ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုဆောင်ရွက်ပေးသည့်အသင်းအဖွဲ့များအတွက်နိုင်ငံခြားသုံးငွေထားရှိခွင့်ပမာဏသတ်မှတ်

ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုဆောင်ရွက်ပေးသည့်အသင်းအဖွဲ့များအတွက်နိုင်ငံခြားသုံးငွေထားရှိခွင့်ပမာဏသတ်မှတ်

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ်(၂၀/၂၀၂၂)အရထောက်ပံ့ဖြည့် ဆည်းဆောင်ရွက်မှု(Logistics Services)ဝန်ဆောင်မှုဆောင်ရွက်နေသည့် အသင်းအဖွဲ့များအတွက် နိုင်ငံခြားသုံးငွေထားရှိခွင့်ပြုသည့်ပမာဏသတ်မှတ်ခွင့်ပြုခဲ့သည်။

ထိုသို့ သတ်မှတ်ရာတွင်မြန်မာအပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းအသင်း(MIFFA)၏ အသင်းဝင်ကုမ္ပဏီတစ်ခုလျှင်လစဉ်အမေရိကန်ဒေါ်လာပျမ်းမျှ ၃သိန်းခန့်အား နိုင်ငံခြားငွေစာရင်းတွင်ထားရှိခွင့်ပြုပြီး

အမေရိကန်ဒေါ်လာ ၃ သိန်းထက်ကျော်လွန်သည့်ပမာဏအားကျပ်ငွေဖြင့်လဲလှယ်ရမည်ဟုသတ်မှတ်ခဲ့သည်။ထို့ပြင် မြန်မာ့ကုန်သွယ်ရေကြောင်းဆိုင်ရာလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအသင်း၏ သင်္ဘော လိုင်းတစ်ခုလျှင်အမေရိကန်ဒေါ်လာသိန်း (၂၀)အားနိုင်ငံခြားငွေစာရင်းတွင်ထားရှိခွင့်ပြုကာ

အမေရိကန်ဒေါ်လာ သိန်း(၂၀)ထက်ကျော်လွန်သည့် ပမာဏအားကျပ်ငွေဖြင့်လဲလှယ်ရမည်ဟု သတ်မှတ်ခွင့်ပြုခဲ့သည်။အလားတူ နိုင်ငံတကာလေကြောင်းကုန်စည်ပို့ ဆောင်ရေးလုပ်ငန်းများနှင့်နိုင်ငံတကာလေကြောင်းလိုင်းများအား

မြေပြင်ဝန်ဆောင်မှုဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများသည် လုပ်ငန်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁ သိန်းအားနိုင်ငံခြားငွေစာရင်း၌ ထားရှိ ခွင့်ပြုပြီးအမေရိကန်ဒေါ်လာ ၁ သိန်းထက်ကျော်လွန်သည့် ပမာဏအားကျပ်ငွေဖြင့်လဲလှယ်ရမည်ဟုသတ်မှတ်ခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းများအနေဖြင့် ယင်းသို့နိုင်ငံခြားသုံးငွေထားရှိခွင့်ပြုသည့်ပမာဏအားလိုက်နာဆောင်ရွက်ရမည်ဟု အသိပေးအကြောင်းကြားခဲ့သည်။

Unicode








Zawgyi

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *