ဆိုင်ကယ်မစီးရအမိန့်ထုတ်ပြန်ထားလို့ သွားရေးလာရေးအခက်အခဲဖြစ်နေတဲ့ဒလမြို့နယ်မှ ဒေသခံမျာ

ရန်ကုန်တစ်ဖက်ကမ်းဒလမြို့နယ်မှာ ဆိုင်ကယ်မစီးရအမိန့်ကို ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။မနေ့ကညပိုင်းကဆိုင်ကယ်မစီးရအမိန့်ထုတ်ပြန်လိုက်ကြောင်းကိုဒလမြို့နယ်အတွင်းမှာရှိတဲ့ရပ်ကွက်တွေဆီလုံခြုံရေးအဖွဲ့ဝင်တွေကလိုက်လံကြေညာခဲ့ပါတယ်။




ရက်အကန့်အသတ်မရှိ ဆိုင်ကယ်စီးနင်းခွင့် မရှိတော့ဘူးလို့ ကြေညာသွားတာဖြစ်ပြီး မြို့ခံတွေအနေနဲ့ သွားရေးလာရေးမှာ အခက်အခဲတွေရှိတယ်လို့ ဒလမြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။ဆိုင်ကယ်တွေအပြင်သုံးဘီးဆိုင်ကယ်တွေကိုပါဖမ်းဆီးမယ်လို့သတင်းတွေထွက်ပေါ်နေကြောင်းသိရှိရပါတယ်။




“ဒီမှာက ဆိုင်ကယ်တွေနဲ့ပဲ အဓိကသွားလာနေတော့အခက်အခဲတွေဖြစ်တယ်။တွဲတွေ၊သုံးဘီးတွေလည်း ဖမ်းမယ်ဆိုပြီးပြောနေတော့အပြင်မထွက်ရဲကြဘူး” လို့ ဒလမြို့မှာနေထိုင်သူကပြောပါတယ်။
