ပြည်တွင်းစက်သုံးဆီပြတ်လပ်မှုမရှိအောင်ဆောင်ရွက်နေသည်ဟုဆိုထားပေမယ့်လည်းစက်သုံးဆီများပြတ်လပ်မှုြဖစ်နေ၍ဆိုင်တစ်ချို့အရောင်းရပ်ထားရပြီး စျေးနှုန်းလည်းဆက်လက်မြင့်တက်နေဆဲဖြစ်

ပြည်တွင်းစက်သုံးဆီပြတ်လပ်မှုမရှိအောင်ဆောင်ရွက်နေသည်ဟုဆိုထားပေမယ့်လည်းစက်သုံးဆီများပြတ်လပ်မှုြဖစ်နေ၍ဆိုင်တစ်ချို့အရောင်းရပ်ထားရပြီး စျေးနှုန်းလည်းဆက်လက်မြင့်တက်နေဆဲဖြစ်

ရန်ကုန်မြို့ကစက်သုံးဆီဈေးဆိုင်တွေမှာ တစ်လီတာကို ကျပ် ၅၀ လောက်တစ်ရက်အတွင်းထပ်မံမြင့်တက်လာပြီးမေလတစ်လအတွင်းစက်သုံးဆီစျေးတွေဟာကော်မတီကထုတ်ပြန်ချက်မှာတင် တစ်လီတာကိုကျပ် ၃၀၀ နီးပါး မြင့်တက်လာနေပါတယ်။

ပြည်တွင်းစက်သုံးဆီစျေးနှုန်းမြင့်တက်မှုတွေကိုထိန်းနိုင်ဖို့အတွက် မေလ ၄ ရက်နေ့ကစပြီး စက်သုံးဆီတင်သွင်း၊သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကလက်လီ၊ လက်ကား ရည်ညွှန်းစျေးတွေကိုထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး အဲ့ဒီထုတ်ပြန်တဲ့ရည်ညွှန်းစျေးမှာတင်ကျပ် ၃၀၀ နီးပါးမြင့်တက်လာတာဖြစ်ပါတယ်။

အခုလို စက်သုံးဆီဈေးနှုန်းကြီးမြင့်ပြီး ဝယ်ယူရခက်တဲ့ပြဿနာကြောင့် ယာယီပိတ်ထားတဲ့ အရောင်းဆိုင်တွေလည်း များလာတယ်လို့ စက်သုံးဆီဈေးကွက်ကနေသိရပါတယ်။ပြည်တွင်းစက်သုံးဆီစျေးနှုန်းဖြစ်ပေါ်မှုတွေကို ကြည့်မယ်ဆိုရင် မေလ ၂၇ ရက်နေ့က 92 Ron ကို၂၁၂၅ ကျပ် နဲ့ 95 Ron ကို ၂၂၄၀ ကျပ် ရှိခဲ့တဲ့ဆီစျေးဟာ ၅ ရက်ကြာပြီးနောက် ဒီနေ့မှာဆိုရင် ၁၀၀ ကျပ်ထပ်တက်လာတာဖြစ်ပါတယ်။

ပြီးခဲ့မေလ ၁၉ ရက်နေ့ကဆိုရင် ရန်ကုန်စျေးကွက်အတွင်းစက်သုံးဆီကုမ္ပဏီတစ်ခုဆီလက်ကျန်ပြတ်နေပြီဆိုတဲ့ စာတစ်စောင် အွန်လိုင်းမှာပျံ့နှံ့ခဲ့ပြီးနောက် ဆီစျေးတွေဟာတစ်လီတာကို ငွေကျပ် ၂၄၀၀ နီးပါး မြင့်တက်ခဲ့ပြီးစက်သုံးဆီအသင်းဘက်ကပြည်တွင်းကိုသင်္ဘောကြီးတွေနဲ့စက်သုံးဆီအဆက်မပြတ်ဝင်နေတဲ့အတွက် စိုးရိမ်စရာမရှိကြောင်းထုတ်ပြန်ခဲ့ကာနောက်နေ့မှာတော့

စက်သုံးဆီစျေး အနည်းငယ်ခန့် ရက်ပိုင်းလောက်သာကျခဲ့ပေမယ့် လက်ရှိမှာတော့ ပြန်လည်မြင့်တက်လာနေတာဖြစ်ပါတယ်။အငှားယာဉ်မောင်းတစ်ဦးက “ကျနော် သွားထည့်ခဲ့တဲ့ ဆိုင်တွေဆိုရင်ဒီနေ့ မနက်ရိုးရိုးဒီဇယ်တမျိုးပဲအရောင်းဖွင့်တယ်။ကျန်တဲ့ဆီတွေကို အရောင်းပိတ်ထားတယ်ဗျ။တချို့ဆိုင်တွေကျလည်းလုံးဝအရောင်းရပ်ထားကြတယ်။

ရတဲ့ဆိုင်လေးတွေမှာတော့တန်းစီဝယ်နေကြတာပေါ့” ပြောပါတယ်။ဒီနေ့ မေ ၃၁ ရက်မှာ စက်သုံးဆီ အရောင်းဆိုင်တွေကထုတ်ပြန်တဲ့ဈေးနှုန်းအရရန်ကုန်ဈေးကွက်မှာ ၉၂ တစ်လီတာကို လက်လီဈေး ၂၂၂၅ ကျပ်၊ ၉၅ တစ်လီတာကို ၂၃၄၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၂၃၅၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၃၃၀ ကျပ်ထိရောက်ရှိနေပြီးတစ်ရက်အတွင်းတစ်လီတာကို ကျပ် ၅၀ ဈေးမြင့်တက်လာတာပါ။

ပြည်တွင်းမှာစက်သုံးဆီပြတ်လပ်မှုမရှိစေရေးနဲ့ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးဆောင်ရွက်နေတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကဆိုထားပေမယ့် လတ်တလောဈေးကွက်အတွင်းမှာတော့စက်သုံးဆီတွေ၀ယ်ရခက်ပြီးဈေးထပ်မံမြင့်တက်နေပါတယ်။

ပြီးခဲ့တဲ့သင်္ကြန်နောက်ပိုင်းကာလကလည်းနိုင်ငံတဝန်း စက်သုံးဆီဆိုင်တွေမှာပမာဏအကန့်အသတ်နဲ့ တန်းစီစောင့်ဆိုင်း၀ယ်ယူရတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ကမ္ဘာနိုင်ငံရေး အခြေအနေတွေအရလည်း နိုင်ငံတကာရေနံစိမ်းဈေးနှုန်းကနှစ်လအတွင်းအမြင့်ဆုံးကိုရောက်ရှိနေပါတယ်။

စက်သုံးဆီစျေးဖြစ်ပါ်မှု သတ်မှတ်စျေးတွေဟာ စာရွက်ပေါ်မှာပဲရှိတာဖြစ်ပြီး မြေပြင်မှာဆိုရင်ဆီစျေးနှုန်းမြင့်တက်မှုတွေနဲ့လိုသလောက်ဝယ်ယူလို့မရဘဲ အကန့်အသတ်နဲ့သာ၀ယ်ယူရနေရကာလက်လီဆိုင်သေးအများစုပိတ်ထားရတယ်လို့ ဆီဝယ်ယူသူတွေက ပြောကြားထားပါတယ်။

မြန်မာကျပ်ငွေ တန်ဖိုးထိုးကျပြီးကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကို အများပြည်သူကရင်စည်းခံနေရချိန် တရိပ်ရိပ်မြင့်တက်နေဆဲဖြစ်တဲ့လောင်စာဆီဈေးနဲ့ အထွေထွေကုန်ဈေးနှုန်းတွေကြောင့်အများပြည်သူရဲ့ စိုးရိမ်မှုဟာလည်း မြင့်တက်နေဆဲဖြစ်ပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *