ရွာသွန်းမြဲထက် ၂ဆ ၃ဆ မိုးပိုရွာနိုင်လို့ ရေကြီးရေလျှံနိုင်သောဒေသများနှင့်တောင်ပြိုမှုသတိထားရမည့်ဒေသများအားကြိုတင်ခန့်မှန်းပေးလိုက်တဲ့ စုစုစံ

ရွာသွန်းမြဲထက် ၂ဆ ၃ဆ မိုးပိုရွာနိုင်လို့ ရေကြီးရေလျှံနိုင်သောဒေသများနှင့်တောင်ပြိုမှုသတိထားရမည့်ဒေသများအားကြိုတင်ခန့်မှန်းပေးလိုက်တဲ့ စုစုစံ

၂၀၂၂ခုနှစ် ဇွန်လ (၄)ရက်နေ့မှစပြီး (၁၀)ရက်နေ့ထိ ဒေသအလိုက်မိုးလေဝသခန့်မှန်းချက်များနှင့်ရေကြီးရေလျှံနိုင်သောဒေသများ၊တောင်ပြိုမှုသတိထားရမည့်ဒေသများကို ကြိုတင်၍ မိုးလေဝသပညာရှင်လေးစုစုစံမှခန့်မှန်းပေးထားပါတယ်။

ဇွန်(၄)ရက်ယနေ့ အတက်ခန့်မှန်းချက်များကတော့မုတ္တမပင်လယ်ကွေ့အတွင်းကိုအနောက်တောင်မုတ်သုန်လေသည် အားအသင့်အတင့်မှ အားကောင်းလာနေပါတယ်။ဧရာတီတိုင်း၊ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မွန်ပြည်နယ်ဒေသတွေမှာ မိုးအသင့်အတင့်မှ အလယ်အလတ်အထိ မိုးရွာနိုင်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးတွင်လည်းနေရာအနှံမပြားမိုးအသင့်အတင့်ရွာနိုင်ပါတယ်။ကျောက်ဖြူ၊စစ်တွေ၊မြေပုံ၊ရသေ့တောင်၊ပုဏ္ဍားကျွန်း၊မြောက်ဦး၊ဘူးသီးတောင်၊မောင်းတော၊ကျောက်တော်၊မင်းပြား တွင်လည်း မိုးများရွာပါမည်။

ပြည်၊ တီတွတ်၊ ပြလို့၊အောင်လံ၊သရက်၊ ရေနံသာ၊ကံမ ၊ဆင်တဲ ၊သရက်ချောင်း၊လောင်းလုံ၊ထာဝယ် ၊ဖြူး၊ တောင်ငူ၊လယ်ဝေး၊ နေပြည်တော်၊ တပ်ကုန်းမိုးရွာနိုင်ပါသည်။စလင်း၊ဆင်ဖြူကျွန်း လျှပ်စီးမိုးကြိုးမိုးရွာနိုင်ပါသည်။

ဇွန်လ ၄ရက်နှင့် ၅ရက်နေ့တွေမှာ မြစ်ကြီးနား၊ ဝိုင်းမော်၊ဝါရှောင်၊ဆင်ဒုံး၊ကန်ပိုက်တီ လမ်းပိုင်းမိုးကြီးရေလျှံနိုင်ပါသည်။အဆိုလမ်းပိုင်းရှိချောင်းများအရှိန်အဟုန်ဖြင့်ရေစီးဆင်းလာနိုင်ခြင်း၊တောင်ပြိုလမ်းပိတ်ခြင်းများဖြစ်ပေါ်နိုင်သဖြင့်အဆိုပါလမ်းပိုင်းကိုခရီးသွားခြင်းမပြုလုပ်သင့်ပါဘူး၊အန္တရာယ်ရှိပါသည်။

ဇွန်လ ၆ရက်နေ့မှ ၁၀ရက်နေ့အတွင်း ရှမ်းပြည်နယ်တစ်ခုလုံးမိုးရွာနိုင်ပါသည်။ ဇွန်လ ၁၀ရက်နေ့တွင် ပဲခူးတိုင်း၊နေပြည်တော်၊မန္တလေးတိုင်း၊မကွေးတိုင်းဒေသတွေမှာ မိုးရွာနိုင်ပြီးရခိုင်ပြည်နယ်တွင်မိုးကြီးနိုင်ပါသည်။

ကချင်ပြည်နယ်မြောက်ပိုင်းတွင်လည်း ဇွန်လ ၃ရက်နေ့မှစပြီး ၁၀ရက်နေ့ထိ ပူတာအိုခရိုင်၊အထက်ဆန်ခေါင်၊ နောင်မွန်း၊ပန်နန်းဒင်နှင့် ဖုန်ကန်ရာဇီ၊ ကန်လန်ရာဇီတောင်တန်းတွေပေါ်မှာရွာသွန်းမြဲထက် မိုးရေချိန် ၂ဆပိုမိုရွာသွန်းနိုင်ပါသည်။

မေခမလိခမြစ်ဖျား မိုးများစွာရွာသွန်းမှာဖြစ်တဲ့အတွက် ကချင်ပြည်နယ်၊ဧရာဝတီမြစ်ရေများစွာတိုးလာနိုင်ပါတယ်။၂၀၂၂ ခုနှစ် ဇွန်လ၇ရက်နေ့မှ ၉ရက်နေ့အတွင်းကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း မုတ္တမပင်လယ်ကွေ့အတွင်း မုတ်သုန်လေအားအလွန်ကောင်းနိုင်ပြီး

မုတ္တမပင်လယ်ကွေ့ဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်း၊စစ်တောင်းမြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ်။စစ်တောင်းမြစ်ဝကျွန်းပေါ်ဒေသတွေဆိုသည်မှာ မုပ္ပလင်၊ မုခမူ၊ကဝ၊ခရမ်း၊သက္ကလ ဒေသတွေပဲဖြစ်ပါတယ်။

၂၀၂၂ခုနှစ် ဇွန်လဒုတိယအပတ်ဖြစ်တဲ့ ၁၅/၆/၂၀၂၂ နေ့အတွင်းစစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွေမှာရွာသွန်းမြဲအထက် ၃ဆပိုမိုရွာသွန်းနိုင်သဖြင့် ဇွန်လအတွင်းဧရာဝတီမြစ်ကြောင်းတလျှောက် မြစ်ရေသည်စိုးရိမ်ရေမှတ်နီးပါးအထိရောက်ရှိလာနိုင်ပါသည်။

နွေရာသီရေကျကျွန်းပေါ်စိုက်ပျိုးထားကြသူများ ကျွန်းအတွင်းနေထိုင်ကြသူများ အထူးသတိပြုကြရန်လိုကြောင်း မိုးလေဝသပညာရှင်လေးစုစုစံမှ စေတနာအရင်းခံရှေ့ထားပြီး မြန်မာပြည်သူများအတွက် ကြိုတင်ခန့်မှန်းပေးထားတာပဲဖြစ်ပါတယ်။

Ref; Su Su San (မင်းဂွတ်သီး)

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *