ရန်ကုန်မှာ လျှပ်စစ်ဓါတ်အား ညပိုင်းအချိန်တိုးမြှင့်ပေးမယ်လို့ YESC ပြော

ရန်ကုန်တိုင်းမှာလျှပ်စစ်မီး ညပိုင်းဖြန့်ဝေတဲ့အချိန်ကိုယခင်ထက်တိုးမြှင့်ပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)ကပြောပါတယ်။လက်ရှိကာလမှာမိုးရွာလာတဲ့အတွက်




လျှပ်စစ်မီး ၂၀၀ မဂ္ဂါဝပ်လောက် ထပ်တိုးရနေတာကြောင့်ရန်ကုန်တိုင်းမှာ ညပိုင်း ၈ နာရီကနေ နောက်နေ့ မနက် ၈ နာရီအထိတောက်လျှောက်ပေးဖို့ စီစဉ်နေတာဖြစ်တယ်လို့ YESC တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
အဲ့ဒီလိုတိုးမြှင့်ပေးမှုကလည်း လူနေရပ်ကွက်တွေအတွက်သာ လတ်တလော ရရှိမှာဖြစ်ပြီး မီးဆွဲအားပိုများတဲ့ စက်မှုဇုန်တွေ မပါဝင်သေးဘူးလို့ ပြောပါတယ်။အဲ့ဒီလိုမျိုး ညပိုင်းလျှပ်စစ်မီး အချိန်တိုးပေးဖို့ မနေ့ (မေလ ၂၅ ရက်နေ့) ကစတင်စမ်းသပ် ဖြန့်ဝေတာတွေ လုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။




လက်ရှိမှာ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးပေးဝေနေမှုဟာမကြာခဏပြတ်တောက်နေပြီးအချိန်ပိုင်းတွေနဲ့သာ ပေးနေတာဖြစ်ပါတယ်။
Unicode
ရန္ကုန္မွာ လွ်ပ္စစ္ဓါတ္အား ညပိုင္းအခ်ိန္တိုးျမႇင့္ေပးမယ္လို႔ YESC ေျပာ

ရန္ကုန္တိုင္းမွာလွ်ပ္စစ္မီး ညပိုင္းျဖန႔္ေဝတဲ့အခ်ိန္ကိုယခင္ထက္တိုးျမႇင့္ေပးသြားမွာျဖစ္တယ္လို႔ ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း (YESC)ကေျပာပါတယ္။လက္ရွိကာလမွာမိုး႐ြာလာတဲ့အတြက္
လွ်ပ္စစ္မီး ၂၀၀ မဂၢါဝပ္ေလာက္ ထပ္တိုးရေနတာေၾကာင့္ရန္ကုန္တိုင္းမွာ ညပိုင္း ၈ နာရီကေန ေနာက္ေန႔ မနက္ ၈ နာရီအထိေတာက္ေလွ်ာက္ေပးဖို႔ စီစဥ္ေနတာျဖစ္တယ္လို႔ YESC တာဝန္ရွိသူတစ္ေယာက္ကေျပာပါတယ္။
အဲ့ဒီလိုတိုးျမႇင့္ေပးမႈကလည္း လူေနရပ္ကြက္ေတြအတြက္သာ လတ္တေလာ ရရွိမွာျဖစ္ၿပီး မီးဆြဲအားပိုမ်ားတဲ့ စက္မႈဇုန္ေတြ မပါဝင္ေသးဘူးလို႔ ေျပာပါတယ္။အဲ့ဒီလိုမ်ိဳး ညပိုင္းလွ်ပ္စစ္မီး အခ်ိန္တိုးေပးဖို႔ မေန႔ (ေမလ ၂၅ ရက္ေန႔) ကစတင္စမ္းသပ္ ျဖန႔္ေဝတာေတြ လုပ္ခဲ့တယ္လို႔ အသိေပးထားပါတယ္။
လက္ရွိမွာ ရန္ကုန္တိုင္းအတြင္း လွ်ပ္စစ္မီးေပးေဝေနမႈဟာမၾကာခဏျပတ္ေတာက္ေနၿပီးအခ်ိန္ပိုင္းေတြနဲ႔သာ ေပးေနတာျဖစ္ပါတယ္။