၂၀၂၂ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်လျှပ်စစ်ဓါတ်အားယာယီပြတ်တောက်မည့် မြို့နယ်များအားအသိပေး

၂၀၂၂ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်လျှပ်စစ်ဓါတ်အားယာယီပြတ်တောက်မည့် မြို့နယ်များအားအသိပေး

ဇွန်လ ၅ရက်နေ့တွင်လျှပ်စစ်ဓါတ်အားယာယီပြတ်တောက်မည်ဖြစ်သည့် မြို့နယ်များအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးကြေညာထားပါတယ်။

လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊vမြောင်းတကာပင်မဓာတ် အားခွဲရုံရှိ 230kV Bus B ပေါ်မှ Bus A, Bချိတ်ဆက်ထားသောBus B D/S သို့အဆင်း AAC ကြိုးလွန်းပြုပြင်ခြင်း၊ 230kV ဝါးတရာလိုင်း Bus D/S နှင့် GCB ကြား AAC ကြိုးလွန်းပြုပြင်ခြင်း၊

230kV ရွှေတောင်(၁)လိုင်း GCB စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများကို (၅.၆.၂၀၂၂)ရက်နေ့ (တနင်္ဂနွေ)နေ့တွင် (၁၂:၀၀)နာရီမှ(၁၇:၀၀)နာရီအထိ 230kV မြောင်းတကာပင်မဓာတ်အားခွဲရုံ တွင် 230kV Bus အားယာယီဓာတ်အားပိတ်၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပါ သည်။

မြောင်းတကာပင်မဓာတ်အားခွဲရုံတွင် 230kV Bus Shut Down လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း တိုက်ကြီးမြို့နယ်၊မှော်ဘီမြို့နယ်၊ရွှေပြည်သာမြို့နယ်၊ဥက္ကံမြို့၊အဖျောက်မြို့၊မြောင်းတကာမြို့များ၏ စက်မှုဇုန်နှင့်ရပ်ကွက်နေရာအချို့တို့တွင်ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးကြေညာထားပါတယ်။

Unicode






Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *