အမေရိကန်သမ္မတအိမ်ဖြူတော်အထိခြေဆန့်ခဲ့တဲ့ ကိုရီးယားပေါ့ပ်အဆိုတော် BTS အဖွဲ့

တောင်ကိုရီးယားအမျိုးသား ပေါ့ပ်အဆိုတော်အဖွဲ့ BTS ဟာ အမေရိကန်သမ္မတအိမ်တော် အိမ်ဖြူတော်မှာ သမ္မတဂျိုးဘိုင်ဒန်နဲ့ မနေ့ မေလ ၃၁ ရက်တုန်းကတွေ့ဆုံခဲ့ပါတယ်။
သမ္မတဘိုင်ဒန်ကတော့ အာရှအနွယ်တွေကိုဆန့်ကျင်တဲ့အမုန်းတရားအခြေခံရာဇဝတ်မှုတွေနဲ့ ခွဲခြားမှုတွေမြင့်တက်လာချိန်မှာအဲဒီလိုအမုန်းတရားတွေလျှော့ချရေးအားထုတ်နေတဲ့ BTS အဖွဲ့နဲ့တွေ့ဆုံရတာကိုဝမ်းသာတဲ့အကြောင်းသူ့ရဲ့လူမှုကွန်ယက်အကောင့် တွစ်တာကနေပြောပါတယ်။




BTS အဖွဲ့ကတော့ အိမ်ဖြူတော်ကိုဖိတ်ကြားတဲ့သမ္မတကို ကျေးဇူးတင်ကြောင်းပြောသလိုအရေးကြီးတဲ့ကိစ္စရပ်တွေကိုဆွေးနွေးခွင့်ရလို့ကျေးဇူးတင်တဲ့အကြောင်းလည်းပြောထားပါတယ်။
ပြီးခဲ့တဲ့ ရက်က Nextshark သတင်းရဲ့ရေးသားဖော်ပြချက်အရကေပေါ့အဖွဲ့ဟာအာရှမုန်းတီးရေးကို ဆန့်ကျင်ရေး အကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးအကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကိုရှုတ်ချဖို့အတွက်၎င်းတို့ရဲ့ အနုပညာဂီတပလက်ဖောင်းကို ယခင်ကအသုံးပြုခဲ့တယ်လို့ သိရပါတယ်။




“ အာရှမုန်းတီးရေး ဆန့်ကျင်မှုရာဇဝတ်တွေအရှိန်အဟုန်မြင့်လာမှုကိုတိုက်ဖျက်ဖို့သမ္မတဘိုင်ဒန်က ၎င်းရဲ့ ကတိကဝတ်တွေကိုအရင်ကပြောခဲ့ဖူးပါတယ်” လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
“ သမ္မတဘိုင်ဒန်နဲ့ BTS တို့ကမတူကွဲပြားမှုတွေနဲ့ပါဝင်မှုရဲ့အရေးပါမှုကို ကမ္ဘာတစ်ဝန်းကမျှော်လင့်ချက်နဲ့အပြုသဘောဆောင်တဲ့သတင်းစကားတွေကိုဖြန့်ဝေပေးတဲ့လူငယ်သံတမန်အဖြစ် ဆွေးနွေးသွားကြမှာဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။




ကိုရီးယား နာမည်ကြီးအဆိုတော်အဖွဲ့ဟာ ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယားရဲ့ အထူးသံတမန်အဖြစ် ခန့်အပ်ခြင်းလည်းခံရပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာမိန့်ခွန်းပြောကြားရတဲ့ ပထမဆုံး ကေပေါ့အဖွဲ့လည်းဖြစ်လာခဲ့ပါတယ်။
Unicode
အေမရိကန္သမၼတအိမ္ျဖဴေတာ္အထိေျခဆန႔္ခဲ့တဲ့ ကိုရီးယားေပါ့ပ္အဆိုေတာ္ BTS အဖြဲ႕
ေတာင္ကိုရီးယားအမ်ိဳးသား ေပါ့ပ္အဆိုေတာ္အဖြဲ႕ BTS ဟာ အေမရိကန္သမၼတအိမ္ေတာ္ အိမ္ျဖဴေတာ္မွာ သမၼတဂ်ိဳးဘိုင္ဒန္နဲ႔ မေန႔ ေမလ ၃၁ ရက္တုန္းကေတြ႕ဆုံခဲ့ပါတယ္။

သမၼတဘိုင္ဒန္ကေတာ့ အာရွအႏြယ္ေတြကိုဆန႔္က်င္တဲ့အမုန္းတရားအေျခခံရာဇဝတ္မႈေတြနဲ႔ ခြဲျခားမႈေတြျမင့္တက္လာခ်ိန္မွာအဲဒီလိုအမုန္းတရားေတြေလွ်ာ့ခ်ေရးအားထုတ္ေနတဲ့ BTS အဖြဲ႕နဲ႔ေတြ႕ဆုံရတာကိုဝမ္းသာတဲ့အေၾကာင္းသူ႔ရဲ႕လူမႈကြန္ယက္အေကာင့္ တြစ္တာကေနေျပာပါတယ္။
BTS အဖြဲ႕ကေတာ့ အိမ္ျဖဴေတာ္ကိုဖိတ္ၾကားတဲ့သမၼတကို ေက်းဇူးတင္ေၾကာင္းေျပာသလိုအေရးႀကီးတဲ့ကိစၥရပ္ေတြကိုေဆြးေႏြးခြင့္ရလို႔ေက်းဇူးတင္တဲ့အေၾကာင္းလည္းေျပာထားပါတယ္။
ၿပီးခဲ့တဲ့ ရက္က Nextshark သတင္းရဲ႕ေရးသားေဖာ္ျပခ်က္အရေကေပါ့အဖြဲ႕ဟာအာရွမုန္းတီးေရးကို ဆန႔္က်င္ေရး အေၾကာင္းထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးအၾကမ္းဖက္မႈနဲ႔ ခြဲျခားဆက္ဆံမႈေတြကိုရႈတ္ခ်ဖို႔အတြက္၎တို႔ရဲ႕ အႏုပညာဂီတပလက္ေဖာင္းကို ယခင္ကအသုံးျပဳခဲ့တယ္လို႔ သိရပါတယ္။

“ အာရွမုန္းတီးေရး ဆန႔္က်င္မႈရာဇဝတ္ေတြအရွိန္အဟုန္ျမင့္လာမႈကိုတိုက္ဖ်က္ဖို႔သမၼတဘိုင္ဒန္က ၎ရဲ႕ ကတိကဝတ္ေတြကိုအရင္ကေျပာခဲ့ဖူးပါတယ္” လို႔ အိမ္ျဖဴေတာ္ထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပထားပါတယ္။
“ သမၼတဘိုင္ဒန္နဲ႔ BTS တို႔ကမတူကြဲျပားမႈေတြနဲ႔ပါဝင္မႈရဲ႕အေရးပါမႈကို ကမာၻတစ္ဝန္းကေမွ်ာ္လင့္ခ်က္နဲ႔အျပဳသေဘာေဆာင္တဲ့သတင္းစကားေတြကိုျဖန႔္ေဝေပးတဲ့လူငယ္သံတမန္အျဖစ္ ေဆြးေႏြးသြားၾကမွာျဖစ္ပါတယ္” လို႔ ေရးသားထားပါတယ္။
ကိုရီးယား နာမည္ႀကီးအဆိုေတာ္အဖြဲ႕ဟာ ကုလသမဂၢဆိုင္ရာ ေတာင္ကိုရီးယားရဲ႕ အထူးသံတမန္အျဖစ္ ခန႔္အပ္ျခင္းလည္းခံရၿပီး ကုလသမဂၢအေထြေထြညီလာခံမွာမိန႔္ခြန္းေျပာၾကားရတဲ့ ပထမဆုံး ေကေပါ့အဖြဲ႕လည္းျဖစ္လာခဲ့ပါတယ္။