တေးသီးချင်းများနားထောင်နိုင်တဲ့ JOOX Music App ကုမ္ပဏီမြန်မာနိုင်ငံကပြန်လည်ထွက်ခွာမည်

တေးသီချင်းများဝင်ရောက်နားထောင်နိုင်တဲ့ JOOX Music ဝန်ဆောင်မှု Application ကုမ္ပဏီအနေနဲ့ လာမယ့်ဇူလိုင်လ ၆က စတင်ပြီးတော့မြန်မာနိုင်ငံဈေးကွက်ကနေထွက်ခွာတော့မယ်လို့သိရပါတယ်။




လာမယ့်ဇူလိုင်လ၆ ရက်နေ့က စတင်ပြီးတော့ JOOX Music ကို မြန်မာနိုင်ငံမှရရှိနိုင်တော့မှာမဟုတ်ဘဲ သီချင်းတွေဝင်ရောက်နားထောင်လို့ရတော့မဟုတ်ဘူးလို့ JOOX Music ကထုတ်ပြန်ထားပါတယ်။JOOX Appမှာပြည်တွင်းကအဆိုတော်တွေရဲ့သီချင်းတွေနဲ့
ပြည်ပကနိုင်ငံတကာသီချင်းတွေအပါအဝင်သီချင်းပေါင်း ၄၅ သန်းကျော်ပါဝင်တဲ့ Appတစ်ခုဖြစ်တယ်လို့သိရပါတယ်။




JOOX ဟာအာရှမှာတော့လူသုံးများတဲ့ Music Streaming Application တစ်ခုဖြစ်ပြီးတော့ဟောင်ကောင်၊ မကာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့က ဝင်ရောက်အသုံးပြုနေတာဖြစ်တယ်လို့သိရပါတယ်။
JOOX ကို တရုတ်နည်းပညာကုမ္ပဏီဖြစ်တဲ့ Tencent က ပိုင်ဆိုင်တဲ့ App တစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။




Unicode
ေတးသီးခ်င္းမ်ားနားေထာင္ႏိုင္တဲ့ JOOX Music App ကုမၸဏီျမန္မာႏိုင္ငံကျပန္လည္ထြက္ခြာမည္

ေတးသီခ်င္းမ်ားဝင္ေရာက္နားေထာင္ႏိုင္တဲ့ JOOX Music ဝန္ေဆာင္မႈ Application ကုမၸဏီအေနနဲ႔ လာမယ့္ဇူလိုင္လ ၆က စတင္ၿပီးေတာ့ျမန္မာႏိုင္ငံေဈးကြက္ကေနထြက္ခြာေတာ့မယ္လို႔သိရပါတယ္။
လာမယ့္ဇူလိုင္လ၆ ရက္ေန႔က စတင္ၿပီးေတာ့ JOOX Music ကို ျမန္မာႏိုင္ငံမွရရွိႏိုင္ေတာ့မွာမဟုတ္ဘဲ သီခ်င္းေတြဝင္ေရာက္နားေထာင္လို႔ရေတာ့မဟုတ္ဘူးလို႔ JOOX Music ကထုတ္ျပန္ထားပါတယ္။JOOX Appမွာျပည္တြင္းကအဆိုေတာ္ေတြရဲ႕သီခ်င္းေတြနဲ႔
ျပည္ပကႏိုင္ငံတကာသီခ်င္းေတြအပါအဝင္သီခ်င္းေပါင္း ၄၅ သန္းေက်ာ္ပါဝင္တဲ့ Appတစ္ခုျဖစ္တယ္လို႔သိရပါတယ္။
JOOX ဟာအာရွမွာေတာ့လူသုံးမ်ားတဲ့ Music Streaming Application တစ္ခုျဖစ္ၿပီးေတာ့ေဟာင္ေကာင္၊ မကာအို၊ အင္ဒိုနီးရွား၊ မေလးရွား၊ ျမန္မာနဲ႔ ထိုင္းႏိုင္ငံတို႔က ဝင္ေရာက္အသုံးျပဳေနတာျဖစ္တယ္လို႔သိရပါတယ္။
JOOX ကို တ႐ုတ္နည္းပညာကုမၸဏီျဖစ္တဲ့ Tencent က ပိုင္ဆိုင္တဲ့ App တစ္ခုျဖစ္ၿပီး ၂၀၁၅ ခုႏွစ္မွာ စတင္မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။