ယနေ့နံနက်ပိုင်းတွင်ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး ၅ရက်အတွင်း ငလျင်(၅)ကြိမ်လှုပ်ခဲ့

ယနေ့ နံနက်ပိုင်း ငလျင်၂ ကြိမ်လှုပ်ခဲ့ပြီးယခုဇွန်လပထမပတ် ၅ ရက်အတွင်းပြည်တွင်းကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိတဲ့ငလျင် ၅ ကြိမ်လှုပ်ခဲ့တယ်လို့ မိုး/ဇလက ထုတ်ပြန်လိုက်ပါတယ်။ဇွန်လ ၁ ရက်နေ့မှ ၅ ရက်အတွင်းမြန်မာနိုင်ငံပြည်တွင် ဂွမြို့၊ကွန်ဟိန်းမြို့ ၊မတ္တရာမြို့၊မိုင်းပြင်းမြို့နဲ့ ညောင်တုန်းမြို့တို့မှာ ငလျင် လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။




ဇွန်လ(၁)ရက်နေ့ကဂွမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၆)မိုင်ခန့်ကွာဝေးသော(မြန်မာ့ပင်လယ်ပြင်၊ဂွမြို့၏ အနောက်တောင်ဘက် (၁၆)မိုင်ခန့်အကွာ)ကိုဗဟိုပြုပြီးအင်အားရစ်(ခ်)တာစကေး (၅.၄)အဆင့်ရှိအင်အာအသင့်အတင့်ရှိသောမြေငလျင်တစ်ခုလှုပ်ရှားခဲ့ပြီး




ဇွန်လ ၂ ရက်နေ့တွင်မြန်မာနိုင်ငံပြည်တွင်း(ကွန်ဟိန်းမြို့၏ အနောက်မြောက်ဘက်(၂၁)မိုင်ခန့်အကွာ)၊ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောမြေငလျင်တစ်ခုလှုပ်ခဲ့တာဖြစ်ပါတယ်။အလားတူ ဇွန်လ (၃)ရက်နေ့ကမြန်မာနိုင်ငံပြည်တွင်း(မတ္တရာမြို့၏ အနောက်တောင်ဘက် (၅)မိုင်ခန့်အကွာ)ကိုဗဟိုပြု၍




အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပါတယ်။ယနေ့ ဇွန်လ ၅ ရက်နေ့တွင်မိုင်းပြင်းမြို့အနီးမှာ အင်အား (၃.၈)အဆင့်ရှိ မြေငလျင်တစ်ခုနဲ့ ညောင်တုန်းမြို့အနီးအင်အား (၄.၂)အဆင့်ရှိ မြေငလျင်တစ်ခုတို့လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ယေန႔နံနက္ပိုင္းတြင္ငလ်င္ႏွစ္ႀကိမ္လႈပ္ခတ္ခဲ့ၿပီး ၅ရက္အတြင္း ငလ်င္(၅)ႀကိမ္လႈပ္ခဲ့(Zawgyi)
ယေန႔ နံနက္ပိုင္း ငလ်င္၂ ႀကိမ္လႈပ္ခဲ့ၿပီးယခုဇြန္လပထမပတ္ ၅ ရက္အတြင္းျပည္တြင္းကို ဗဟိုျပဳၿပီး အင္အားအသင့္အတင့္ရွိတဲ့ငလ်င္ ၅ ႀကိမ္လႈပ္ခဲ့တယ္လို႔ မိုး/ဇလက ထုတ္ျပန္လိုက္ပါတယ္။ဇြန္လ ၁ ရက္ေန႔မွ ၅ ရက္အတြင္း
ျမန္မာႏိုင္ငံျပည္တြင္ ဂြၿမိဳ႕၊ကြန္ဟိန္းၿမိဳ႕ ၊မတၱရာၿမိဳ႕၊မိုင္းျပင္းၿမိဳ႕နဲ႔ ေညာင္တုန္းၿမိဳ႕တို႔မွာ ငလ်င္ လႈပ္ခတ္ခဲ့တာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ဇြန္လ(၁)ရက္ေန႔ကဂြေျမငလ်င္စခန္းမွ အေနာက္ေတာင္ဘက္ (၁၆)မိုင္ခန႔္ကြာေဝးေသာ
(ျမန္မာ့ပင္လယ္ျပင္၊ဂြၿမိဳ႕၏ အေနာက္ေတာင္ဘက္ (၁၆)မိုင္ခန႔္အကြာ)ကိုဗဟိုျပဳၿပီးအင္အားရစ္(ခ္)တာစေကး (၅.၄)အဆင့္ရွိအင္အာအသင့္အတင့္ရွိေသာေျမငလ်င္တစ္ခုလႈပ္ရွားခဲ့ၿပီး ဇြန္လ ၂ ရက္ေန႔တြင္ျမန္မာႏိုင္ငံျပည္တြင္း(ကြန္ဟိန္းၿမိဳ႕၏ အေနာက္ေျမာက္ဘက္(၂၁)မိုင္ခန႔္အကြာ)၊
ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာ စေကး (၄.၁) အဆင့္ရွိ အင္အားအနည္းငယ္ရွိေသာေျမငလ်င္တစ္ခုလႈပ္ခဲ့တာျဖစ္ပါတယ္။အလားတူ ဇြန္လ (၃)ရက္ေန႔ကျမန္မာႏိုင္ငံျပည္တြင္း(မတၱရာၿမိဳ႕၏ အေနာက္ေတာင္ဘက္ (၅)မိုင္ခန႔္အကြာ)ကိုဗဟိုျပဳ၍
အင္အားရစ္(ခ္)တာစေကး (၄.၄) အဆင့္ရွိ အင္အားအနည္းငယ္ရွိေသာ ေျမငလ်င္တစ္ခု လႈပ္ရွားသြားခဲ့ပါတယ္။ယေန႔ ဇြန္လ ၅ ရက္ေန႔တြင္မိုင္းျပင္းၿမိဳ႕အနီးမွာ အင္အား (၃.၈)အဆင့္ရွိ ေျမငလ်င္တစ္ခုနဲ႔ ေညာင္တုန္းၿမိဳ႕အနီးအင္အား (၄.၂)အဆင့္ရွိ ေျမငလ်င္တစ္ခုတို႔လႈပ္ခတ္ခဲ့တာျဖစ္ပါတယ္။