မန္တလေးမြို့တွင်စက်သုံးဆီများတန်းစီစောင့်ဝယ်နေရသလို အပြင််ဆိုင်များတွင် တစ်လီတာကို ပေါက်စျေးထက် ၇၀၀/၈၀၀ ပိုပေးပြီးဝယ်နေရ

မန္တလေးမြို့တွင်စက်သုံးဆီများတန်းစီစောင့်ဝယ်နေရသလို အပြင််ဆိုင်များတွင် တစ်လီတာကို ပေါက်စျေးထက် ၇၀၀/၈၀၀ ပိုပေးပြီးဝယ်နေရ

မန္တလေးမြို့ပေါ်က ဆီဆိုင်ကြီးတွေမှာ ဒီနေ့ မေ ၂၆ ရက်နေ့က ကားနဲ့ ဆိုင်ကယ်မောင်းနှင်သူတွေ ဆီဖြည့်ရာမှာအချိန်အကြာကြီး တန်းစီစောင့်ရတဲ့အခြေအနေတစ်ခုဖြစ်ပေါ်လာခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အပြင်ကဆိုင်တွေမှာလောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာတာမျိုးကိုကြုံနေရကြောင်း မန္တလေးမြို့ခံတွေက ပြောပြပါတယ်။

DENKO၊ ဘီအိုစီ၊ ငွေဗျိုင်းဖြူ စတဲ့ကုမ္ပဏီဆီဆိုင်ကြီးတွေမှာတော့ ဓာတ်ဆီဈေး ဈေးသက်သာပြီး တစ်လီတာ ၂,၂၅၀ ကျပ်နဲ့ ရောင်းချပေးနေတယ်လို့ မန္တလေးမြို့ခံတွေကအသိပေးပါတယ်။လက်ရှိမှာ စက်သုံးဆီဆိုင်တွေကပုံးနဲ့မရောင်းပေးတော့ဘဲ

ကားနဲ့ ဆိုင်ကယ်ကိုတော့လိုသလောက်အပြည့်ရောင်းပေးနေဆဲဖြစ်တယ်လို့သိရှိရပါတယ်။ပုံးတွေနဲ့ ဝယ်ပြီး အပိုသိမ်းထားလို့ မရတော့တာက ဆီဖြည့်ချင်ရင် ဆီဆိုင်တွေရှေ့မှာ တန်းစီစောင့်ဆိုင်းရတဲ့အခြေအနေဆိုးကို ဖြစ်ပေါ်စေပြီး

တစ်ခါတန်းစီရင်နာရီဝက်လောက်စောင့်ပြီးမှဆီဖြည့်ခွင့်ရတယ်လို့ မန္တလေးမြို့ခံတွေကရှင်းပြပါတယ်။မန္တလေးမြို့ပေါ်မှာလောင်စာဆီ မှောင်ခိုဈေးကွက် ရှိနေပြီးပေါက်ဈေးထက်ဈေးပိုပေးကာဝယ်ယူသုံးစွဲရတာမျိုးတွေရှိနေပြီလို့လည်းသိရှိရပါတယ်။

အပြင်က မှောင်ခိုဈေးကွက်တွေမှာ တစ်လီတာကို ကျပ် ၇၀၀ နဲ့ ၈၀၀ လောက်ပိုပေးပြီးဝယ်သုံးနေရတယ်လို့မန္တလေးမြို့ခံတွေက ပြောပြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက လောင်စာဆီပြတ်လပ်တာမျိုး မရှိဘူးလို့ စစ်ကောင်စီဘက်က ထုတ်ဖော်ပြောဆိုခဲ့ပေမယ့်

ဒီနေ့အထိ လောင်စာဆီဈေးနှုန်း မြင့်တက်နေပြီး ဝယ်ယူရာမှာ ခက်ခဲနေဆဲပဲလို့ ဆီဝယ်ယူသူတွေက အသိပေးထားပါတယ်။

Unicode

မႏၲေလးၿမိဳ႕တြင္စက္သုံးဆီမ်ားတန္းစီေစာင့္ဝယ္ေနရသလို အျပင္္ဆိုင္မ်ားတြင္ တစ္လီတာကို ေပါက္ေစ်းထက္ ၇၀၀/၈၀၀ ပိုေပးၿပီးဝယ္ေနရ

မႏၲေလးၿမိဳ႕ေပၚက ဆီဆိုင္ႀကီးေတြမွာ ဒီေန႔ ေမ ၂၆ ရက္ေန႔က ကားနဲ႔ ဆိုင္ကယ္ေမာင္းႏွင္သူေတြ ဆီျဖည့္ရာမွာအခ်ိန္အၾကာႀကီး တန္းစီေစာင့္ရတဲ့အေျခအေနတစ္ခုျဖစ္ေပၚလာခဲ့တယ္လို႔သိရပါတယ္။ဒါ့အျပင္အျပင္ကဆိုင္ေတြမွာေလာင္စာဆီေဈးႏႈန္းေတြ ျမင့္တက္လာတာမ်ိဳးကိုႀကဳံေနရေၾကာင္း မႏၲေလးၿမိဳ႕ခံေတြက ေျပာျပပါတယ္။

DENKO၊ ဘီအိုစီ၊ ေငြဗ်ိဳင္းျဖဴ စတဲ့ကုမၸဏီဆီဆိုင္ႀကီးေတြမွာေတာ့ ဓာတ္ဆီေဈး ေဈးသက္သာၿပီး တစ္လီတာ ၂,၂၅၀ က်ပ္နဲ႔ ေရာင္းခ်ေပးေနတယ္လို႔ မႏၲေလးၿမိဳ႕ခံေတြကအသိေပးပါတယ္။လက္ရွိမွာ စက္သုံးဆီဆိုင္ေတြကပုံးနဲ႔မေရာင္းေပးေတာ့ဘဲ

ကားနဲ႔ ဆိုင္ကယ္ကိုေတာ့လိုသေလာက္အျပည့္ေရာင္းေပးေနဆဲျဖစ္တယ္လို႔သိရွိရပါတယ္။ပုံးေတြနဲ႔ ဝယ္ၿပီး အပိုသိမ္းထားလို႔ မရေတာ့တာက ဆီျဖည့္ခ်င္ရင္ ဆီဆိုင္ေတြေရွ႕မွာ တန္းစီေစာင့္ဆိုင္းရတဲ့အေျခအေနဆိုးကို ျဖစ္ေပၚေစၿပီး

တစ္ခါတန္းစီရင္နာရီဝက္ေလာက္ေစာင့္ၿပီးမွဆီျဖည့္ခြင့္ရတယ္လို႔ မႏၲေလးၿမိဳ႕ခံေတြကရွင္းျပပါတယ္။မႏၲေလးၿမိဳ႕ေပၚမွာေလာင္စာဆီ ေမွာင္ခိုေဈးကြက္ ရွိေနၿပီးေပါက္ေဈးထက္ေဈးပိုေပးကာဝယ္ယူသုံးစြဲရတာမ်ိဳးေတြရွိေနၿပီလို႔လည္းသိရွိရပါတယ္။

အျပင္က ေမွာင္ခိုေဈးကြက္ေတြမွာ တစ္လီတာကို က်ပ္ ၇၀၀ နဲ႔ ၈၀၀ ေလာက္ပိုေပးၿပီးဝယ္သုံးေနရတယ္လို႔မႏၲေလးၿမိဳ႕ခံေတြက ေျပာျပပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းက ေလာင္စာဆီျပတ္လပ္တာမ်ိဳး မရွိဘူးလို႔ စစ္ေကာင္စီဘက္က ထုတ္ေဖာ္ေျပာဆိုခဲ့ေပမယ့္

ဒီေန႔အထိ ေလာင္စာဆီေဈးႏႈန္း ျမင့္တက္ေနၿပီး ဝယ္ယူရာမွာ ခက္ခဲေနဆဲပဲလို႔ ဆီဝယ္ယူသူေတြက အသိေပးထားပါတယ္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *