စက်သုံးဆီစျေးမြင့်တက်မှုကြောင့် ရန်ကုန်-ပဲခူး ယာဉ်လိုင်းပြေးဆွဲမှု ယာယီရပ်နားမည်ဖြစ်

ပြီးခဲ့သည့် ၅လလောက်ကစပြီးပြေးဆွဲလျှက်ရှိသည့် ရန်ကုန်-ပဲခူး ယာဉ်လိုင်း Yangon- Bago Smart City Bus Line By Daewoo Busအားလာမည့် ဇွန်လ၁၀ရက်ကစပြီးခေတ္တရပ်နားမည်ဟုအဆိုပါယာဉ်လိုင်းကယနေ့တွင်အသိပေးပါသည်။




“(၅)လလုံးမှာ ပြည်သူများအဆင်ပြေစေရေးအတွက်အရှုံးခံပြေးဆွဲခဲ့သော်လည်း ယခုအခါမှာစက်သုံးဆီဆေးထပ်မံမြင့်တက်လာမှုကြောင့်ယာဉ်လိုင်းပြေးဆွဲမှုခေတ္တရပ်နားပါမည် ”ဟုယာဉ်လိုင်းကလူမှုကွန်ရက်စာမျက်နှာထက်မှနေ၍ အသိပေးထားသည်ကိုတွေ့ရသည်။




ဇွန်လ ၉ ရက်နေ့အထိ ယခင်ယာဉ်ထွက်ချိန်အတိုင်းပြေးဆွဲပေးမည်ဟုလည်းသိရသည်။ရန်ကုန်- ပဲခူး(ကလိ) အထိတစ်ဦးလျှင်ငွေကျပ်၃၀၀၀နှုန်းဖြင့်အဆိုပါယာဉ်လိုင်းကပြေးဆွဲပေးနေခြင်းဖြစ်သည်။ရန်ကုန်ဂိတ်မှတာဝန်ရှိသူတစ်ဦးက
“ပေချ့်မှာ ကြေညာထားတဲ့အတိုင်းပါပဲ။မရပ်ဖို့တော့ ကြိုးစားနေပါတယ်။ပြန်ထွက်နိုင်ဖို့လည်း ကြိုးစားနေပါတယ်။။ အဓိကကတော့ ဆီဈေးရယ်။စီးနင်းတဲ့သူ နည်းလို့ပါ။ ဆီကအသွားအပြန်တစ်ကြောင်းကို ၁သိန်းခွဲအထိထည့်ရတယ်။စီးတဲ့သူက ၁၅ယောက်၊၂၀လောက်ပဲဆိုတော့ ရှုံးတာပေါ့”ဟု ပြောသည်။




Unicode
စက္သုံးဆီေစ်းျမင့္တက္မႈေၾကာင့္ ရန္ကုန္-ပဲခူး ယာဥ္လိုင္းေျပးဆြဲမႈ ယာယီရပ္နားမည္ျဖစ္
ၿပီးခဲ့သည့္ ၅လေလာက္ကစၿပီးေျပးဆြဲလွ်က္ရွိသည့္ ရန္ကုန္-ပဲခူး ယာဥ္လိုင္း Yangon- Bago Smart City Bus Line By Daewoo Busအားလာမည့္ ဇြန္လ၁၀ရက္ကစၿပီးေခတၱရပ္နားမည္ဟုအဆိုပါယာဥ္လိုင္းကယေန႔တြင္အသိေပးပါသည္။

“(၅)လလုံးမွာ ျပည္သူမ်ားအဆင္ေျပေစေရးအတြက္အရႈံးခံေျပးဆြဲခဲ့ေသာ္လည္း ယခုအခါမွာစက္သုံးဆီေဆးထပ္မံျမင့္တက္လာမႈေၾကာင့္ယာဥ္လိုင္းေျပးဆြဲမႈေခတၱရပ္နားပါမည္ ”ဟုယာဥ္လိုင္းကလူမႈကြန္ရက္စာမ်က္ႏွာထက္မွေန၍ အသိေပးထားသည္ကိုေတြ႕ရသည္။
ဇြန္လ ၉ ရက္ေန႔အထိ ယခင္ယာဥ္ထြက္ခ်ိန္အတိုင္းေျပးဆြဲေပးမည္ဟုလည္းသိရသည္။ရန္ကုန္- ပဲခူး(ကလိ) အထိတစ္ဦးလွ်င္ေငြက်ပ္၃၀၀၀ႏႈန္းျဖင့္အဆိုပါယာဥ္လိုင္းကေျပးဆြဲေပးေနျခင္းျဖစ္သည္။ရန္ကုန္ဂိတ္မွတာဝန္ရွိသူတစ္ဦးက
“ေပခ်႕္မွာ ေၾကညာထားတဲ့အတိုင္းပါပဲ။မရပ္ဖို႔ေတာ့ ႀကိဳးစားေနပါတယ္။ျပန္ထြက္ႏိုင္ဖို႔လည္း ႀကိဳးစားေနပါတယ္။။ အဓိကကေတာ့ ဆီေဈးရယ္။စီးနင္းတဲ့သူ နည္းလို႔ပါ။ ဆီကအသြားအျပန္တစ္ေၾကာင္းကို ၁သိန္းခြဲအထိထည့္ရတယ္။စီးတဲ့သူက ၁၅ေယာက္၊၂၀ေလာက္ပဲဆိုေတာ့ ရႈံးတာေပါ့”ဟု ေျပာသည္။
Zawgyi