ပြည်တွင်းစက်သုံးဆီစျေးမြင့်တက်နေပေမယ့်အခွန်အခများလျော့ကောက်ပြီးထိန်းညှိဆောင်ရွက်နေတယ်ဟုကြေညာ

ပြည်တွင်းစက်သုံးဆီစျေးမြင့်တက်နေပေမယ့်အခွန်အခများလျော့ကောက်ပြီးထိန်းညှိဆောင်ရွက်နေတယ်ဟုကြေညာ

ပြည်တွင်းဈေးကွက်မှာစက်သုံးဆီဈေးတွေ မြင့်တက်နေပေမယ့်စက်သုံးဆီကိုပြည်သူတွေသက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူသုံးစွဲနိုင်အောင်မူဝါဒချမှတ်လုပ်ဆောင်နေတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီက ၁ရက်နေ့နေ့စွဲနဲ့ကြေညာခဲ့ပါတယ်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့်စက်သုံးဆီဈေးများနှင့်ပတ်သတ်ပြီးရည်ညွှန်းလက်လီဈေးနှုန်းများကိုရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များစသည်ဖြင့်ခွဲပြီးနေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိသည့်အပြင်

ဈေးကွက်အတွင်းစက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနှင့်ဈေးနှုန်းတည်ငြိမ်စေရေးအတွက်ထိန်းကြောင်းပေးနေသည်ဟုအဆိုပါကော်မတီ၏ထုတ်ပြန်ထားချက်များအရသိရသည်။မြန်မာနိုင်ငံသည် ပြည်တွင်းစက်သုံးဆီလိုအပ်ချက်၏ ၁၀ရာခိုင်နှုန်းခန့်သာပြည်တွင်းမှထုတ်လုပ်ဖြည့်ဆည်းနိုင်နေပြီး၊

ကျန် ၉၀ရာခိုင်နှုန်းခန့်အားပြည်ပမှတင်သွင်းအသုံးပြုနေရသည့်အတွက်ပြည်တွင်း၌ ရောင်းချသည့် စက်သုံးဆီဈေးနှုန်းမှာလည်းနိုင်ငံတကာဈေးနှုန်းအပေါ်မူတည်၍ပြောင်းလဲလျက်ရှိနေသည်ဟုသိရသည်။၂၀၂၂ မေလ ၃၁ရက်နေ့မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သောစက်သုံးဆီဈေးနှုန်းများအားတရားဝင်ငွေလဲလှယ်နှုန်း ၁၈၅၀ ကျပ်ဖြင့်တွက်ပါက

ဓါတ်ဆီ (၁) လီတာ ၂၂၄၀ ကျပ် (1.21 USD)၊ဒီဇယ် (၁) လီတာ ၂၄၅၀ ကျပ် (1.324 USD) ဖြစ်ပြီး၊အရှေ့တောင်အာရှနိုင်ငံများတွင်အများဆုံးဖြစ်သောစင်္ကာပူနိုင်ငံတွင်ဓါတ်ဆီ (၁) လီတာ ၄၁၈၁ ကျပ် (2.260 USD)၊ဒီဇယ် (၁) လီတာ ၃၈၉၈ ကျပ် (2.107 USD) ဖြစ်သဖြင့် မြန်မာနိုင်ငံထက်ဓါတ်ဆီ (၇၉%) နှင့်ဒီဇယ် (၅၇%) ပိုများနေသည်ကိုတွေ့ရှိရမည်ဖြစ်သည်။

မြန်မာနိုင်ငံမှလိုအပ်သော စက်သုံးဆီများအား စင်္ကာပူနိုင်ငံမှ အဓိကဝယ်ယူတင်သွင်းပြီးအိမ်နီးနားချင်းနိုင်ငံများဖြစ်သောထိုင်းနိုင်ငံတွင်ဓါတ်ဆီ (၁) လီတာ (1.506 USD)၊ဒီဇယ် (၁) လီတာ (0.927 USD)၊ လာအိုနိုင်ငံတွင်ဓါတ်ဆီ (၁) လီတာ(1.654 USD)၊ဒီဇယ် (၁)လီတာ (1.329 USD)၊တရုတ်နိုင်ငံတွင်ဓါတ်ဆီ (၁)လီတာ (1.4 USD)၊ဒီဇယ် (၁)လီတာ(1.258 USD)နှင့်

အိန္ဒိယနိုင်ငံတွင်ဓါတ်ဆီ (၁) လီတာ(1.344 USD)၊ ဒီဇယ် (၁) လီတာ (1.205 USD) ဖြစ်ပေါ်လျက် ရှိနေသည်ဟုသိရသည်။မြန်မာနိုင်ငံအနေဖြင့်လည်း စက်သုံးဆီတင်သွင်းရာတွင်ကောက်ခံသည့်အခွန်အား ရာခိုင်နှုန်း အနည်းငယ်သာကောက်ခံ၍ပြည်သူများ သက်သာသည့်ဈေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ရန်မူဝါဒချမှတ်ကာဆောင်ရွက်ပေးလျက်ရှိသည်။

တချို့နိုင်ငံတွေမှာတော့အစိုးရကအခွန်ကောက်တာများလို့ မြန်မာထက်ဈေးများပြီးမလေးရှားမှာတော့ အစိုးရကစိုက်ထုတ်တဲ့အတွက်မြန်မာနိုင်ငံထက် ၆၀ ရာခိုင်နှုန်းလောက်ဈေးနည်းရတာဖြစ်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်တုန်းကဆိုရင်စက်သုံးဆီ အောက်တိန်း 92တစ်လီတာကို ၆၂၅ ကျပ်ပဲရှိခဲ့ရာကနေ အခု ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှာ 92 တစ်လီတာ ၂,၂၃၅ ကျပ် ရှိလာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် တစ်နှစ်ခွဲအတွင်းမှာ စက်သုံးဆီဈေး သုံးဆခွဲကျော်တက်သွားတာဖြစ်ပြီး ပြည်သူတွေလည်း ဒီလိုဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ဆိုးရွားစွာခံစားနေရတာဖြစ်ပါတယ်။အချို့နိုင်ငံများတွင် စက်သုံးဆီတင်သွင်းမှုအပေါ်အခွန်ကောက်ခံမှုများသဖြင့် မြန်မာနိုင်ငံထက် ဈေးများရခြင်းဖြစ်ပြီး၊

မလေးရှားနိုင်ငံတွင် အစိုးရမှ (Subsidize) ထပ်ဆောင်းဖြည့်ဆည်းပေးသဖြင့် မြန်မာနိုင်ငံထက် ၆၀% ခန့် သက်သာသည်ကို တွေ့ရှိရမည်ဖြစ်သည်။မြန်မာနိုင်ငံတွင်မူ ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း ကဏ္ဍနှင့်ပါတ်သတ်ပြီးတင်သွင်းလာသည့် စက်သုံးဆီများအရည်အသွေးပြည့်မီရေးနှင့် ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့်ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက်ရည်ရွယ်၍

အဖွဲဝင်(၁၀)ဦး ပါဝင်သည့်စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ကို ၂၁-၄-၂၀၂၂ ရက်နေ့မှ စတင်ဖွဲစည်းကာစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများအား ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်နေသည့်အပြင် နစကဘက်ကလည်း ငွေကြေးဈေးနှုန်းများတည်ငြိမ်စေရေးအတွက်နိုင်ငံခြားသုံးငွေလဲလှယ်မှုနှုန်းကို ၁၈၅၀ ကျပ်ဖြင့်ပုံမှန်နှုန်းထားသတ်မှတ်ပေးခဲ့ခြင်းများရှိခဲ့ကြသည်။

ထို့အပြင်ကော်မတီအနေဖြင့်လည်း နိုင်ငံတော်အတွက် အခွန်အခများရရှိစေရေး စနစ်တကျကြပ်မတ် ဆောင်ရွက်ခြင်း၊သက်ဆိုင်ရာ တင်သွင်းခွင့်လိုင်စင်များစိစစ်ခွင့်ပြုခြင်း၊ နိုင်ငံခြားငွေ ဝယ်ယူခွင့်ရရှိ စေရေး စိစစ်တင်ပြခြင်း၊ တင်သွင်းစက်သုံးဆီများ၏သိုလှောင်ဖြန့်ဖြူးရောင်းချမှုများအား ကြပ်မတ် ဆောင်ရွက်ခြင်း၊

အရည်အသွေးမှန်ကန်မှုရှိစေရန်စီစစ်ကြပ်မတ်ခြင်း၊ဈေးကွက်အတွင်းဈေးကစားလိုသည့်လုပ်ဆောင်မှုများနှင့်မသမာသောရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်း၊ရောနှောရောင်းချခြင်းများရှိလာပါကအရေးယူနိုင်ရေး Traceability Record ထား၍ ကြီးကြပ်ဆောင်ရွက်ခြင်းစသည်တိုကိုဆောင်ရွက်လျက်ရှိကာ စက်သုံးဆီဖြန့်ဖြူးရောင်းချမှု ဈေးနှုန်းများကို ကြပ်မတ်စောင့်ကြည့်လျှက်ရှိသည်ဟုသိရပါသည်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *