ကြက်သွန်နီကပေးတဲ့ ခန္ဓာကိုယ်အတွက် အကျိုးသက်ရောက်မှု (၈)မျိုး

ကြက်သွန်နီကို မီးဖိုချောင်မှာအများဆုံးတွေ့ရပါတယ်။ဟင်းချက်တဲ့နေရာမှာအသုပ်တွေသုပ်တဲ့နေရာမှာ အသုံးများပါတယ်။ကြက်သွန်နီမှာသတ္တုဓာတ်များ၊ဗီတာမင်နဲ့ အခြားအရေးကြီးတဲ့အပင်ဒြပ်ပေါင်းတွေ အပြင်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်တွေကိုသိုလှောင်ပေးထားပါတယ်။




ကြက်သွန်နီမှာ ဆေးဖက်ဝင်ဂုဏ်သတ္တိတွေပါဝင်တာကိုရှေးခေတ်ကတည်းကသိရှိခဲ့ကြပြီး နှလုံးရောဂါ၊ခေါင်းကိုက်ခြင်းနဲ့ ခံတွင်းအနာများကဲ့သို့သောပြဿနာများကုသရာတွင်အသုံးပြုလေ့ရှိကြပါတယ်။ ကြက်သွန်နီမှာ ဘယ်လို အစွမ်းသတ္တိတွေရှိလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်နော်။
(၁) သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း




ကြက်သွန်နီမှာပါဝင်တဲ့ sulphur နဲ့ Chromiumလိုမျိုး ဒြပ်ပေါင်းတွေက သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးပြီးသွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်။လေ့လာမှုများအရကြက်သွန်ဖြူကို ပုံမှန်ထိန်းပြီးစားသုံးပေးမယ်ဆိုရင်ဆီးချိုရောဂါသို့မဟုတ်ဆီးချိုဝေဒနာရှင်များအတွက် အထောက်အကူ ဖြစ်စေကြောင်းကိုတွေ့ရှိခဲ့ကြပါတယ်။ဒါ့အပြင်ကြက်သွန်နီမှာပါဝင်တဲ့ ဆာလဖာနဲ့ quercetin ကဲ့သို့သော ဒြပ်ပေါင်းတွေကဆီးချိုရောဂါကိုသက်သာစေနိုင်ပါတယ်။




(၂) ကင်ဆာကိုလည်း တိုက်ဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ခြင်း
ကြက်သွန်နီမှာ flavonoid ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဆာလဖာဒြပ်ပေါင်းတွေက ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေပါတယ်။ ကြက်သွန်နီက အကျိတ်ကြီးထွားမှုကို တားဆီးပေးတဲ့ quercetin, fisetin, flavonoid စတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။




(၃) အစာခြေစနစ်ကိုကောင်းမွန်စေခြင်း
ကြက်သွန်နီက အူလမ်းကြောင်းကျန်းမာရေးကိုလည်း တိုးတက်ကောင်းမွန်စေတဲ့ perbiotics, fiber ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ကြက်သွန်နီတွင် fructooligosaccharides, prebiotic inulinတို့ ကြွယ်ဝစွာပါဝင်ပြီးပုံမှန်စားသုံးပေးခြင်းဖြင့်အူလမ်းကြောင်းအတွင်းရှိဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ဒီလိုဖယ်ရှားပေးခြင်းကြောင့်အစာခြေစနစ်ကပိုမိုကောင်းမွန်လာတာ ဖြစ်ပါတယ်။




(၄) အရိုးတွေကို သန်မာစေခြင်း
ကြက်သွန်နီစားသုံးပေးတဲ့ အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ အရိုးသိပ်သည်းဆတွေကို တိုးတက်စေပါတယ်။ ကြက်သွန်နီစားသုံးခြင်းသည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပမာဏကို တိုးမြှင့်စေပြိး ဓာတ်တိုးဆန့်ကျင်မှု ဖိအားကိုလည်း လျှော့ချပေးကာ အရိုးဆုံးရှုံးမှုကို လျော့နည်းစေကာ အရိုးသိပ်သည်းဆကို မြှင့်တင်ပေးပြီး အရိုးပွ ရော၈ါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၅) နှလုံးကျန်းမာစေခြင်း
ကြက်သွန်နီက triglycerides တွေကို လျော့ကျစေပြီး ရောင်ရမ်းမှုကို တွန်းလှန်ပေးပြီး ကိုလက်စထရော ပမာဏကို လျှော့ချပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပါတယ်။ ဒီလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေပါဝင်တာကြောင့်နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ကြက်သွန်နီမှာ ပါဝင်တဲ့ သတ္တုဓာတ်တွေက ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေက သွေးခဲတာကို ကာကွယ်ပေးပြီး သွေးတိုးတာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။




(၆) ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်ခြင်း
ကြက်သွန်နီမှာပါတဲ့ ဆာလ်ဖာ ပမာဏ မြင့်မားခြင်းကရောင်ရမ်းမှုတွေကို သက်သာစေနိုင်တဲ့ သတ္တုဓာတ် ဖြစ်ပါတယ်။ ဒါ့အပြင်ရောင်ရမ်းမှုကိုလျှော့ချပေးပြီး ကိုယ်ခံအားကောင်းစေတဲ့ဆီလီနီယမ်ကြွယ်ဝစွာပါဝင်ပါတယ်။
(၇)ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း

ကြက်သွန်နီမှာဆယ်လီနီယမ်ပါဝင်တာကြောင့် ကောင်းမွန်တဲ့ ကိုယ်ခံစွမ်းအားကို ထိန်းသိမ်းဖို့အတွက် အလွန်ကို ထိရောက်ပါတယ်။ ဆီလီနီယမ်သည် ဓာတ်မတည့်မှု နဲ့ ဗိုင်းရပ်ကူးစက်မှုများကို စီမံခန့်ခွဲရာတွင် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါကြောင့် ကြက်သွန်နီကို စားသုံးပေးသင့်ပါတယ်။




(၈) ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
ကြက်သွန်နီဖျော်ရည်သောက်ပေးမယ်ဆိုရင် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အိမ်သုံးဆေးတစ်လက်ဖြစ်ပါတယ်။ ကြက်သွန်နီကို ဖျော်ရည်အပြင် အခြားသော နည်းလမ်းတွေနဲ့လည်း အသုံးပြုလို့ ရပါသေးတယ်။
ref: Onion Super food