တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်မည့်ရက်အားသတ်မှတ်ကြေညာ

၂၀၂၂ ခုနှစ်ရဲ့တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကိုလာမယ့် ဇွန်လ ၁၂ ရက်နေ့မှာထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနဆီကသိရပါတယ်။အွန်လိုင်းကတဆင့်ကြည့်လိုသူတွေအနေနဲ့




မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ဝက်ဘ်ဆိုက်ဖြစ်တဲ့ myanmarexam.org ကနေလည်း ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ ကြေညာထားပြီး ဝင်ရောက်ကြည့်ရှုလိုသူတွေအနေနဲ့ အောင်စာရင်းကြေညာတဲ့နေ့မှာ သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်အလိုက်၊ မြို့နယ်အလိုက်ဝင်ရောက်ကြည့်ရှုရမှာလို့ အသိပေးထားပါတယ်။




၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစာဖြေလွှာတွေကိုပြီးခဲ့တဲ့မေလပထမအပတ်အတွင်းကစစ်ဆေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုဟာပြီးခဲ့တဲ့ ဧပြီလ ၉ ရက်မှာ ပြီးစီးခဲ့တာဖြစ်ပြီး
စာစစ်ဌာနပေါင်း ၁,၂၅၆ ခုမှာ ကျောင်းတွင်းဖြေဆိုသူနဲ့ အလွတ်ဖြေဆိုသူ စုစုပေါင်း သုံးသိန်းကျော် ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။




အဲ့ဒီနှစ်မတိုင်မီ စာသင်နှစ်ကတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူအရေအတွက်ဟာဆယ်သိန်းနီးပါးလောက်ရှိခဲ့ပြီးလက်ထက်မှာဝင်ရောက်ဖြေဆိုသူအရေအတွက်ကျဆင်းသွားခဲ့တာပဲဖြစ်ပါတယ်။
unicode
