ယခုလာမည့်ဇွန်လတွင် YBS ယာဥ်လိုင်း ၂ခု ထပ်တိုးပြေးဆွဲမည်

ယခုလာမည့်ဇွန်လတွင် YBS ယာဥ်လိုင်း ၂ခု ထပ်တိုးပြေးဆွဲမည်

ရန်ကုန်မြို့အတွင်းကျောင်းဖွင့်ရာသီအချိန်၌ YBS အမှတ် (၁၂၇)နှင့် အမှတ် (၁၂၈)ယာဉ်လိုင်းနှစ်ခုကို တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။

ယင်းသို့ တိုးချဲ့ပြေးဆွဲရခြင်းရည်ရွယ်ချက်သည်ရန်ကုန်မြို့အတွင်းကျောင်းသား/ကျောင်သူများနှင့် ခရီးသွားပြည်သူများအဆင်ပြေစွာသွားလာနိုင်ရန်ရည်ရွယ်ပြေးဆွဲပေးခြင်းဖြစ်ကြောင်းသိရသည်။“ ဒီဇွန်လထဲမှာ ပြေးဆွဲပါလိမ့်မယ်။ကျွန်တော်တို့ဘက်ကသူတို့ကိုခွင့်ပြုပြီးသားပါ။

ဘယ်နေ့မှာ စဆွဲနိုင်မလဲဆိုတာကိုတော့ကျွန်တော်တို့ဆီကိုအကြောင်းမပြန်သေးဘူး။ ယာဉ်စီးခပုံသေ ၂၀၀ ကျပ်ပါ။ YPS ကတ်နဲ့လည်း စီးလို့ရပါတယ်။” ဟုဆိုသည်။တိုးချဲ့ပြေးဆွဲပေးမည့် ယာဉ်လိုင်း ၂ လိုင်းသည် မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအဖွဲ့မှ အမှတ် ၁၂၇ ယာဉ်လိုင်းအတွက် ၁၀ စီးနှင့်

ဗန္ဓုလအများပိုင်ကုမ္ပဏီလီမိတက်မှ အမှတ် ၁၂၈ ယာဉ်လိုင်းအတွက် အစီးရေ ၃၀ တို့ဖြင့် အသီးသီး ပြေးဆွဲပေးသွားမည်ဟုဆိုသည်။မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအဖွဲ့မှပြေးဆွဲမည့် အမှတ် ၁၂၇ ယာဉ်လိုင်းသည် မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ၊ ဘုရင့်နောင်လမ်း၊ လေးထောင့်ကန်၊ စံပြစျေး၊

သံသုမာလမ်း၊ ဘေလီ၊ ပင်လုံလမ်း၊ ပြည်ထောင်စုလမ်း၊ ၇/၈ လမ်းဆုံ၊ ရာဇဓိရာဇ်လမ်း၊ ဘုန်းကြီးကျောင်းကွေ့၊မင်းရဲကျော်စွာလမ်း၊စိတ်ကျန်းမာရေးဆေးရုံ၊အမှတ်(၇)လမ်းမ၊ မစိုထိပ်၊ အမှတ်(၂)လမ်းမ၊လေးထောင့်ကန်၊ဘုရင့်နောင်လမ်း၊မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ(အဝိုင်းပတ်) ခရီးစဉ် အတိုင်း နေ့စဉ်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ထို့နည်းတူ ဗန္ဓုလအများပိုင် ကုမ္ပဏီလီမိတက်မှပြေးဆွဲမည့် အမှတ် ၁၂၈ ယာဉ်လိုင်းသည် ဒဂုံတက္ကသိုလ်မှသခင်မြပန်းခြံအထိပြေးဆွဲပေးသွားမည်ဖြစ်ပြီး၊ အဆိုပါ ယာဉ်လိုင်းခရီးစဉ်၏ အသွားအပြန်လမ်းကြောင်းများမှာ

ဒဂုံတက္ကသိုလ်၊ဘုန်းကြီးကျောင်းကွေ့၊ ၇/၈ လမ်းဆုံ၊ မဝတ လမ်းဆုံ၊ ဘေလီ၊ စံပြစျေး၊အသင်းတိုက်၊လမ်းဆုံ(မြင်းပြိုင်ကွင်း)၊ တာမွေအဝိုင်း၊ ရွှေဂုံတိုင်၊ အုတ်လမ်း၊ လင့်လမ်း၊ မြေနီကုန်း၊ ဟယ်ပင်၊ စိန်ဂျွန်း၊ ဗဟိုရ်စည်၊ သခင်မြပန်းခြံ ခရီးစဉ်အတိုင်း နေ့စဉ်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

Facebook Comments Box