မိလ္လာရေမှထုတ်လုပ်တဲ့ဘီယာကိုစင်ကာပူအစိုးရမှရောင်းချ

မိလ္လာရေမှထုတ်လုပ်တဲ့ဘီယာကိုစင်ကာပူအစိုးရမှရောင်းချ

ရေရှားပါးမှုသက်သာစေဖို့အတွက်မိလ္လာရေမှ ထုတ်လုပ်တဲ့ဘီယာကိုရောင်းချဖို့အတွက်စင်ကာပူအစိုးရထုတ်လုပ်ခဲ့ပါတယ်။ဘီယာဟာ ကမ္ဘာပေါ်မှာ လူအကြိုက်အများဆုံးအရက်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

ဘီယာအတွက်ရေများစွာပါဝင်ပြီး ဘီယာမှာ ၉၀ရာခိုင်နှုန်းလောက်ကရေဖြစ်ပါတယ်။ဒီအတွက်ကြောင့် လိုအပ်တဲ့ရေအတွက်စင်ကာပူအမျိုးသားရေအေဂျင်စီကနိုင်ငံ၏ရေရှားပါးမှုပြဿနာကိုသတိပြုမိစေဖို့ မိလ္လာရေကနေစစ်ထုတ်သန့်စင်ထားတဲ့ရေကိုအသုံးပြုထုတ်လုပ်ထားတဲ့ ဘီယာအသစ်ကိုမိတ်ဆက်ခဲ့ပါတယ်။

မိတ်ဆက်သတင်းရဲ့ဖော်ပြချက်အရ စင်ကာပူရဲ့အစိမ်းဆုံးဘီယာတွေထဲကတစ်ခုလို့အခိုင်အမာဆိုထားတဲ့ New Brew လို့ခေါ်ဆိုတဲ့အရက်အဖျော်ယမကာအညွှန်းဟာနိုင်ငံရဲ့ရေပေးဝေမှုကနေ စုပ်ယူပြီး တင်းကျပ်တဲ့စစ်ဆေးမှုနဲ့ စစ်ထုတ်ထားတဲ့မိလ္လာရေကို အသုံးပြုထားတာလို့သိရပါတယ်။

New Brew ကိုထုတ်လုပ်တဲ့ရည်ရွယ်ချက်မှာ ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာမှာရေရှားပါးမှု အန္တာရာယ်ဖြစ်ပေါ်တာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက်နဲ့ အဖိုးတန်သောက်ရေကိုလုံခြုံစွာထိန်းသိမ်းထားဖို့ နည်းလမ်းတစ်ခုအနေနဲ့ မိလ္လာရေကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။

ဘီယာကို ရေ ၉၀ မှ ၉၅ ရာခိုင်နှုန်းနှင့် ပြုလုပ်ထားပြီးတော့ချက်နည်းအဆင့်အဆင့်မှာအသုံးပြုထားပါတယ်။ဘီယာတစ်ဂါလံထုတ်လုပ်ရာမှာ ပျမ်းမျှရေ ၇ ဂါလံအသုံးပြုထားတယ်လို့သိရပါတယ်။ဘီယာမှာအဓိကပါဝင်ပစ္စည်းတွေအနေနဲ့

ညစ်ညမ်းရေကနေထုတ်ယူထားပြီး သန့်စင်ထားတဲ့အရေဖြစ်တဲ့ new water ဖြစ်ပြီး စားသုံးဖို့မထုတ်လုပ်မီ စမ်းသပ်စစ်ဆေးပြီးနောက် စိတ်ချလက်ချသောက်သုံးနိုင်ပါတယ်။ New water ကို စင်ကာပူမှာ နှစ်၂၀ခန်အသုံးပြုခဲ့ပြီး

မိုက်ခရိုချိစ်ထုတ်လုပ်တဲ့စက်ရုံတွေနဲ့အအေးခံစနစ်တွေတည်ဆောက်ခြင်းအတွက် အဓိကအသုံးပြုပါတယ်။ဘီယာထုတ်လုပ်မှုမှာ ဂျာမန်မုရောစပါးနှင့်နောဝေးတံဆိပ်နဲ့အစရှိသဖြင့်တင်သွင်းလာတဲ့ ပါဝင်ပစ္စည်းတွေကိုလည်းအသုံးပြုထားပါတယ်။

ဘီဘီစီအင်တာဗျူးတစ်ခုမှာ စင်ကာပူရဲ့ ဘီယာချက်စက်ရုံ Brewerkz ဖောက်သည်တွေမှာ ဘီယာရဲ့ပါဝင်ပစ္စည်းအရင်းအမြစ်ကိုစူးစမ်းခြင်း ပူပန်ခြင်းရှိတဲ့ မရှိဘူးလို့လလည်း သတင်းဌာနတွေကရေးသားထားပါတယ်။

New water နဲ့ပြုလုပ်ထားတာကို သိရှိပြီးတဲ့နောက် စိတ်ပြောင်းသွားသလားဆိုတဲ့မေးခွန်းကို တစ်ခြားဖောက်သည်တစ်ဦးက “ပခုံးတွန့်လိုက်ပြီး မဟုတ်ပါဘူး ဒါကအရည်ကောင်းဖြစ်တုန်းပါပဲ။ ဘီယာက အကုန်လုံးကောင်းတဲ့အရည်ပါပဲ”လိုဆိုပါတယ်။

photo crd

အဆိုပါဘီယာကို နိုင်ငံအတွင်းရှိဆိုင်တွေနဲ့ အရက်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်တယ်လို့လဲသိရပါတယ်။ အသစ်ပြန်လည်အသုံးပြုထားတဲ့ရေဆိုးတွေဟာယခုအခါ စင်ကာပူနိုင်ငံ၏ရေလိုအပ်ချက်ရဲ့ ၄၀ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးနိုင်ပြီး

၂၀၆၀မှာ ၅၅ရာခိုင်နှုန်းအထိတိုးလာမယ်လို့ခန့်မှန်းထားကြောင်း နိုင်ငံ၏ ရေအေဂျင်စီကဆိုပါတယ်။ဒါအပြင် သောက်သုံးရေထောက်ပံ့မှုကိုလည်း မြှင့်တင်ပေးရာခြောက်သွေ့တဲ့ရာသီမှာလူလုပ်ရေလှောင်ကန်တွေအများအပြားစီဖြည့်တင်းပြီးလူတွေအသုံးပြုတဲ့ပိုက်ခေါင်းတွေစီ ပို့ဆောင်စီးဆင်းစေမယ်လို့သိရပါတယ်။

photo crd
Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *