ပြည်တွင်းစျေးကွက်၌ စျေးကစားရန်ရည်ရွယ်ချက်ဖြင့်စားအုံးဆီသိုလှောင်ထားပါကအရေးယူမည်ဟုထုတ်ပြန်

ပြည်တွင်းစျေးကွက်၌ စျေးကစားရန်ရည်ရွယ်ချက်ဖြင့်စားအုံးဆီသိုလှောင်ထားပါကအရေးယူမည်ဟုထုတ်ပြန်

ပြည်တွင်းစားအုန်းဆီစျေးကွက်အတွင်းစားအုန်း ဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းနှင့်မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူသွားမည်ဟု

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။ထို့ပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှစားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ

ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးအားထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။အလားတူ စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့်မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့၌ ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများအားနေ့စဥ်စောင့်ကြည့်ကာသယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊

ဘဏ်စရိတ်များအခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ရမည့်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအားထုတ်ပြန်ပေးလျက်ရှိသည်ဟုထုတ်ပြန်ချက်တွင်ရေးသားထားသည်။ထို့ကြောင့်ယခုအပတ်တွင်ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌

စားအုန်းဆီ ဈေးနှုန်းများအနည်းငယ်မြင့်တက်လာကာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သည့် FOB ဈေးနှုန်းများ အပေါ်အခြေခံတွက်ချက်၍ မေ ၃၀ ရက်မှဇွန် ၅ ရက်အထိရန်ကုန်အထိုင်ဈေးအား အခြေခံလက် ကားရည်ညွှန်းဈေးနှုန်းအဖြစ်စားအုန်းဆီတစ်ပိ ဿာလျှင် ၅၇၂၅ ကျပ်အဖြစ်သတ်မှတ်ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။

“အပြင်မှာဝယ်ရတာတော့ စားအုန်းဆီက တစ်ပိဿာကို ၇၀၀၀ ကျော်လောက်ပေးဝယ်နေရတာပဲ အရင်ကထက်အများကြီးစျေးတက်သွားတယ်ပဲဆီဆိုရင်တော့ စျေးကအရင်ကထက် စျေးတွေတက်သွားပြီ တစ်ပိဿာကို ၁၃၀၀၀ လောက်ပေးဝယ်နေရတယ်”ဟုဒဂုံတောင်ပိုင်းနေအိမ်ရှင်မတစ်ဦးဖြစ်သည့် မဝင်းမာကပြောသည်။

အဆိုပါအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများအားစားသုံးသူရေးရာဦးစီးဌာန၏ Website: doca.gov.mm၊ Facebook Page နှင့်မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *