ပြင်ပမှရွှေတင်သွင်းဖို့အတွက် ကမ္ဘာရွှေစျေး အကျကိုစောင့်နေတာပါလို့ YGEA အသင်းမှပြော

ကမ္ဘာ့ရွှေစျေးနှုန်းကျဆင်းတာနဲ့ ပြည်တွင်းကိုရွှေတင်သွင်းဖို့ လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။“ပြည်တွင်းကိုရွှေတင်သွင်းဖို့အတွက်ကမ္ဘာ့စျေးအကျကိုစောင့်နေကြတယ်၊ကမ္ဘာ့စျေးလည်းကျတော့ကျလာပါပြီ၊




ရွှေစျေးက၁၈၀၀ အောက်လောက်ရောက်တာနဲ့စကြမှာပါ၊အခုက၁၈၃၅ လောက်ဆိုတော့စောင့်နေကြတာ။စျေးကွက်ထဲမှာကလည်းအခုရွှေကလုံလောက်သွားတဲ့သဘောမှာရှိတယ်။အရင်လိုနယ်စပ်ဖြတ်ကျော်တွေမရှိတော့ဘူး၊လမ်းဘေးပလက်ဖောင်းပေါ်မှာစျေးကစားတဲ့သူတွေမရှိတော့ဘူး၊
ပုံမှန်ဖြစ်သွားတဲ့အခါကျတော့စျေးကွက်တဲ့ပစ္စည်းကအဲ့လောက်မလိုတော့ဘူး။ကမ္ဘာ့စျေးအကျကိုပဲစောင့်ပြီးရွှေတင်သွင်းမယ့်သူတွေကတင်သွင်းသွားမှာပါ၊ရွှေတင်သွင်းမယ့်သူတွေကအသင်းမှာလည်းအရောင်းအဝယ်လုပ်သလိုဆိုင်တွေကုမ္ပဏီတွေလည်းရှိရမှာပါ”လို့ ပြောပါတယ်။




YGEA အနေနဲ့ ဇွန်လအပါအဝင်လာမယ့်သုံးလအတွင်း ပြည်တွင်းမှာရွှေကုန်ကြမ်းလုံလောက်မှုရှိစေဖို့ ပြည်ပကနေ ရွှေတင်သွင်းသွားဖို့ကို ပြီးခဲ့တဲ့မေလမှစတင်ကာအစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး စီစဉ်ထားခဲ့ခြင်းဖြစ်ပါတယ်။
“အခုရွှေစျေးကအမြင့်ပိုင်းမှာပဲရှိပါသေးတယ်၊အခုကာလကကျောင်းသားကျောင်းအပ်တဲ့အချိန်ဆိုတော့စျေးကွက်အေးနေတယ်၊ပြည်တွင်းမှာဝယ်လိုအားနည်းတယ်၊ရောင်းလိုအားကနည်းနည်းများနေတယ်ပေါ့၊ဒီတစ်ပတ်အတွင်းကတော့ရွှေစျေးကသိန်းနှစ်ဆယ်လေးသောင်း ငါးသောင်းဝန်းကျင်မှာပဲဆက်ရှိနိုင်ပါတယ်။




အခုစျေးကွက်ထဲမှာစျေးကစားမှု၊မှောင်ခိုလုပ်တာတွေထိန်းနိုင်ဖို့လိုင်စင်တွေလုပ်ခိုင်းထားတာလည်းရှိတော့အခုဆိုရင်လုပ်ငန်းရှင် ၅၀လောက်ကလာရောက်လျှောက်ထားတာတွေရှိနေပါပြီ”လို့ ဆက်လက်ပြောခဲ့တာပဲဖြစ်ပါတယ်။
ပြည်တွင်းရွှေစျေးကွက်အတွင်းဇွန်လ ၁ ရက်နေ့တွင်အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ၂၀၄၅၀၀၀ ကျပ်ဖြင့် YGEA ကစျေးပိတ်ခဲ့ပြီး ကမ္ဘာ့ရွှေစျေးကတော့တစ်အောင်စကို ၁၈၃၃ ဒေါ်လာပေါက်စျေးမှာရှိနေပါတယ်။




Unicode
ပြင်ပမှရွှေတင်သွင်းဖို့အတွက် ကမ္ဘာရွှေဈေး အကျကိုစောင့်နေတာပါလို့ YGEA အသင်းမှပြော
ကမ္ဘာ့ရွှေဈေးနှုန်းကျဆင်းတာနဲ့ ပြည်တွင်းကိုရွှေတင်သွင်းဖို့ လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။“ပြည်တွင်းကိုရွှေတင်သွင်းဖို့အတွက်ကမ္ဘာ့ဈေးအကျကိုစောင့်နေကြတယ်၊ကမ္ဘာ့ဈေးလည်းကျတော့ကျလာပါပြီ၊

ရွှေဈေးက၁၈၀၀ အောက်လောက်ရောက်တာနဲ့စကြမှာပါ၊အခုက၁၈၃၅ လောက်ဆိုတော့စောင့်နေကြတာ။ဈေးကွက်ထဲမှာကလည်းအခုရွှေကလုံလောက်သွားတဲ့သဘောမှာရှိတယ်။အရင်လိုနယ်စပ်ဖြတ်ကျော်တွေမရှိတော့ဘူး၊လမ်းဘေးပလက်ဖောင်းပေါ်မှာဈေးကစားတဲ့သူတွေမရှိတော့ဘူး၊
ပုံမှန်ဖြစ်သွားတဲ့အခါကျတော့ဈေးကွက်တဲ့ပစ္စည်းကအဲ့လောက်မလိုတော့ဘူး။ကမ္ဘာ့ဈေးအကျကိုပဲစောင့်ပြီးရွှေတင်သွင်းမယ့်သူတွေကတင်သွင်းသွားမှာပါ၊ရွှေတင်သွင်းမယ့်သူတွေကအသင်းမှာလည်းအရောင်းအဝယ်လုပ်သလိုဆိုင်တွေကုမ္ပဏီတွေလည်းရှိရမှာပါ”လို့ ပြောပါတယ်။
“အခုရွှေဈေးကအမြင့်ပိုင်းမှာပဲရှိပါသေးတယ်၊အခုကာလကကျောင်းသားကျောင်းအပ်တဲ့အချိန်ဆိုတော့ဈေးကွက်အေးနေတယ်၊ပြည်တွင်းမှာဝယ်လိုအားနည်းတယ်၊ရောင်းလိုအားကနည်းနည်းများနေတယ်ပေါ့၊ဒီတစ်ပတ်အတွင်းကတော့ရွှေဈေးကသိန်းနှစ်ဆယ်လေးသောင်း ငါးသောင်းဝန်းကျင်မှာပဲဆက်ရှိနိုင်ပါတယ်။
အခုဈေးကွက်ထဲမှာဈေးကစားမှု၊မှောင်ခိုလုပ်တာတွေထိန်းနိုင်ဖို့လိုင်စင်တွေလုပ်ခိုင်းထားတာလည်းရှိတော့အခုဆိုရင်လုပ်ငန်းရှင် ၅၀လောက်ကလာရောက်လျှောက်ထားတာတွေရှိနေပါပြီ”လို့ ဆက်လက်ပြောခဲ့တာပဲဖြစ်ပါတယ်။
ပြည်တွင်းရွှေဈေးကွက်အတွင်းဇွန်လ ၁ ရက်နေ့တွင်အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ၂၀၄၅၀၀၀ ကျပ်ဖြင့် YGEA ကဈေးပိတ်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးကတော့တစ်အောင်စကို ၁၈၃၃ ဒေါ်လာပေါက်ဈေးမှာရှိနေပါတယ်။