စက်သုံးဆီဆိုင်တစ်ချို့တွေမှာ ဆီပြတ်လပ်နေပေမယ့်ဆီကန်တွေမှာ ဆီရှိကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းပြော

စက်သုံးဆီဆိုင်တစ်ချို့တွေမှာ ဆီပြတ်လပ်နေပေမယ့်ဆီကန်တွေမှာ ဆီရှိကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မြို့ကြီးအချို့ကစက်သုံးဆီဆိုင်တွေမှာဆီပြတ်လပ်နေပေမယ့်ဆီကန်တွေမှာဆီရှိကြောင်းလက်တွေ့ပြနိုင်တယ်လို့မနေ့ကကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာနစကပြန်ကြားရေးဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

” ဆီသိုလှောင်ထားတဲ့ကန်တွေကို ရှိ၊ မရှိကျနော်လိုက်ပြမယ်၊လက်တွေ့လိုက်ကြည့်။မှန်တယ်ဆိုရင်တခုအာမခံ ရမယ်။ကျနော်မေးမြန်းခဲ့တာသည်မှားပါတယ်၊ဆီတကယ်လက်တွေ့ရှိပါတယ်ဆိုတာသတင်းရေးပေးရမယ်။ရေးပေးမယ်ဆိုအာမခံရင်ကျနော်ခေါ်သွားပြီးလက်တွေ့ပြမယ်” လို့ သူကဆိုပါတယ်။

ဆီသင်္ဘောတွေအဆက်မပြတ်ဝင်ရောက်နေသလိုဆီပြတ်လပ်မှုမရှိနိုင်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာမခံသလို မြန်မာနိုင်ငံစက်သုံးစီတင်သွင်းဖြန့်ဖြူးရောင်း ချရေးအသင်း-MPTA လို့ အခိုင်အမာ အာမခံနေတာပါ။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့သီတင်းပတ်မှာပဲ ရန်ကုန်၊ မန္တလေး နဲ့ မူဆယ်မြို့ထဲကဆီဆိုင်အချို့မှာဆီပြတ်နေလို့ဆိုင်တွေတောင်ပိတ်ထားခဲ့ရတယ်လို့သိရပါတယ်။စက်သုံးဆီစျေးမှာလည်းဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။

ယနေ့ ဇွန်လ ၂ရက်နေ့ ရန်ကုန်စက်သုံးဆီစျေးကွက်မှာ 92 Octane တစ်လီတာကို ၂၁၈၅ ကျပ်၊ 95 Octane တစ်လီတာကို ၂၂၆၅ ကျပ်၊ ဒီဇယ် တစ်လီတာကို၂၄၃၅ ကျပ်နှင့် ပရီမီယမ် ဒီဇယ် တစ်လီတာကို ၂၄၆၅ ကျပ်ဖြစ်ပါတယ်။

unicode

စက္သုံးဆီဆိုင္တစ္ခ်ိဳ႕ေတြမွာ ဆီျပတ္လပ္ေနေပမယ့္ဆီကန္ေတြမွာ ဆီရွိေၾကာင္းဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ

ၿမိဳ႕ႀကီးအခ်ိဳ႕ကစက္သုံးဆီဆိုင္ေတြမွာဆီျပတ္လပ္ေနေပမယ့္ဆီကန္ေတြမွာဆီရွိေၾကာင္းလက္ေတြ႕ျပႏိုင္တယ္လို႔မေန႔ကက်င္းပတဲ့သတင္းစာရွင္းလင္းပြဲမွာနစကျပန္ၾကားေရးဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

” ဆီသိုေလွာင္ထားတဲ့ကန္ေတြကို ရွိ၊ မရွိက်ေနာ္လိုက္ျပမယ္၊လက္ေတြ႕လိုက္ၾကည့္။မွန္တယ္ဆိုရင္တခုအာမခံ ရမယ္။က်ေနာ္ေမးျမန္းခဲ့တာသည္မွားပါတယ္၊ဆီတကယ္လက္ေတြ႕ရွိပါတယ္ဆိုတာသတင္းေရးေပးရမယ္။ေရးေပးမယ္ဆိုအာမခံရင္က်ေနာ္ေခၚသြားၿပီးလက္ေတြ႕ျပမယ္” လို႔ သူကဆိုပါတယ္။

ဆီသေဘၤာေတြအဆက္မျပတ္ဝင္ေရာက္ေနသလိုဆီျပတ္လပ္မႈမရွိႏိုင္ဘူးလို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အာမခံသလို ျမန္မာႏိုင္ငံစက္သုံးစီတင္သြင္းျဖန္႔ျဖဴးေရာင္း ခ်ေရးအသင္း-MPTA လို႔ အခိုင္အမာ အာမခံေနတာပါ။

ဒါေပမယ့္လည္း ၿပီးခဲ့တဲ့သီတင္းပတ္မွာပဲ ရန္ကုန္၊ မႏၲေလး နဲ႔ မူဆယ္ၿမိဳ႕ထဲကဆီဆိုင္အခ်ိဳ႕မွာဆီျပတ္ေနလို႔ဆိုင္ေတြေတာင္ပိတ္ထားခဲ့ရတယ္လို႔သိရပါတယ္။စက္သုံးဆီေစ်းမွာလည္းဆက္လက္ျမင့္တက္ေနဆဲျဖစ္ပါတယ္။

ယေန႔ ဇြန္လ ၂ရက္ေန႔ ရန္ကုန္စက္သုံးဆီေစ်းကြက္မွာ 92 Octane တစ္လီတာကို ၂၁၈၅ က်ပ္၊ 95 Octane တစ္လီတာကို ၂၂၆၅ က်ပ္၊ ဒီဇယ္ တစ္လီတာကို၂၄၃၅ က်ပ္ႏွင့္ ပရီမီယမ္ ဒီဇယ္ တစ္လီတာကို ၂၄၆၅ က်ပ္ျဖစ္ပါတယ္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *