ပြီးခဲ့တဲ့နှစ်တွေကမကျင်းပလိုက်ရတဲ့ အကယ်ဒမီဆုပေးပွဲ ဒီနှစ်ထဲမှာ ပေါင်းကျင်းပဖို့ပြင်ဆင်နေ

ပြီးခဲ့တဲ့နှစ်တွေကမကျင်းပလိုက်ရတဲ့ အကယ်ဒမီဆုပေးပွဲ ဒီနှစ်ထဲမှာ ပေါင်းကျင်းပဖို့ပြင်ဆင်နေ

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီဆုပေးပွဲ) ချီးမြှင့်ပွဲကိုနှစ်နှစ်စာပေါင်းကာကျင်းပသွားရန်စီစဉ်နေတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှသိရသည်။အကယ်ဒမီဆုပေးပွဲတွေကို ၂၀၁၈ ခုနှစ်အထိကျင်းပခဲ့ပြီး၂၀၁၉ ၊ ၂၀၂၀ အကယ်ဒမီဆုပေးပွဲတွေကိုတော့မကျင်းပနိုင်သေးဘဲအဲဒီနှစ်နှစ်စာပေါင်းပြီးကျင်းပဖို့စီစဉ်နေတာဖြစ်ပါတယ်။

လက်ရှိကာလတွင်၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့အတွက်ဆုပေးရွေးချယ်ရန်ရှိနေပြီး ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကားစုစုပေါင်း ၉၈ကားကိုအကဲဖြတ်ကြည့်ရှုမှုများပြုလုပ်၍ရမှတ်များကိုပြုစုကာ ချိတ်ပိတ်သိမ်းဆည်းထားကြောင်း၊

လက်ရှိတွင် ၂၀၂၀ ပြည့်နှစ်ဆုပေးပွဲအတွက်အကဲဖြတ်ကာ ကြည့်ရှုမှုများလုပ်ဆောင်နေကြောင်း သိရသည်။ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ်လတုန်းကတော့ အကယ်ဒမီဆုပေးပွဲကျင်းပဖို့ စီစဉ်ခဲ့ကြပေမယ့်လည်း ကိုဗစ်ကပ်ရောဂါကြောင့် အစီအစဉ်တွေဖျက်သိမ်းခဲ့ရပါတယ်။

“၂၀၂၀ အတွက်က ဇာတ်ကားပေါင်း ၁၀၀ နီးပါးရှိပါတယ်၊ လောလောဆယ်မှာတော့ တော်တော်များများကို ကြည့်ရှုပြီးသွားပြီ၊ကြည့်ရှုအကဲဖြတ်ဖို့ ဇာတ်ကား ၂၀ လောက်ကျန်သေးတယ်”ဟုလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှတာဝန်ရှိသူတစ်ဦးကရှင်းပြသည်။

၂ဝ၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို မူလက ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လ အတွင်းကျင်းပရန်ပြင်ဆင်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ၂ဝ၂ဝ မတ်လပိုင်းကကိုဗစ်ကူးစက်မှုများ စတင်ဖြစ်ပွားခဲ့သည့် အတွက်ယင်းအခမ်းအနားကိုရက်အကန့်အသတ်မရှိရွေ့ဆိုင်းခဲ့ရကြောင်း၊

သို့ရာတွင် ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလကုန်ပိုင်း လောက်တွင်ကိုဗစ်ကူးစက်မှုများလျော့နည်း လာသည့်အတွက်အကယ်ဒမီပွဲအခမ်းအနားကို ၂ဝ၂ဝ ပြည့်နှစ်၊မေလ(သို့မဟုတ်) ဇွန်လလောက်တွင်ကျင်း ပရန်ထပ်မံစီစဉ်ခဲ့ကြသော်လည်းကိုဗစ်ဒုတိယလှိုင်းဖြစ်လာခဲ့သည့်အတွက်အစီအစဉ်များဖျက်သိမ်းခဲ့ရသည်။

လက်ရှိကာလတွင်ဇာတ်ကားများကိုအကဲဖြတ်ကြည့်ရှုမှုများလုပ်ဆောင်နေဆဲဖြစ်ပြီး နှစ်နှစ်စာပေါင်း၍ ကျင်းပ မည့် အကယ်ဒမီဆုပေးပွဲကိုလာမည့်ပွင့်လင်းရာသီလောက်မှသာကျင်းပရန်မှန်းထားကြသော်လည်းရက်ကာလအသေးစိတ်ကိုအတည်ပြုထားခြင်းမျိုးမရှိသေးကြောင်းသိရသည်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *