သွန်နီများအဝယ်လိုက်နေပြီး ပြည်ပကဝယ်ယူမှုများပြားလာသည့်အတွက်ဈေးနှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်ကာယခင်ကကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၆၀၀ခန့်ရှိရာမှ

ယခုရက်ပိုင်းတွင်ငွေကျပ် ၁၁၀၀ ကျော်ဈေးတက်လာကြောင်း မန္တလေးကုန်စည်ဒိုင်မှသိရပါတယ်။ရန်ကုန်ဈေးကွက်တွင်လည်းပြီးခဲ့သည့်ရက်သတ္တပတ်ကကြက်သွန်နီဈေးမှာတစ်ပိဿာကိုငွေကျပ် ၅၀၀ မှ ၉၀၀ ကြားရှိရာမှ ယခုရက်ပိုင်းတွင် ကြက်သွန်နီတစ်ပိဿာကိုငွေကျပ် ၁၂၀၀ နီးပါးအထိ ဈေးတက်လာကြောင်းဘုရင့်နောင်ကုန်စည်ဒိုင်မှသိရပါတယ်။


Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *