ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံရှိမှန်တံတားအသစ်

ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံရှိမှန်တံတားအသစ်

ဧပြီလ၌ ဗီယက်နမ်တွင်တတိယအကြိမ်မြောက်အသစ်ဖွင့်လှစ်ခဲ့သောမှန်တံတားသည်ကမ္ဘာ့အရှည်လျားဆုံးမှန်တံတားအဖြစ်ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင်ခဲ့သည်။ဗီယက်နမ်နိုင်ငံအနောက်မြောက်ပိုင်း ဆွန်လာခရိုင်ရှိကျေးလက်ကုန်းမြင့်ဒေသ၌တည်ရှိသော

အဆိုပါဘတ်ချ်လောင်း (Bach Long) မှန်တံတားသည် နာမည်ကြီးတောင်ပေါ်အပန်းဖြေစခန်းတစ်ခုနှင့် ချိတ်ဆက်ပေးထားပြီး တံတားပေါ်မှရင်သက်ရှုမောဖွယ်ကောင်းပြီးစိမ်းလန်းစိုပြည်သောတောင်ပေါ် မိုးသစ်တော၏ရှုခင်းအလှကိုပါတွေ့မြင်ခံစားနိုင်မှာဖြစ်သည်။

မြေပြင်အထက် ၄၉၂ ပေ၌ တည်ဆောက်ထားပြီး အလျား ၂,၀၇၃ ပေရှိသော ၎င်းတံတားသည် ကိုဗစ်အပြီး ခရီးသွားလုပ်ငန်းများ ပြန်လည်တွင်ကျယ်လာစေရန်အတွက်ဒေသတွင်းခရီးသွားအာဏာပိုင်များနှင့် ပြင်သစ်ဆောက်လုပ်ရေးကုမ္ပဏီတို့မှပူးတွဲတည်ဆောက်ထားသောတံတားဖြစ်သည်။

၎င်းတံတားအားလူအယောက် ၄၅၀တစ်ပြိုင်တည်းဖြတ်လျှောက်နိုင်အောင်တည်ဆောက်ထားပြီး တံတား၏ခံနိုင်ဝန်ကိုအက်စ်ယူဗွီကားတစ်စီးအားတံတားပေါ်တွင်မောင်းနှင်၍ စမ်းသပ်ထားသည်။ဧပြီလတွင်ဖွင့်လှစ်ခဲ့​သောထိုတံတားအား

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအရာရှိများက​မေလ​နောက်ဆုံးပတ်တွင် ကမ္ဘာ့အရှည်ဆုံးမှန်တံတားအဖြစ် အတည်ပြုလက်မှတ်ထုတ်ပေးခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။ကမ္ဘာ့အရှည်ဆုံး မှန်တံတားအတွက် ယခင်က တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်ရှိ ၁,၇၂၆ ပေ အရှည်ရှိ မှန်တံတားမှ စံချိန်တင်ထားခဲ့သည်။

Source: CNN

Unicode

ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ခဲ့တဲ့ ဗီယက္နမ္ႏိုင္ငံရွိမွန္တံတားအသစ္

ဧၿပီလ၌ ဗီယက္နမ္တြင္တတိယအႀကိမ္ေျမာက္အသစ္ဖြင့္လွစ္ခဲ့ေသာမွန္တံတားသည္ကမာၻ႔အရွည္လ်ားဆုံးမွန္တံတားအျဖစ္ဂင္းနစ္ကမာၻ႔စံခ်ိန္မွတ္တမ္းဝင္ခဲ့သည္။ဗီယက္နမ္ႏိုင္ငံအေနာက္ေျမာက္ပိုင္း ဆြန္လာခ႐ိုင္ရွိေက်းလက္ကုန္းျမင့္ေဒသ၌တည္ရွိေသာ

အဆိုပါဘတ္ခ်္ေလာင္း (Bach Long) မွန္တံတားသည္ နာမည္ႀကီးေတာင္ေပၚအပန္းေျဖစခန္းတစ္ခုႏွင့္ ခ်ိတ္ဆက္ေပးထားၿပီး တံတားေပၚမွရင္သက္ရႈေမာဖြယ္ေကာင္းၿပီးစိမ္းလန္းစိုျပည္ေသာေတာင္ေပၚ မိုးသစ္ေတာ၏ရႈခင္းအလွကိုပါေတြ႕ျမင္ခံစားႏိုင္မွာျဖစ္သည္။

ေျမျပင္အထက္ ၄၉၂ ေပ၌ တည္ေဆာက္ထားၿပီး အလ်ား ၂,၀၇၃ ေပရွိေသာ ၎တံတားသည္ ကိုဗစ္အၿပီး ခရီးသြားလုပ္ငန္းမ်ား ျပန္လည္တြင္က်ယ္လာေစရန္အတြက္ေဒသတြင္းခရီးသြားအာဏာပိုင္မ်ားႏွင့္ ျပင္သစ္ေဆာက္လုပ္ေရးကုမၸဏီတို႔မွပူးတြဲတည္ေဆာက္ထားေသာတံတားျဖစ္သည္။

၎တံတားအားလူအေယာက္ ၄၅၀တစ္ၿပိဳင္တည္းျဖတ္ေလွ်ာက္ႏိုင္ေအာင္တည္ေဆာက္ထားၿပီး တံတား၏ခံႏိုင္ဝန္ကိုအက္စ္ယူဗြီကားတစ္စီးအားတံတားေပၚတြင္ေမာင္းႏွင္၍ စမ္းသပ္ထားသည္။ဧၿပီလတြင္ဖြင့္လွစ္ခဲ့​ေသာထိုတံတားအား

ဂင္းနစ္ကမာၻ႔စံခ်ိန္မွတ္တမ္းအရာရွိမ်ားက​ေမလ​ေနာက္ဆုံးပတ္တြင္ ကမာၻ႔အရွည္ဆုံးမွန္တံတားအျဖစ္ အတည္ျပဳလက္မွတ္ထုတ္ေပးခဲ့ေၾကာင္း ေဒသတြင္းမီဒီယာမ်ားက ေဖာ္ျပခဲ့သည္။ကမာၻ႔အရွည္ဆုံး မွန္တံတားအတြက္ ယခင္က တ႐ုတ္ႏိုင္ငံ၊ ဂြမ္ေဒါင္ရွိ ၁,၇၂၆ ေပ အရွည္ရွိ မွန္တံတားမွ စံခ်ိန္တင္ထားခဲ့သည္။

Source: CNN

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *