မပြည်စုံတဲ့မိသားစုလေးအတွက် အိမ်လေးတစ်လုံးဖြည့်ဆည်းပေးလိုက်တဲ့ A & H ရဲ့ပင်တိုင်မနှင်း

A & H ရဲ့ပင်တိုင်မနှင်းဆိုတာ မသိသူမရှိသလောက်ကို လတ်တလောမှာအရမ်းပေါ်ပြူလာဖြစ်နေတဲ့သူဆိုလည်းမမှားပါဘူးနော်.. သူမဟာ အွန်လိုင်းရှော့ မှာ live sale ရောင်းရင်း ဟာသလေးတွေပြောပေးနေတာကြောင့် သူမကိုချစ်တဲ့ဖန်တွေကလည်းအများကြီးရှိနေပါတယ်။




လက်တလောမှာ သူမကို live sale ရောင်းချဖို့အတွက် စိန်ဆိုင်၊ရွှေဆိုင်များနှင့် အရောင်းဆိုင်ကြီးများကပါ ကမ်းလှမ်းကြပါတယ်။အခုဆို A & H ရဲ့ ပင်တိုင်မနှင်းဟာ Live Sale အရမ်းကိုအောင်မြင်တဲ့သူတစ်ယောက်ဖြစ်နေပါပြီနော်..
ဒီကနေ့မှာတော့ မပြည့်စုံတဲ့မိသားစုလေးအတွက် အိမ်လေးတစ်လုံး လှူဒါန်းခဲ့တာလေးကိုပြောပြထားပါတယ်။”အိမ် လေးတစ်လုံး … သမီးလေးရေ မမငယ်ငယ်ကဆိုလဲ အိမ်ပိစိလေးမှာနေခဲ့ရဖူးတော့ကျတန်ဖိုးကြီးတာတန်ဖိုးနည်းတာဖြစ်စေ အိမ်တစ်လုံး ရဲ့တန်ဖိုးကိုနားလည်တန်ဖိုးသိတဲ့တွက်




မိုးတွင်းရောက်တဲ့ခါ မှာမိုးဒဏ် လေဒဏ်မိုးရေယိုနေတဲ့အိမ်အမိုးဒဏ်တွေကို လဲသမီးငယ်လေးတို့ မိသားစုကိုလဲကင်းလွတ်စေချင်တဲ့စေတနာကြောင့်လစ်ဟာနေတဲ့ကွက်လပ်လေးတွက်နိုင်သလောက်လေးကြိုးစားပြီးဖြည့်ပေးနိုင်လိုက်လို့ဝမ်းသာကြည်နူးပီတိဖြစ်ရပါတယ်..




ဒါဟာမနှင်းတစ်ယောက်ထဲရဲ့အလှူမဟုတ်ပါဘူးချစ်ခင်ဝန်းရံပေးကြသူများနှင့် လုပ်ငန်းရှင်များCustomer များကိုရည်စူးပြီးလှူဒါန်းပေးရတဲ့စုပေါင်းအင်အားအလှူလေးပါ..သမီးလေးတို့ မိသားစု ပြုံးပျော်နေတာလေး မြင်ရလို့လဲပိုပြီ ကြည်နူးမိပါတယ်??
မြင်ရသူများလဲ စိတ်ချမ်းသာပါစေချစ်ခင်ပေးကြသူများနှင့် အိမ်လေးတစ်လုံးပိုင်ဆိုင်ချင်ခွင့်မရသေးသူများလဲ မိသားစုစုံစုံနဲ့ အေးမြတဲ့အိမ်လေးတစ်လုံးကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ..”ဆိုပြီးသူမ၏လူမှုစာမျက်နှာတွင်ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။




စိတ်ထားလေးလည်းဖြူပြီး စိတ်ညစ်နေတဲ့သူတွေအတွက် ပျော်ရွှင်အောင်ဟာသလေးတွေလုပ်ပေးတဲ့ မနှင်းတစ်ယောက်လည်းဒီထက်မက အောင်မြင်မှုတွေနဲ့အတူပျော်ရွှင်စွာဖြဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်…
Ref; Ma Hnin




Ref; Ma Hnin