Joby ၏ မိုးပျံတက္ကဆီ (Air Taxi ) ပြေးဆွဲရန် ခွင့်ပြုချက်ရရှိ

Joby ၏ မိုးပျံတက္ကဆီ (Air Taxi ) ပြေးဆွဲရန် ခွင့်ပြုချက်ရရှိ

အမေရိကန်နိုင်ငံတွင် မိုးပျံတက္ကဆီပြေးဆွဲရန် အဓိကအားဖြင့် လက်မှတ် ၃ ခု ရရှိထားဖို့ လိုအပ်တယ်လို့ဆိုပါတယ်။မိုးပျံတက္ကဆီလုပ်ငန်းအတွက်လုပ်ကိုင်ခွင့်ကို ပြည်ထောင်စုမြို့ပြလေကြောင်းဦးစီးဌာန Federal Aviation Administration (FAA) ထံမှ

လိုအပ်သောလက်မှတ် ၁ ခုရရှိပြီဖြစ်ကြောင်း Joby Aviation Inc က ပြောကြားထားပါတယ်။Joby အနေဖြင့် လျှပ်စစ်ဖြင့်မောင်းနှင်သည့် ငါးယောက်စီးမိုးပျံတက္ကဆီများကိုအသုံးပြုပြီးလာမယ့် ၂၀၂၄ ခုနှစ်တွင်စတင်ဝန်ဆောင်မှုပေးနိုင်ရန်အစီအစဉ်ရေးဆွဲထားတယ်လို့ဆိုပါတယ်။

အဆိုပါခွင့်ပြုလက်မှတ်သည် Joby ကိုလျှပ်စစ်သုံးထောင်လိုက်တက်ဆင်း electric vertical take-off and landing (eVTOL) ယာဉ်ပျံဖြင့်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

သို့ဖြစ်ရာအမေရိကန်နိုင်ငံတစ်လွှားမြို့များအကြား၊ရပ်ကွက်များအကြားမိုးပျံတက္ကဆီ air taxi ဝန်ဆောင်မှုအတွက် eVTOL ယာဉ်ပျံဖြင့်လုပ်ကိုင်နိုင်မည်ဖြစ်တယ်လို့သိရပါတယ်။

Unicode



photo crd



photo crd


Zawgyi

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *