လစာ ၁၄သိန်း ရနေလျက်နဲ့အလုပ်ကထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်မည့်တပည့်အတွက်ဆိုင်ပိုင်ရှင်မှဂုဏ်ပြုချီးမြှင့်ငွေသိန်း၁၀၀ပေးအပ်

လစာ ၁၄သိန်း ရနေလျက်နဲ့အလုပ်ကထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်မည့်တပည့်အတွက်ဆိုင်ပိုင်ရှင်မှဂုဏ်ပြုချီးမြှင့်ငွေသိန်း၁၀၀ပေးအပ်

လစာ ၁၄သိန်းရနေတာကိုအလုပ်ကထွက်ပြီး ကိုယ်ပိုင်ပန်းထိမ်ထောင်တော့မယ့် တပည့်အတွက် 29ရတနာဆိုင်ပိုင်ရှင်မှဂုဏ်ပြုချီးမြှင့်ငွေသိန်း100ချီးမြှင့်ခဲ့ပါတယ်။”လွန်ခဲ့တဲ့ 5 နှစ်ကျော်ကတအိမ်ဝင်တအိမ်ထွက်မြန်မာပြည်အနှံ့ စိန်ထည်တွေပတ်ရောင်းလာကတည်းက

ကိုယ်ပိုင်ပန်းထိမ်ထောင်မယ်ဆိုတဲ့ စိတ်ကူးနဲ့သင်တပည့်မွေးဖို့ ရေစကြိုကကလေးတွေ စခေါ်ဖြစ်ခဲ့တယ်ပေါ့..။ကိုယ်ခတ်တဲ့ စိန်ထည် ရွှေထည်တွေကိုရွှေရည်အပြည့်ရချင်စိတ်တစ်ခုတည်းနဲ့ပန်းထိမ်သာထောင်ချင်တာ တကယ်တော့ကျွန်တော်ကပန်းထိမ်မလုတ်တတ်ဖူးရယ်..။

အဲ့ဒီတော့ တခြားပန်းထိမ်ဖိုမှာသင်တန်းကြေးပေးစပေါ်ငွေပါစိုက်ပေးသင်တပည့်ကလေးတွေကိုနေရေးထိုင်ရေးစားရေးသွားရေးကအစအကုန်အကျခံသင်တန်းအပ်ပေးခဲ့ရတာကုန်ကျစရိတ်အားလုံးပေါင်းရရင်နည်းတာမဟုတ်ဘူး..။

အဲ့ဒီတော့ အရောင်းသမားသင်တပည့်ဆိုတမျိုး၊ပန်းထိမ်သင်တပည့်ဆိုတစ်မျိုး စာချုပ်စာတန်းနဲ့ ကိုသေချာလုပ်ဖြစ်ခဲ့တာ၊ဘာဖြစ်လို့လဲ ဆိုတော့ သူတို့တွေကို ကိုယ့်လိုဘဲအောင်မြင်စေချင်တယ်လေ။အဓိကစည်းကမ်းကဘာလဲဆိုတော့အရက်မသောက်ရ၊ကွမ်းမစားရ၊ဆေးလိပ်မသောက်ရ၊

ရည်းစားမထားရ၊ဖုန်းမသုံးရဆိုပီးလူငယ်တွေကိုလမ်းကြောင်းလွဲပျက်စီးစေတဲ့ဒီအချက်တွေကိုသေသေချာလေး Train ပေးဖြစ်ခဲ့တယ်။ဒီစည်းကမ်းကို ကလေးမိဘတွေက သဘောကျကျတယ် သူတို့ ကလေးတွေ မပျက်စီးဘူးပေါ့ ဒါပေမဲ့ ကိုယ့်မှာတော့ လူဆိုးထိန်းကြီးကို ဖြစ်လို့..။

စည်းကမ်းချိုးဖောက်လို့ မလိုက်နာနိင်လို့ ပြန်လွှတ်၊ပြန်သွားရတဲ့သူတချို့ရဲ့မိဘတွေကသူတို့သားသမီး အပြစ်မမြင်ဘဲကိုယ့်အပေါ်မကောင်းပြောဆိုအပြစ်တင်လက်ညှိုးထိုး ခံခဲ့ရတာတွေ ရှိသလိုကိုယ့်စည်းကမ်းထဲဘောင်ဝင်အောင်နေနိင်တဲ့သူတွေကျတော့လည်းရလာဒ်ကောင်းတွေနဲ့ပီတိဖြစ်ရတာတွေလည်းမနည်းဘူးပေါ့ဗျာ..။

ဒီအထဲမှာ အခုလိုအတန်းပညာအားဖြင့်3တန်းနဲ့ကျောင်းထွက်ကိုရင်ဝတ်ပြီး 16 နှစ်ကိုရင်ထွက်တော့မှ ကျွန်တော့်ဆီရောက်လာတဲ့ကိုရင်လူထွက်နိုင်လင်းတို့လို့တကယ်ရိုးသားကြိုးစားဘဝနာအောက်ခြေပါတဲ့ကလေးမျိုးကျကိုယ်မမွေးထားပေမဲ့ကိုယ်မွေးထားတဲ့သားသမီးလိုသံယောဇဉ်တွေကိုဖြစ်လို့

photo 29 ရတနာ

နေစားငြိမ်းလစာ 14 သိန်းလောက်ရနေတာကိုစာချုပ်5နှစ်ပြည့်ပြီဆိုတော့ကိုယ်ပိုင်ခွဲလုပ်ချင်တယ်ဆိုတော့ကိုယ့်မှာဝမ်းနည်းဝမ်းသာဖြစ်ရတာပေါ့ဗျာ…။ဝမ်းနည်းတာက ညာလက်ရုံး ပြုတ်သွားရုံမက ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲခွါရလို့..

ဝမ်းသာတာကတော့ ကျွန်တော်ဖြစ်စေချင်တဲ့ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ချင်တဲ့ သူ့ရဲ့ ဇွဲလုံ့လနဲ့ ကြိုးစားမှုတွေနဲ့ အောင်မြင်မယ်လို့မြင်လို့ပါ။အဲ့ဒီတော့ကိုယ့်တပည့်တွေထဲကကိုယ့်လိုအောင်မြင်တဲ့လုပ်ငန်းရှင် 3 ဦး အနည်းဆုံးမွေးထုတ်နိင်ရမယ်ဆိုတဲ့ကျွန်တော့်ရဲ့ရည်မှန်းချက်အရသူထွက်သွားပေမဲ့သူအောင်မြင်ဖို့ ကိုယ့်မှာတာဝန်မကင်းသေးဘူးလို့ကိုယ့်ဘာသာခံယူထားတာမို့

photo 29 ရတနာ

သူ့ကို ခွန်အားဖြစ်စေဖို့ ဒီ သိန်း ၁၀၀ ကို အစပြုပေးခဲ့တာပေါ့ဗျာ”နောက်ထပ်လည်း သူ့အတွက် လိုအပ်တဲ့ လူအား ၊လုပ်အား၊ငွေအား၊အကြံဥာဏ်တွေဆက်လက်ထောက်ပံ့ကူညီရင်းသစ်တပင်ကောင်းရင် ငှက်တစ်သောင်းနားနိင်ဆိုဖြစ်ဖို့အားဖြည့်ပေးနေမိမှာအမှန်ပါ”လို့

photo 29 ရတနာ

29 ရတနာဆိုင်ပိုင်ရှင်က သူ့ရဲ့လူမူ့ကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။စိတ်နှလုံးလှတဲ့ဆိုင်ပိုင်ရှင်မျိုးများများပေါ်ထွန်းနိုင်ပါစေ..ချစ်တဲ့စာဖတ်ပရိတ်သတ်ကြီးလည်း ဝမ်းသာပိတိများကူးစက်နိုင်ကြပါစေ…

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *