ယာဥ်စည်းကမ်းဖောက်ဖျက်ပြီး မီးနီဖြတ်မောင်းတဲ့ယာဥ်များအား ထိန်းချူပ်အရေးယူမည်

ယာဉ်စည်းကမ်းဖောက်ဖျက်ကာ မီးပွိုင့်တွေမှာမီးနီဖြတ်မောင်းတဲ့ယာဉ်မောင်းသူတွေကိုထိန်းချုပ်၊ မှတ်တမ်းတင်ကာပညာပေး အရေးယူမူတွေပြုလုပ်သွားတော့မည်ဖြစ်ကြောင်း အဆိုပါစီမံချက်ဆောင်ရွက်နေတဲ့ရန်ကုန်မြို့တော်စည်ပင်ကော်မတီကသိရပါတယ်။




စည်းကမ်းဖောက်ဖျက်တဲ့မော်တော်ယာဉ်မောင်းနှင်သူတွေကိုအရေးယူတဲ့ စီမံချက်ကို ရန်ကုန်မြို့တော်စည်ပင်ကော်မတီကဦးစီးပြီးထိန်းချုပ်၊မှတ်တမ်းတင်ကာမီးနီဖြတ်မောင်းတဲ့ စည်းကမ်းမဲ့ကားတွေကို မြေပြင်အဖွဲ့တွေထံအကြောင်းကြားခြင်း၊မြေပြင်အဖွဲ့တွေကနေတားဆီး၊ပညာပေး၊အရေးယူခြင်းတွေကို လုပ်ဆောင်နေတာဖြစ်ပြီး




အစည်းကမ်းမဲ့မောင်းနှင်တဲ့ကားတွေအပေါ်အရေးယူမှုတွေကိုရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန၊လမ်းနှင့်တံတားကဝန်ထမ်းတွေ၊ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေနဲ့၊လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပူးပေါင်း စောင့်ကြည့်ပြီးအရေးယူဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
ယာဉ်ပိုင်ရှင်နဲ့ ယာဉ်မောင်းသူတွေအနေနဲ့စည်းကမ်းဖောက်ဖျက်မှုတွေတွေ့ရှိပါကအချိန်မီသိရှိနိုင်ဖို့အတွက် Mobile Application, Website နဲ့ Online Page တွေ၊သတင်းစာ၊ရေဒီယိုနဲ့ TV တို့မှာ ထုတ်လွှင့်သွားမယ်လို့သိရပါတယ်။




ရန်ကုန်မှာပြီးခဲ့တဲ့ဧပြီတစ်လတာကာလအတွင်းမှာလည်းစည်းကမ်းမဲ့ယာဉ်မောင်နှင်မှုတွေကြောင့် ယာဉ်တိုက်မှုဖြစ်စဉ်၈၆ခုဖြစ်ပွားခဲ့ကာ၄၃ဦးကျော်သေဆုံးပြီး ၉၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ ကနေသိရပါတယ်။
အထက်ပါမတော်တဆဖြစ်ရပ်များကြောင့်ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်းမှာ ကားတွေကို စည်းကမ်းတကျ မောင်းနှင်ဖို့နဲ့၊မတော်တဆမှုတွေကိုလျော့နည်းသွားစေဖို့ရည်ရွယ်ပြီးအသိပညာပေးမှုတွေကိုတိုးမြှင့် လုပ်ဆောင်သွားဖို့ဆောင်ရွက်မယ်လို့ ဆိုပါတယ်။




ရန်ကုန်မြို့တွင်းမှာ မောင်းနှင်သွားလာနေတဲ့ ကိုယ်ပိုင်ကားတွေ ၊အငှားကားတွေနဲ့ ခရီးသည်တင် YBS ကားတွေဟာ မီးပွိုင့်တွေမှာမီးနီဖြတ်မောင်းမှုတွေရှိနေတာကြောင့် တား ဆီး၊ ပညာပေး၊အရေးယူမှုတွေကိုလည်း ပူးပေါင်းအဖွဲ့ဝင်တွေကလက်ရှိမှာ ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။